၃ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၃၂
ရှုပ်ထွေးခက်ခဲသည့် အခြေအနေမှ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြီးမားလေးလံသော တာဝန်ထမ်းဆောင်နေရကြောင်း အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်

မြန်မာနိုင်ငံတွင် လက်ရှိ အစိုးရဆက်ခံရသော ပျော်ရွှင်ချမ်း မြေ့မှုကင်းမဲ့ပြီး ရှုပ်ထွေးခက်ခဲသည့် အခြေအနေများမှ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဖန်တီးဖော်ဆောင်ရန် ကြီးမားလေးလံသော တာဝန်ကို ထမ်းရွက်နေရချိန်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံတွင် လက်ရှိ အစိုးရဆက်ခံရသော ပျော်ရွှင်ချမ်း မြေ့မှုကင်းမဲ့ပြီး ရှုပ်ထွေးခက်ခဲသည့် အခြေအနေများမှ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဖန်တီးဖော်ဆောင်ရန် ကြီးမားလေးလံသော တာဝန်ကို ထမ်းရွက်နေရချိန်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁ ရက်က နီပေါနိုင်ငံ၌ ကျင်းပသည့် အာရှ - ပစိဖိတ်ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားသည်။

‘‘ယင်းသို့သော အချိန်ကာလ တွင် ယနေ့ကြုံတွေ့နေကြရတဲ့ အရေးပါတဲ့ စိန်ခေါ်မှုများကို ငြိမ်း ချမ်းရေးအတွက် တန်းတူမိတ်ဖက်ပြုဆောင်ရွက်ရေးအပေါ် မိမိတို့ နဲ့ ယုံကြည်ချက်ချင်း တူညီတဲ့ မိတ်ဆွေစစ်များရရှိမယ့် အခွင့် အလမ်းများအဖြစ် ရှုမြင်ထားပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ငြိမ်းချမ်းရေးသည် မိမိတို့ အားလုံး၏ပစ္စုပ္ပန်ကာလအတွက် သာမက အချိန်ကာလတစ် လျှောက်လုံးအတွက် မရှိမဖြစ် အရေးပါသည့် လိုအပ်ချက်တစ် ရပ်ဖြစ်ကြောင်းနှင့် နိုင်ငံအချို့အ တွက်သာမက နိုင်ငံအားလုံးအ တွက် လိုအပ်ချက်လည်းဖြစ် ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်က မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

‘‘ပဋိပက္ခတွေရဲ့ အခြေခံအ ကြောင်းရင်းဟာ နာကျင်စေလို ခြင်းနဲ့ ဖျက်ဆီးလိုခြင်းကို ဦးတည်ဆောင်ရွက်တဲ့ မကောင်းသော စိတ်ဆန္ဒဖြစ်ပြီး ထိုသို့ဆောင်ရွက် ခြင်းဖြင့် ပဋိပက္ခဖြစ်ပေါ်မယ့် လမ်းစကို ပွင့်သွားစေမှာဖြစ်ပြီး အဲဒီက မှတစ်ဆင့် အမုန်းတရားနဲ့ အကြောက်တရား အဆိုးသံသရာ စက်ဝန်းကို အမြဲတမ်းအသစ်တစ် ဖန်ဖြစ်ပေါ်လာစေပြီး ငြိမ်းချမ်း ရေးအလင်းရောင်ကို မှေးမှိန်စေ ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ထို့အပြင် အပြုသဘောမ ဆောင်သည့် အင်အားစုများသည် လည်း နေရာတိုင်းတွင် ရှိနေပြီး ငြိမ်းချမ်းရေး၏အခြေခံအုတ်မြစ် များကို တိုက်စားဖျက်ဆီးနေ ကြောင်းနှင့် ကမ္ဘာကြီးအတွက် သဟဇာတဖြစ်မှုနှင့် ပျော်ရွှင်မှုတို့ ကို ထိန်းသိမ်းရန် လိုအပ်သည့် သဘာဝသယံဇာတပစ္စည်းများ၊ လူ့စွမ်းအားအရင်းအမြစ်များကို အဆင်အခြင်မဲ့စွာ ဖြုန်းတီးပစ်မှု များကို ကမ္ဘာ့နေရာအနှံ့အပြား၌ တွေ့မြင်နေရကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။ ကမ္ဘာကြီး၏ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အာမခံနိုင်ရန် အထောက်အကူပြုမည့် မှန်ကန် သောဖြေရှင်းမှုရရှိရေးနှင့် သဟ ဇာတဖြစ်မှုကို ခြိမ်းခြောက်နေ သည့် ပြဿနာ၏အကြောင်းရင်း များကို ရှာဖွေဖော်ထုတ်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်မှု များကို မလွဲမသွေ တိုးမြှင့်လုပ် ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာပေါ်တွင် မည်သည့် နိုင်ငံမျှ တစ်နိုင်ငံတည်း ရပ်တည် ရှင်သန်နိုင်မည်မဟုတ်ဘဲ အမျိုး သားအကျိုးစီးပွားကို ဖော်ထုတ် ရန်၊ ကာကွယ်ရန်၊ ငြိမ်းချမ်းရေး နှင့် အကျိုးတူသာယာဝပြောရေး တို့ကို ရရှိရန် နိုင်ငံတိုင်းသည် နှစ် နိုင်ငံချင်းဖြစ်စေ၊ ဒေသတွင်း အ ချင်းချင်းဖြစ်စေ ထိတွေ့ဆက်ဆံ ကြရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက် တွန်းသည်။

‘‘အပြန်အလှန်မှီခိုနေထိုင် ကြရတဲ့ ယနေ့ကမ္ဘာကြီးမှာ ငြိမ်း ချမ်းမှုကို ရှေးရှုတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တိုးမြှင့်ဖော်ထုတ်ခြင်းနည်း လမ်းဖြင့်သာ မတူကွဲပြားတဲ့ လူမှုအသိုက်အဝန်းများအကြားမှာ သဟဇာတဖြစ်မှုကို ဖော်ဆောင် နိုင်မှာဖြစ်ပါတယ်’’ ဟုဒေါ်အောင် ဆန်းစုကြည်ကဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါမိန့်ခွန်း၌ ငြိမ်းချမ်းရေး (သို့မဟုတ်)ငြိမ်းချမ်းမှုဟူသော စကားလုံးကို ၁၇ ကြိမ်တိတိ သုံး နှုန်းခဲ့သည်ကို တွေ့ရသည်။

=======================
251 / End