အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထောင်ဒဏ်ခြောက်လ နှင့် ဒဏ်ငွေကျပ်ငါးသိန်းစီ ပြစ် ဒဏ်ချမှတ်ခံရသော စစ်ရှောင် အရေးဆန္ဒပြသူသုံးဦးကို လွတ် ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ကချင်ပြည်နယ် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ယမန်နေ့တွင် အသနားခံစာပို့၍ တောင်းဆိုခဲ့သည်။
ကချင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး အနက် ကိုးဦးသည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)ကိုယ်စား လှယ်များဖြစ်ပြီး ယင်းကိုယ်စား လှယ်ကိုးဦးစလုံး လက်မှတ်ထိုး တောင်းဆိုခြင်းဖြစ်သည်ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောသည်။
‘‘ဒီနေ့ပဲ တင်လိုက်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ပေါ့။ တရားရေးမဏ္ဍိုင်မှာ ဝင်ရောက် စွက်ဖက်လို့ မရဘူး။ သမ္မတကို ငါတို့က အသနာခံစာတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေါ့’’ ဟု ဒီချုပ်ကိုယ်စားလှယ် ဦးခင်မောင် မြင့်က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောသည်။
ကချင်စစ်ရှောင်အရေးဆန္ဒ ပြသူ သုံးဦးကို ပြစ်ဒဏ်ချမှတ်ခြင်း သည် ဥပဒေအရ မကိုက်ညီသည့် အပြင် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ပြည်သူ့ဘက်က ရပ်တည်ဆောင်ရွက်ရမည်ဖြစ်သော ကြောင့် အသနားခံစာပေးပို့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် ပိတ်မိစစ်ရှောင် အရေး ဆန္ဒပြခဲ့သည့် ကိုလွမ်း ဇောင်း၊ ကိုဇော်ဂျက်နှင့် ဒေါ်နန်ပူ တို့ကို ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ရှုတ်ချကြောင်းနှင့် ပြစ်ဒဏ်ချမှတ်ခံရသူများကို ပြန်လွှတ်ပေးရန် ဒီဇင်ဘာ ၁၁ ရက်က မြစ်ကြီးနား တွင် ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ကိုလမာဆန်အောင်နှင့် မလု ဆန်တို့ကို မြစ်ကြီးနား မြို့နယ် ရဲတပ်ဖွဲ့က ထပ်မံတရားစွဲဆိုခဲ့ သည်။
‘‘ဒီအတိုင်း ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ စီတန်းလှည့်လည်တာတွေ လည်း ပြီးဆုံးသွားပြီ။ ကောင်း ကောင်းမွန်မွန်လည်း ပြီးတယ်။ ဒါပေမဲ့ နယ်မြေရဲစခန်းက စည်း ကမ်းဖောက်ဖျက်တယ်ဆိုတာနဲ့ တရားစွဲတာပေါ့’’ဟု ကိုလမာဆန် အောင်က ဆိုသည်။
ဒီဇင်ဘာ ၁၁ ရက်မြစ်ကြီးနား ဆန္ဒထုတ်ဖော်ပွဲတွင် ကိုင်ဆောင် ခဲ့သည့် ကချင်အမျိုးသားအလံ၊ Is Democracy Falling, Failed Law ဆိုင်းဘုတ်နှင့် ပြစ်ဒဏ်ချမှတ်ခံရသူသုံးဦး၏ပုံများပါရှိသည့် ဗီနိုင်း ပုံတို့သည် ဆန္ဒထုတ်ဖော်မှုတွင် တင်ပြမှုမရှိဘဲ ထည့်သွင်းဆောင် ရွက်ခဲ့သဖြင့် ခွင့်မပြုကြောင်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေစဉ်၌ပင် မြို့နယ်ရဲတပ်ဖွဲ့က အကြောင်း ကြားစာပေးပို့ခဲ့သည်။ ဖြုတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက် မည်ဆိုပါက အရေးယူမည်ဟု လည်း အသိပေးခဲ့သည်။
ယင်းသို့ ဖြုတ်ခိုင်းရာတွင် ဆိုင်းဘုတ်ဖြုတ်သိမ်းခြင်းများရှိ သော်လည်း အားလုံးဖြုတ်သိမ်း ခြင်းမရှိ၍ ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အရေးယူခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့် မိုးက ပြောသည်။
‘‘စည်းကမ်းဖောက်တယ်ဆို တာကလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်အောင် မဟုတ်ဘူး။ သို့သော်လည်းပဲ ဖောက်တာက ဖောက်တာပဲ ဖြစ်သွားတာကိုး။ ကျွန်တော်တို့လည်း အရေးမယူ ချင်ဘူးဗျ။ ဒါပေမဲ့လည်း ဥပဒေနဲ့ အညီမဟုတ်တဲ့အခါ အရေးယူ လိုက်ရတဲ့ဟာလေးတွေ ဖြစ်သွား တာပေါ့’’ဟု ရဲမှူးမြင့်မိုးက ပြော သည်။
ယခု အမှုဖွင့်ခံရသူနှစ်ဦးကို ရဲစခန်းက ဒီဇင်ဘာ ၁၂ ရက်တွင် အာမခံပေးခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်၌ တရားရုံးချိန်းခေါ်ဆိုထား သည်။
=======================
251 / End
ထောင်ချခံရသော စစ်ရှောင်အရေး ဆန္ဒပြသူသုံးဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတထံ ကချင်ဒီချုပ်အမတ်များ စာပို့တောင်းဆို
၁၂ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၃၈
News ID: 920297
ထောင်ဒဏ်ခြောက်လ နှင့် ဒဏ်ငွေကျပ်ငါးသိန်းစီ ပြစ် ဒဏ်ချမှတ်ခံရသော စစ်ရှောင် အရေးဆန္ဒပြသူသုံးဦးကို လွတ် ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ကချင်ပြည်နယ် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ယမန်နေ့တွင် အသနားခံစာပို့၍ တောင်းဆိုခဲ့သည်။