အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မရှင်ဒုဥက္ကဋ္ဌ Mr. Ning Jizhe ဦးဆောင်သည့် အဖွဲ့ဝင်ရှစ်ဦးပါ ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့တွင် နေပြည် တော်၌ လက်ခံတွေ့ဆုံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ အရ နှစ်ဖက်ပြည်သူများအတွက် ဆောလျင်စွာ အကျိုးဖြစ်ထွန်းစေ နိုင်မည့် စီမံကိန်းများ အကောင်အ ထည်ဖော်နိုင်ရေး ရှေ့လုပ်ငန်း အစီအစဉ်များ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း၊ အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဆိုပါ စီမံကိန်းများ ကို အကောင်အထည်ဖော်ရာ၌ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်း (MSDP) ၏ လုပ်ငန်းအစီအစဉ်များ၊ ဦးစား ပေးအစီအစဉ်များနှင့် လျော်ညီ စွာ ဆောင်ရွက်ရန်၊ နှစ်ဖက်ပြည် သူများ၏ ရေရှည်အကျိုးစီးပွားအ တွက် အထောက်အကူဖြစ်စေရန် နှင့် ပြည်တွင်းလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ စနစ်တကျ တိကျမှန်ကန်စွာ ညှိနှိုင်းဆောင် ရွက်ရန် လိုအပ်ကြောင်း ထည့် သွင်းဆွေးနွေးခဲ့သည်ဟု ထုတ် ပြန်ချက်၌ ပါရှိသည်။
အထက်ပါ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းထံ သွားရောက်တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုဝန်ကြီး ဦးဆက်အောင်၊ ပို့ ဆောင်ဆက်သွယ်ရေး ဒုဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဒုဝန်ကြီး ဦးထူးအောင်၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဦးစိုးသိန်း၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသ တင်းဌာနက ဖော်ပြသည်။
မြန်မာ - တရုတ်စီးပွားရေး စင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင် ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၈ စက်တင်ဘာ ၉ ရက်တွင် ဘေဂျင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ သည်။
=======================
251 / End
ဒေါ်အောင်ဆန်းစုကြည် တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုဥက္ကဋ္ဌကို လက်ခံတွေ့ဆုံ မြန်မာ-တရုတ် စင်္ကြံ
၂၇ နိုဝင်ဘာ ၂၀၁၈ - ၁၈:၀၁
News ID: 918475
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မရှင်ဒုဥက္ကဋ္ဌ Mr. Ning Jizhe ဦးဆောင်သည့် အဖွဲ့ဝင်ရှစ်ဦးပါ ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့တွင် နေပြည် တော်၌ လက်ခံတွေ့ဆုံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။