အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဂတိလိုက်စားမှုတွင် အထက်၊ အောက် မျှဝေခံစားအ ကာအကွယ်ပေးသည့် စနစ်နှင့် ဖိအားပေးသည့် စနစ်များရှိနေ ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။
ဒီဇင်ဘာ ၆ ရက်တွင် ပြု လုပ်သည့် ‘အဂတိလိုက်စားမှုတား ဆီးကာကွယ်ဖို့ တာဝန်ယူမှု မြှင့် တင်ကြပါစို့’ ဖိုရမ်တွင် ပြောကြား ခြင်းဖြစ်သည်။ ထိုပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် တိုင်းဝန်ကြီး၊ တိုင်းဥပဒေချုပ် စသည်တို့လည်း တက်ရောက်ခဲ့သည်။
အဂတိလိုက်စားမှုတွင် ဆရာမွေး၊ တပည့်မွေးပုံစံဖြင့် လုပ် ဆောင်နိုင်ရန် မိမိအကျိုးဆောင် ရွက်ပေးနိုင်မည့်သူကို အခရာကျ သည့် နေရာတွင် ခေါ်ထားပြီး လူ သစ်စုဆောင်းသော စနစ်၊ အ ထက်၊ အောက်မျှဝေခံစားခြင်းနှင့် အကာအကွယ်ပေးသော စနစ်၊ အချင်းချင်းနားလည်မှုရှိခြင်းနှင့် အဂတိလိုက်စားမှုမလုပ်ဘဲ မနေနိုင်အောင် ဖိအားပေးသည့်စနစ် ရှိနေကြောင်း ဦးအောင်ကြည်က ဆက်လက်ပြောကြားသည်။
‘‘ဒါကြောင့် ကော်မရှင်က ကနဦးခြေလှမ်းအနေနဲ့ ငါးကြီး ကြီးကို ကြော်ပြရပါတယ်။ ငါး ကြီးကြီးကြော်နေတုန်းမှာပဲ သစ် ပင်ရဲ့အနိမ့်ကိုင်းမှာ သီးနေတဲ့ အသီးပုပ်တွေကိုလည်း ရနိုင်သ လောက် လှမ်းပြီး ခြွေချနေရပါ တယ်’’ဟု ဦးအောင်ကြည်က ဆို သည်။
ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်လိုသော ပြုပြင် ပြောင်း လဲလိုသူ ခေါင်းဆောင်များအနေ ဖြင့် အဂတိလိုက်စားပြီး အ ရေးယူခြင်းမခံရဘဲ လွတ်ကင်းနေ နိုင်သူမရှိရအောင် စီမံခန့်ခွဲနိုင်မှ သာ အဂတိလိုက်စားမှု နောက် ထပ်မဖြစ်အောင် အမှန်တကယ် တားဆီးကာကွယ်နိုင်မည် ဖြစ် ကြောင်း ဦးအောင်ကြည်က ပြော သည်။ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေ သော အဂတိလိုက်စားမှုသည် အဖွဲ့အစည်းများကို နူရာဝဲစွဲ၊ လဲ ရာသူခိုးထောင်းသကဲ့သို့ အလုပ် ဌာနများတွင် အုပ်စုဖွဲ့အဂတိ လိုက်စားခြင်းအဖြစ်သို့ ရောက်ရှိ လာကြောင်း ၎င်းက ဆိုသည်။
အဂတိလိုက်စားမှု တိုက် ဖျက်ရာတွင် ကော်မရှင်ချည်း သက်သက်လုပ်၍ မရကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက် မည်ဟု သန္နိဌာန်ချမှတ်ထားသည့် အစိုးရဌာနများအပါအဝင် အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ပညာရှင် များ၊ သတင်းမီဒီယာနှင့် အရပ် ဘက်အဖွဲ့အစည်းအားလုံးက ကိုယ်ကျင့်သိက္ခာဆိုင်ရာ သဘော တူညီမှုအစုအဖွဲ့အဖြစ် စုဖွဲ့ပြီးအဟုန်ဖြင့် တစ်ပြိုင်နက် တိုက် ဖျက်ရန် လိုအပ်ကြောင်း ပြော သည်။
အဖွဲ့အစည်းအသီးသီးအ နေဖြင့် တာဝန်ယူမှုကို မြှင့်တင်ရန် အဆင့်လေးဆင့်ရှိကြောင်း၊ ပထမအဆင့်အနေဖြင့် ကိုယ့်ဌာန၏ အဂတိကင်းသော စွမ်းဆောင်မှု ကို အစဉ်အမြဲ စောင့်ကြည့်တိုင်း တာနေပြီး တိုးတက်လာအောင် တာဝန်ယူရန်ဖြစ်ကြောင်း၊ တိုး တက်လာပါက အသိအမှတ်ပြုဆု ချီးမြှင့်ပေးပြီး တိုးတက်မှုမရှိပါက အပြစ်ပေးအရေးယူရမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
