၂ ဒီဇင်ဘာ ၂၀၁၈ - ၁၇:၂၇
 အာဆီယံတွင် မြန်မာ အိတ်ခ်ျအိုင်ဗီပိုးကူးစက်ခံရမှုအများဆုံး အဆင့်(၄)ချိတ် ရန်ကုန်တိုင်းသည် ကူးစက်ဖြစ်ပွားနှုန်း အများဆုံးဖြစ်နေ

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် အိတ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံရမှု အများဆုံး အဆင့် (၄)နေရာ၌ ရပ်တည်နေကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် အိတ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံရမှု အများဆုံး အဆင့် (၄)နေရာ၌ ရပ်တည်နေကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

ဒီဇင်ဘာ ၁ ရက်က ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ပြုလုပ် သည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက် ရေးနေ့ (World AIDS Day) အခမ်းအနားတွင် ၎င်းက ပြော ကြားခြင်းဖြစ်သည်။

‘‘ကျန်းမာရေးဌာနရယ်၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေရယ်၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေ ရယ်၊ HIV နဲ့ အသက်ရှင် နေထိုင်သူတွေရယ်နဲ့  မိသားစုဝင်တွေအပါအဝင် ပြည်သူလူထုကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် မကြာမီ နှစ်အနည်းငယ်အတွင်းမှာ လုံးဝကင်းစင်ပပျောက်နိုင်မယ်လို့ လေးနက်စွာ ယုံကြည်ပါတယ်’’ ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

အရှေ့တောင်အာရှ နိုင်ငံ များ၌ အိတ်ခ်ျအိုင်ဗီရောဂါပိုးကူး စက်ခံရမှု အများဆုံးစာရင်းတွင် ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက် နမ်တို့က ထိပ်ဆုံးမှ အစဉ်လိုက် ရပ်တည်နေကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO)၏ အချက် အလက်များ၌ ဖော်ပြထားသည်။

၂၀၁၇ စာရင်းအရ မြန်မာ နိုင်ငံတွင် အိတ်ခ်ျအိုင်ဗီပိုးကူးစက် ခံရသူ ၂၂၇,၀၀၀ ကျော်ရှိသည် ဟု ဆိုသည်။ ရောဂါဖြစ်ပွားမှုနှုန်း ၀ ဒသမ ၅၇ ရာခိုင်နှုန်းရှိသည်။

ထို့အပြင် ယနေ့ခေတ် လူ ငယ်ထုကြားတွင် အဖက်တမင်းဟုခေါ်သည့် စိတ်ကြွဆေးသုံးစွဲမှုသည် ကြီးမားသော ပြဿနာ တစ်ရပ်ဖြစ်ကာ ယင်းတို့ကို သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ဒေါက်တာတင်မျိုးဝင်းက ဆက်လက်ပြောသည်။

အိတ်ခ်ျအိုင်ဗီ ကူးစက်ခံရနှုန်း မြင့်မားသော တိုင်းနှင့် ပြည်နယ်များသည် ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့ဖြစ် သည်။ အမျိုးသားလိင်တူချင်း ဆက်ဆံသူ၊ အမျိုးသမီးလိင်လုပ်သားများနှင့် မူးယစ်ဆေး အကြောထဲသို့ ထိုးသွင်းသူများ စသည့် ဦးတည်အုပ်စုများတွင် အိတ်ခ်ျအိုင်ဗီပိုးကူးစက်ခံရမှု အများဆုံးဖြစ်သည်။

‘‘ကျွန်တော်တို့ ရန်ကုန်တိုင်းမှာ HIV ပိုးလူနာအသစ် ကူးစက်မှုနှုန်းက  ၂၆ ရာခိုင်နှုန်း (တစ်နိုင်ငံလုံးရှိ အိတ်ခ်ျအိုင်ဗီပိုးလူနာအသစ်စုစုပေါင်းထဲမှာ ရန်ကုန်၏ပါဝင်မှုနှုန်း) ရှိပြီးတော့ HIV ပိုး ဖြစ်ပွားနှုန်း အများဆုံး တိုင်းဒေသကြီး ဖြစ်တယ်ဆိုတာ သိရှိရပါတယ်’’ ဟု ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းသည် တစ်နိုင်ငံလုံး တီဘီ၊ အိတ်ခ်ျအိုင်ဗီ ဒွန်တွဲလူနာများ၏ သုံးပုံတစ်ပုံကျော်ရှိပြီး၊ တစ်နိုင်ငံလုံးရှိ ရိုးရိုးတီဘီလူနာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းနှင့် ဆေးယဉ်ပါး တီဘီရောဂါဖြစ်ပွားသူ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်ရှိသည်ဟုလည်း၎င်းက ဆိုသည်။

ရန်ကုန်တိုင်းသည် လူနေထူထပ်ခြင်း၊ ဘတ်စ်ကားများ၊ ရထားများပေါ်တွင် ခရီးသွားများ ကျပ်သိပ်စီးရခြင်း၊  ရွှေ့ပြောင်းနေထိုင်သူ များပြားကာ ဆင်းရဲသောကြောင့် တီဘီရောဂါကူးစက်မှုများသည်ဟု ယူဆကြောင်း၎င်းက ဆိုသည်။

‘‘ဒါကြောင့် လူထုအတွင်းမှာ အခုလို အသိပညာပေးလုပ် ငန်းတွေကို အများအပြား ပိုမို ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ တိုက်တွန်းလိုပါတယ်’’ဟု ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး က ဆက် လက်ပြောသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀၁၆-၂၀၂၀ အမျိုးသားမဟာဗျူဟာစီမံကိန်း ရေးဆွဲကာ ပညာပေးခြင်း၊ ကွန်ဒုံး ဖြန့်ဝေခြင်း၊ ကာလသားရောဂါ စစ်ဆေးပေးခြင်း၊ သွေးစစ်ပေး ခြင်း၊ အေအာရ်တီဆေးဖြင့် ကုသ ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း အဆိုပါ အခမ်းအနား၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၏ သဝဏ်လွှာကို ဒုဝန်ကြီး ဒေါက်တာ မြလေးစိန်က ဖတ်ကြားခဲ့သည်။

UNAIDS ၏  ၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ရက်က ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ် ခြောက်နှစ်တာ ကာလအတွင်း အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးမှု ၅၂ ရာခိုင်နှုန်းအထိကျဆင်းလာသည်ဟုဆိုသည်။

=======================
251 / End