အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်ကို ယမန်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီးနောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
သမ္မတဦးဝင်းမြင့် စတင်တာဝန်ယူချိန်က စတင်၍ အိန္ဒိယသမ္မတ ရမ်နက်သ်ကိုဗင့်သည် နိုင်ငံအကြီးအကဲတစ်ဦးအဖြစ် ပထမဆုံးလာရောက်သည့် ခေါင်းဆောင်ဖြစ်ပြီး ယင်းသို့လာရောက်ရသဖြင့် အထူးပင် ဂုဏ်ယူဝမ်းမြောက် ကြောင်း အိန္ဒိယသံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်သည် အိန္ဒိယသမ္မတ ကို သမ္မတအိမ်တော်၌ ယမန်နေ့ က တွေ့ဆုံဆွေးနွေးသည်။
သမ္မတနှစ်ဦး ရှေ့မှောက် တွင် အိန္ဒိယ-မြန်မာ ရင်းနှီးချစ် ကြည်ရေးစီမံကိန်းအရ ရခိုင်ပြည် နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် အောက်၌် တည်ဆောက်ပြီးစီး သည့် နေအိမ်အလုံး ၅၀ ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လွှဲပြောင်း ပေးအပ်သည်။
အလားတူ သမ္မတနှစ်ဦး ရှေ့မှောက်တွင် မြန်မာနိုင်ငံမှ တရားသူကြီးများနှင့် တရားရေး အရာရှိများကို အိန္ဒိယနိုင်ငံသို့ စေ လွှတ်၍ သင်တန်းပေးခြင်းနှင့်စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင် ရာ နားလည်မှု စာချွန်လွှာကို ယမန်နေ့တွင် လက်မှတ်ရေးထိုး ခဲ့သည်။
အဆိုပါ နားလည်မှုစာချွန် လွှာ သက်တမ်းသည် ငါးနှစ်ဖြစ် ပြီး မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများကို အိန္ဒိယ နိုင်ငံ၊ အမျိုးသားတရားစီရင်ရေး အကယ်ဒမီသို့ စေလွှတ်၍ တရားစီရင်ရေးဆိုင်ရာ ဘာသာရပ်များ၊ တရားမနှင့် ရာဇ၀တ်ဥပဒေများ၊လူ့အခွင့်ရေး ဆိုင်ရာဥပဒေ၊ ဆေးပညာနှင့် ဥပဒေသိပ္ပံပညာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ ပစ္စည်းဆိုင်ရာဥပဒေနှင့် ပဋိညာဉ်ဥပဒေဆိုင်ရာများကို လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်သည်။
ထိုသို့ စေလွှတ်ရာတွင် မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများကို တစ်နှစ်လျှင် ဦးရေ ၈၀၊ တစ်ကြိမ်လျှင် ဦးရေ ၄၀ ထိ နှစ်ကြိမ်ခွဲ စေလွှတ်ရန်နှင့် ငါးနှစ်အတွင်း တရားသူကြီးများ နှင့် တရားရေးအရာရှိ စုစုပေါင်း ၄၀၀ ဦးကို စွမ်းဆောင်ရည်မြှင့် တင်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်သည်။
ယင်းနောက် သမ္မတနှစ်ဦး၏ ရှေ့မှောက်တွင် ၂၀၁၈-၂၀၂၁ ကာလအတွက် အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့အကြား သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အိန္ဒိယသံအမတ်ကြီးတို့က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး၍ လဲလှယ်ခဲ့သည်။
အိန္ဒိယသမ္မတတစ်ဦးအနေ ဖြင့် ၁၂ နှစ်အတွင်း ပထမဆုံးလာရောက်သည့် သမ္မတရမ်နသ်ကို ဗင့်ဒ်နှင့် ဇနီးကိုနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယမန်နေ့ညတွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး ရေဆင်းတက္ကသိုလ်သို့ သွားရောက်ကာ အိန္ဒိယနိုင်ငံက ကူညီထားသည့် စင်တာနှစ်ခုကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။
ထို့အပြင် အိန္ဒိယသမ္မတ သည် ဒီဇင်ဘာ ၁၃ ရက်တွင် Hotel Lotte ၌ စတင်ကျင်းပမည့် အိန္ဒိယကုန်စည်ပြပွဲ ဖွင့်ပွဲသို့ တက်ရောက်မည် ဖြစ်သည်။
အိန္ဒိယသမ္မတသည် ရန်ကုန်မြို့သို့ရောက်ရှိစဉ် ရွှေတိဂုံစေ တီတော်၊ ရှရီကာလီဘုရားကျောင်း နှင့် မဂိုမင်းဆက်နောက်ဆုံး ဘုရင် ဗဟာဒူးရှားဇဖာရ်ဘုရား ကျောင်းသို့ သွားရောက်ရန် စီစဉ် ထားသည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချိုတို့ ဖိတ်ကြား ချက်အရ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အိန္ဒိယသမ္မတနိုင်ငံ သမ္မတရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့် ဇနီး ရှရီမတီဆာဗီးတာကိုဗင့်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက် ည ၈ နာရီ၊ မိနစ် ၂၀ တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့သည်။
=======================
251 / End
သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အိန္ဒိယသမ္မတနှင့် သီးခြားစီ လက်ခံတွေ့ဆုံ
၁၁ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၄၈
News ID: 920177
နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်ကို ယမန်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီးနောက်တွေ့ဆုံဆွေးနွေးခဲ့သည်။