၃ ဒီဇင်ဘာ ၂၀၁၈ - ၁၇:၀၅
မသန်စွမ်းသူများ နိမ့်ကျသော ကျန်းမာရေးစောင့်ရှောက်မှု နှစ်ဆကြုံတွေ့နေဟု ဒုသမ္မတပြော

မသန်စွမ်းသူများ သည် ဆင်းရဲမွဲတေမှုနှင့် အစာ အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံး ဖြစ်နေပြီး နိမ့်ကျသော ကျန်းမာ ရေးစောင့်ရှောက်မှုကို နှစ်ဆကြုံ တွေ့နေရသူများဖြစ်သည်ဟု မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒုတိယသမ္မတ ဦးဟင် နရီဗန်ထီးယူက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မသန်စွမ်းသူများ သည် ဆင်းရဲမွဲတေမှုနှင့် အစာ အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံး ဖြစ်နေပြီး နိမ့်ကျသော ကျန်းမာ ရေးစောင့်ရှောက်မှုကို နှစ်ဆကြုံ တွေ့နေရသူများဖြစ်သည်ဟု မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒုတိယသမ္မတ ဦးဟင် နရီဗန်ထီးယူက ပြောကြားသည်။

ထို့အပြင် လက်ရှိ ခံစားတွေ့ ကြုံနေကြရသော အခက်အခဲများ တွင် ၎င်းတို့၏ချွတ်ယွင်းအားနည်း ခြင်းများကြောင့်မဟုတ်ဘဲ ပတ် ဝန်းကျင်၏ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် အခြားအတားအဆီးများကြောင့် ဖြစ်သည်ဟု ဒုသမ္မတကဆိုသည်။

‘‘မသန်စွမ်းသူတွေအပေါ် မသိနားမလည်ခြင်း၊ လျစ်လျူခံရ ခြင်း၊ အယူသီးခြင်း၊ ကြောက်ရွံ့ စိုးရိမ်ခြင်းတွေကြောင့် အထီးကျန် ဘဝကို ရောက်ခဲ့ရတဲ့မသန်စွမ်း သူတွေ ရှိခဲ့ပါတယ်’’ဟု ဒုသမ္မတ က ဆိုသည်။

ဒီဇင်ဘာ ၃ ရက်က အပြည် ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင် ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ပြုလုပ်ခဲ့ပြီး သုတေသနတွေ့ရှိ ချက်တစ်ခုအပေါ် အခြေခံ၍ ဒုသမ္မ တက အထက်ပါအတိုင်း ထည့် သွင်းပြောကြားသည်။

သုတေသနတွေ့ရှိချက်များ အရ မသန်စွမ်းမှုသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအပေါ် တိုက်ရိုက်သက်ဆိုင်နေသည့်အပြင် မသန် စွမ်းမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ ဆက်နွှယ်မှုရှိနေသည်ဟု ဒုသမ္မတက ဆိုသည်။

ကမ္ဘာ့လူဦးရေသန်း ၇,၀၀၀ ကျော်အနက် ဆယ်ပုံတစ်ပုံခန့် သည် မသန်စွမ်းသူများဖြစ်ပြီး ၈၀ ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သည်ဟု ၎င်း က ဖြည့်စွက်ပြောကြားသည်။

ထို့အပြင် ကမ္ဘာ့နိုင်ငံအချို့ ၌ မသန်စွမ်းသူများအလုပ်အ ကိုင်ရရှိမှုမှာ ယင်းနိုင်ငံရှိ မသန်စွမ်းလူဦးရေ၏ သုံးပုံတစ်ပုံသာ ရှိနေသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိ သည့် မသန်စွမ်းကလေးငယ်များ ၏အခြေခံပညာမူလတန်းအဆင့် တက်ရောက်မှုနှုန်းသည် အခြား ကလေးငယ်များနှင့် ကွာဟမှုနှုန်း ၁၀ ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းရှိ ကြောင်း ဒုသမ္မတက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် မသန် စွမ်းသူများအရေး ပိုမိုအလေးထား ဆောင်ရွက်နိုင်ရန် ၂၀၁၅ တွင် မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ၊ ၂၀၁၇ တွင် မသန်စွမ်းသူများအခွင့်အရေးနည်းဥပဒေ ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး မသန်စွမ်းသူ များ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူ ဟာ (၂၀၁၆-၂၀၂၅) ကိုလည်း အတည်ပြုချမှတ်နိုင်ခဲ့သည်။

ထို့အပြင် အမြင်အာရုံ ချို့ ယွင်းမသန်စွမ်းသူများ လက်လှမ်း မီသိရှိနိုင်ရေး မျက်မမြင်စာနှင့် ပုံ နှိပ်ထုတ်ဝေခြင်းကိုလည်း ဆောင် ရွက်နိုင်ခဲ့သည့်အပြင် အမျိုးသမီး နှင့် မသန်စွမ်းဆိုင်ရာ ဥပဒေတို့ ကို လက်သင်္ကေတပြ ဘာသာ စကားဖြင့် ပြုစုထုတ်ဝေနိုင်ခဲ့သည် ဟု ဒုသမ္မတက ပြောသည်။

ဆက်လက်၍ မသန်စွမ်းမှု ဆိုင်ရာ ဝေါဟာရအသုံးအနှုန်း များ လက်စွဲလမ်းညွှန်စာအုပ်ပြုစု ထုတ်ဝေခြင်း၊ မသန်စွမ်းသူများ ၏အခွင့်အရေးနည်းဥပဒေတို့ကို လက်သင်္ကေတဘာသာစကား ဖြင့် ထုတ်ဝေခြင်းများ ဆက်လက် ပြုလုပ်နိုင်ရေး ဆောင်ရွက်နေ သည်ဟု ၎င်းက ပြောသည်။

‘‘မသန်စွမ်းမှုအဆင့် သတ် မှတ်ခြင်းနဲ့ မှတ်ပုံတင်ခြင်းလုပ် ငန်းစဉ် ပေါ်ထွက်လာစေဖို့အ တွက်လည်း ဆောင်ရွက်နေပါ တယ်’’ဟု ဒုသမ္မတက ပြောသည်။

=======================
251 / End