၂၉ နိုဝင်ဘာ ၂၀၁၈ - ၁၆:၃၄
ရှမ်းလက်နက်ကိုင်နှင့် ပါတီများဖြင့် ဖွဲ့ထားသော CSSU အစည်းအဝေးခေါ်ယူရန် အခက်အခဲများရှိနေဟု SNDP ပြော

ရှမ်းလက်ကိုင်အဖွဲ့နှင့် ရှမ်းနိုင်ငံရေးပါတီများ စုပေါင်း ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီ ညွတ်ရေးကော်မတီ (CSSU) အ စည်းအဝေးခေါ်ယူရန် အခက်အ ခဲများ ရှိနေဆဲဖြစ်ကြောင်း CSSU အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသည့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP)ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင် က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်းလက်ကိုင်အဖွဲ့နှင့် ရှမ်းနိုင်ငံရေးပါတီများ စုပေါင်း ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီ ညွတ်ရေးကော်မတီ (CSSU) အ စည်းအဝေးခေါ်ယူရန် အခက်အ ခဲများ ရှိနေဆဲဖြစ်ကြောင်း CSSU အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသည့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP)ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင် က ပြောသည်။

ရှမ်းလက်နက်ကိုင်အဖွဲ့များ ဖြစ်သော RCSS နှင့် SSPP၊ ရှမ်းနိုင်ငံရေးပါတီများဖြစ်သော SNDP နှင့် SNLD တို့ ပါဝင် ဖွဲ့စည်းထားသည့် CSSU အလှည့်ကျဥက္ကဋ္ဌမှာ SNDP ဥက္ကဋ္ဌ ဦးစိုင်း အိုက်ပေါင်းဖြစ်သည်။ လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူချိန် ၁၀ လခန့်ရှိ ပြီဖြစ်သော်လည်း CSSU ၏ ပုံမှန် ပြုလုပ်ရမည့် အစည်းအဝေးများ မကျင်းပနိုင်သေးပေ။

‘‘အခက်အခဲတွေကတော့ အစိုးရက တားတာရော၊တပ်ဘက် ကရော၊ နောက် ကျွန်တော်တို့ အဖွဲ့အစည်းတွေ အချင်းချင်းအ ကြားမှာရော စိန်ခေါ်မှုတွေ၊ အ ခက်အခဲတွေက ရှိနေပါတယ်။ အဲဒီလိုဟာတွေ ကျော်လွှားပြီး ဆောင်ရွက်နိုင်ဖို့ နည်းလမ်းရှာပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်’’ဟု CSSU အတွင်းရေးမှူးလည်းဖြစ် သူ ဦးစိုင်းဘိုးအောင်က ပြော သည်။

ဦးစိုင်းအိုက်ပေါင်းဥက္ကဋ္ဌ တာဝန်ယူပြီးနောက် CSSU အ စည်းအဝေးကို စက်တင်ဘာလ ဆန်းပိုင်းက တောင်ကြီးမြို့၌ ပြုလုပ်ရန် အစိုးရထံ တင်ပြသော် လည်း ခွင့်မပြု၍ အစည်းအဝေးကို ရွှေ့ဆိုင်းထားသည်။

ယခင်ကလည်း တရားဝင် လုပ်ခွင့်မပေးခဲ့သည့်တိုင် ပုံမှန် အစည်းအဝေးများနှင့် လေးလ ပတ်အစည်းအဝေးများ ခေါ်ယူနိုင် ခဲ့သည်ဟု CSSU အတွင်းရေးမှူး SNLD ကိုယ်စားလှယ် ဦးစိုင်း ကျော်ညွန့်က ပြောသည်။

‘‘အလှည့်ကျဥက္ကဋ္ဌ ပုံစံနဲ့ သွားတဲ့အခါ ဦးဆောင်နိုင်တဲ့ အလှည့်ရောက်ရင် အလုပ်တွင် တယ်။ ဒါပေမဲ့ ဦးဆောင်မှုအား နည်းနည်းလျော့ပြီဆိုတာနဲ့ အဖွဲ့ အစည်းလှုပ်ရှားမှုတွေ တန့်သလို ဖြစ်သွားတယ်’’ဟု ၎င်းက ဆို သည်။

ဦးဆောင်သူအနေဖြင့် အ ခက်အခဲမည်သို့ရှိစေကာမူ CSSUလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မဖြစ်ဖြစ်သည့်နည်းဖြင့် ဦးဆောင် လုပ်ကိုင်၍ရကြောင်း၊ အလှည့် ကျဥက္ကဋ္ဌပုံစံဖြင့် အဖွဲ့အစည်း ဦးဆောင်မှု ရယူဆောင်ရွက်ခြင်း အပေါ် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ဦးစိုင်းကျော်ညွန့် က ပြောသည်။

CSSU ၏ ယခင် အလှည့်ကျ ဥက္ကဋ္ဌများမှာ RCSS ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး ယွက်ဆစ်၊ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့ဖြစ်သည်။ SNLD  နှင့် SSPP တို့သည် CSSU တွင် ပါဝင်ရာ၌ ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (SSJAC)အဖွဲ့ဝင်အနေဖြင့် ပါဝင်နေခြင်းဖြစ်သည်။

လတ်တလောတွင် CSSU အဖွဲ့ဝင်များဖြစ်သော RCSS နှင့်SSPP တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ တိုက်ပွဲများဖြစ်ပွားနေသည်။ CSSUဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းအနေ ဖြင့်လည်း ရှမ်းလက်နက်ကိုင်နှစ် ဖွဲ့အကြား တိုက်ပွဲများ ရပ်တန့်နိုင် ရေး တွေ့ဆုံဆွေးနွေးရန် စေ့စပ် ညှိနှိုင်းနေသည်။

=======================
251 / End