‘‘ဒီနေရာမှာ အဂတိမကင်း တဲ့ ဌာနတွေရဲ့ လုပ်ငန်းဆောင် ရွက်ပုံစနစ်နဲ့ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေကို အလေး ထားပြုပြင်ပေးခြင်းဖြင့် အရေးယူ ခံရနိုင်သူ အရေအတွက်လျော့ နည်းသွားအောင် စီမံခန့်ခွဲပေးနိုင် ဖို့လည်း လိုပါတယ်’’ဟု ၎င်းက ဆိုသည်။
ဒုတိယအဆင့် အနေဖြင့် ပြည်သူလူထု၊ စီးပွားရေးလုပ် ငန်းများ၊ သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ အသံများကို နားထောင်ရမည်ဖြစ် ကြောင်း၊ အလုပ်ဌာနများတွင် လူ တစ်ဦးချင်းစီက မတရားပြုခံရမှု တိုင်ကြားစာကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးသော ယန္တရား လည်း ရှိသင့်ပြီး မိမိဌာနနှင့် ပတ်သက်သည့် အဂတိလိုက် စားမှုအခြေအနေကို အမြဲခွဲခြား စိတ်ဖြာ သုံးသပ်နေရမည်ဖြစ် ကြောင်း၊ အခြားသူများ၏အဂတိ တိုက်ဖျက်ရေးအကြံပေးချက်များ ကိုလည်း လက်ခံစဉ်းစားပေးသင့် ကြောင်း ဥက္ကဋ္ဌက ပြောသည်။
တတိယအဆင့်သည် ပြင်ပ အေဂျင်စီများကို ဖိတ်ခေါ်ပြီး မိမိ တို့အလုပ်ဌာနများ၏စွမ်းဆောင် မှုအပေါ် စာရင်းစစ်ဆေးပေးရန်၊ စောင့်ကြည့်မှတ်သားပေးရန်၊ အ ကဲဖြတ်ပေးရန်ဖြစ်ကြောင်း ၎င်း က ပြောသည်။
‘‘စတုတ္ထအဆင့်ကတော့ အဂတိလိုက်စားမှုသည် ဒေါသအ လျောက်ဖြစ်တဲ့ တခြားပြစ်မှုအမျိုးအစားနဲ့ မတူတဲ့ စီးပွားရေးပြစ်မှု ဖြစ်တယ်၊ တွက်ချက်ပြီး ကျူးလွန် တဲ့ ပြစ်မှုဖြစ်တယ်ဆိုတာကို အခိုင်အမာလက်ခံယုံကြည်ပြီး လက်ရှိ အခြေအနေကို လုံးဝပြောင်းလဲ သွားနိုင်အောင် အင်စတီကျူးရှင်း ခေါင်းဆောင်များကိုယ်တိုင်က ဦးစီးကိုင်တွယ်ခြင်းဖြစ်ပါတယ်’’ ဟု ဦးအောင်ကြည်က ပြောသည်။
ထို့ကြောင့် သတင်းအချက် အလက်စောစီးစွာ ရရှိရေး စောင့်ကြည့်ရန်၊ သတင်းရသည်နှင့် ထိရောက်လျင်မြန်စွာ တားဆီးကာ ကွယ်ရန်နှင့် လူတစ်ဦးချင်းစီ၏ စွမ်းဆောင်မှုအပေါ် မူတည်၍ မက်လုံးပေးရန် (သို့မဟုတ်) အပြစ်ပေးရန်တို့ကို ထိရောက်စွာ ပြုလုပ်ရန်လိုကြောင်း ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။
‘‘အဂတိလိုက်စားမှုကို တိုက် ဖျက်တာ လူပုဂ္ဂိုလ်ကို တိုက်ဖျက်တာမဟုတ်ဘူး။ စနစ်ကြီးကို တိုက်ဖျက်တာ။ ဒီစနစ်ကြောင့်ပဲ တိုင်း ပြည်မှာ အထီးတည်းဖြစ်နေကြ တယ်။ စီးပွားရေးလုပ်ငန်းမှာ လည်း အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ ပြည်ပရင်းနှီး မြှုပ်နှံမှုလုပ်ငန်းလည်း မလာဘူး။ လူမှုရေး၊ ယဉ်ကျေးမှုနယ်ပယ် မှာပါ လူတွေက အလွယ်တကူနဲ့ ကိုယ်ကျိုးစီးပွားအတွက်ကို ရှေ့ တန်းတင်ကြတာ သိပ်များတယ်။ တကယ့်တကယ်တော့ ကိုယ်ကျိုး စီးပွားနဲ့ အများပြည်သူရဲ့ အကျိုး စီးပွားယှဉ်လာပြီဆိုရင် အများ ပြည်သူအကျိုးစီးပွားပဲ ဦးစားပေး ရမယ်’’ဟု ဦးအောင်ကြည်က ဆက်လက်ပြောကြားသည်။
=======================
251 / End
၈ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၅၆
News ID: 919848
အဂတိလိုက်စားမှုတွင် အထက်၊ အောက် မျှဝေခံစားအ ကာအကွယ်ပေးသည့် စနစ်နှင့် ဖိအားပေးသည့် စနစ်များရှိနေ ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။