၂၉ နိုဝင်ဘာ ၂၀၁၈ - ၁၆:၅၉
ရှေ့ဦးကိုနီ ပစ်သတ်ခံရမှု  ၉၁ ကြိမ်မြောက်ရုံးထုတ်၊ တရားခံများကို ပြစ်ဒဏ်အမိန့်မချမှတ်နိုင်သေး

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရတာနဲ့ပတ်သက်ပြီး စွဲချက်တင်ထားတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ ၉၁ ကြိမ်မြောက် ရုံးထုတ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရတာနဲ့ပတ်သက်ပြီး စွဲချက်တင်ထားတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့  ၉၁ ကြိမ်မြောက် ရုံးထုတ်ပါတယ်။

အဲဒီရုံးထုတ်မှာ ဇေယျာဖြိုးနဲ့ သင်တန်းတပတ်စဉ်ထဲ အတူတက်ခဲ့တဲ့သူကို တရားခံပြ သက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။

ဒီတပတ်ရုံးချိန်းမှာ တရားခံပြသက်သေအဖြစ် ရဲမှူးကြီးဝင်းမင်းသိန်းကို စစ်ဆေးဖို့ ဆင့်ခေါ် ထားပေမယ့် တာဝန်မအားတာကြောင့် တရားရုံးက စစ်ဆေးနိုင်ခဲ့ခြင်းမရှိပါဘူး။ နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့  ဇေယျာဖြိုးနဲ့ပတ်သက်တဲ့ တရားခံပြသက်သေတွေကို စစ်ဆေးသွားဖို့ ရှိပါတယ်။

ကြည်လင်းကို ဦးကိုနီကိုသတ်တဲ့အမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ၁(ခ) /၃၄ ဦးနေဝင်းကိုသတ်တဲ့အတွက် ၃၀၂(၂)အပြင် လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) ၁၉(စ) နဲ့ စွဲချက်တင်ထားတာပါ။

အောင်ဝင်းဇော်ကိုတော့ ပုဒ်မ ၃၀၂(၁) ခ/၃၄ နဲ့ စွဲချက်တင်စစ်ဆေးနေသလို  ဇေယျာဖြိုး ကိုတော့ ပုဒ်မ ၃၀၂(၁)ခ /၁၀၉ နဲ့ စွဲချက်တင်ထားပါတယ်။ အောင်ဝင်းထွန်းကိုတော့ ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့စွဲချက်တင်ထားပြီး ငွေကျပ်သိန်း ၅၀၀ နဲ့ အာမခံပေးထားပါတယ်။

=======================
251 / End