အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သက်ဆိုင်ရာအုပ်ချုပ် ရေးမှူးများအနေဖြင့် ဘင်္ဂါလီကိစ္စ နှင့်ပတ်သက်သော သတင်းအခြေ အနေများကို အစိုးရအဖွဲ့သို့ အ ချိန်မီတင်ပြရန် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ညွှန်ကြားသည်။
ဒီဇင်ဘာ ၅ ရက်နံနက်က ပြုလုပ်သော တိုင်းအစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး မှူးများ တွေ့ဆုံအစည်းအဝေး တွင် ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့ မော်က အထက်ပါအတိုင်း ညွှန် ကြားကြောင်း တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြော ကြားသည်။
လက်ရှိတွင် တိုင်းအတွင်း ဖြစ်ပေါ်သည့် ထူးခြားဖြစ်စဉ်များ နှင့်ပတ်သက်၍ ခိုင်လုံတိကျသော သတင်းအချက်အလက်များကို သက်ဆိုင်ရာဌာနများက အချိန်မီ တင်ပြနိုင်ခြင်းမရှိသဖြင့် ပြင်ပ၌ သတင်းထွက်ပေါ်ပြီးမှသာ အစိုးရအဖွဲ့က သိရှိရကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
‘‘မကြာမီက တိုင်းအတွင်း ပင်လယ်ပြင်မှာ ဘင်္ဂါလီတွေ လှေ စီးဝင်လာလို့ ဖမ်းမိတဲ့ သတင်းမျိုး တွေ တိုင်းအစိုးရအဖွဲ့က အချိန်မီ မသိလိုက်ရဘူး။ ကျွန်းတွေပေါ်၊ ကုန်းပေါ်ရောက်သွားရင် အစိုးရ အဖွဲ့က လုပ်ရကိုင်ရခက်သွား မယ်ပေါ့။ ဒါကြောင့် အရေးကြီးတဲ့ ဖြစ်စဉ်သတင်းတွေကို သက်ဆိုင် ရာအုပ်ချုပ်ရေးမှူးတွေက အဆင့် လိုက် မြို့နယ်၊ ခရိုင်၊ တိုင်း အချိန် မီတင်ပြဖို့လိုတယ်လို့ ဝန်ကြီးချုပ် က ညွှန်ကြားတာပါ’’ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နိုဝင်ဘာ ၂၅ နှင့် ၂၉ ရက်တွင် တနင်္သာရီကမ်းရိုး တန်း လောင်းလုံးဘုတ်ကျွန်းနှင့် တနင်္သာရီကျွန်းတို့ အနီး၌ ရခိုင်ပြည်နယ်မှ ပင်လယ်ပြင်ကို ဖြတ်ကာ မလေးရှားနိုင်ငံသို့ သွား ရောက်ရန် လှေစီးထွက်ခွာလာ သော ဘင်္ဂါလီများကို တပ်မတော် ရေတပ်စစ်သင်္ဘောက နှစ်ကြိမ် ဖမ်းဆီးမိပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
ထို့ကြောင့် တိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့နယ်မြေအတွင်း ဖြစ်ပေါ်သည့် ထူးခြားဖြစ်စဉ် သတင်းများကို နှောင့်နှေး ကြန့်ကြာမှုမရှိစေဘဲ အစိုးရအဖွဲ့သို့ အချိန်မီ သတင်း တင်ပြရန် ဝန်ကြီးချုပ်က ညွှန်ကြား ကြောင်း အစည်းအဝေးသို့တက် ရောက်သည့် ဝန်ကြီး ဦးမြင့်စန်းက ရှင်းပြသည်။
ယင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းရှိ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ နယ်လုံဝန်ကြီးအပါအဝင် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက် ခဲ့သည်။
=======================
251 / End
ဘင်္ဂါလီကိစ္စနှင့်ဆိုင်သည့် သတင်းများကို အချိန်မီတင်ပြရန် အုပ်ချုပ်ရေးမှူးများအား တနင်္သာရီဝန်ကြီးချုပ်ညွှန်ကြား
၆ ဒီဇင်ဘာ ၂၀၁၈ - ၁၄:၃၅
News ID: 919561
သက်ဆိုင်ရာအုပ်ချုပ် ရေးမှူးများအနေဖြင့် ဘင်္ဂါလီကိစ္စ နှင့်ပတ်သက်သော သတင်းအခြေ အနေများကို အစိုးရအဖွဲ့သို့ အ ချိန်မီတင်ပြရန် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ညွှန်ကြားသည်။