၁၂ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၅၆
နမ်းဟူးရွာသားများအား ပစ်​သတ်​ခဲ့သည့်ကိစ္စ RCSS အဖွဲ့ ဝန်​ခံ

လွိုင်လင်မြို့နယ်မှာ နမ်းဟူးရွာသား ၅ ဦးအား ပစ်သတ်ခဲ့တာဟာ သူတို့အဖွဲ့ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ ​တောင်​ကြီး ဆက်​ဆံ​ရေးရုံး တာဝန်​ခံ ဗိုလ်မှူးကြီး စိုင်းဦးက ဒီနေ့ ဝန်ခံပြောကြားလိုက်​ပါတယ်​။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လွိုင်လင်မြို့နယ်မှာ နမ်းဟူးရွာသား ၅ ဦးအား ပစ်သတ်ခဲ့တာဟာ သူတို့အဖွဲ့ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ ​တောင်​ကြီး ဆက်​ဆံ​ရေးရုံး တာဝန်​ခံ ဗိုလ်မှူးကြီး စိုင်းဦးက ဒီနေ့ ဝန်ခံပြောကြားလိုက်​ပါတယ်​။

“ဖြစ်စဉ်အစကတော့ မသိဘူး၊ ကျနော်တို့သိရတာတော့ အဖြစ်​ပျက်​​နောက်​ပိုင်း​ပေါ့၊ ကျနော်တို့ ရဲဘော်တပ်ဖွဲ့ဝင် သိပ်မများဘူး၊ ၉ ယောက်လောက်ရှိမယ်၊ အဲရွာမှာဖြတ်သွားတော့ ရွာသားက ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို ဓားနဲ့ခုတ်တယ်၊ သေနတ်တွေလုတယ်၊ ဒါကြောင့် ဖြစ်သွားတာလို့ပဲ သိတာပါ။”

ဓားနဲ့ အခုတ်ခံရတဲ့ RCSS တပ်ဖွဲ့ဝင်ရဲ​​ဘော်​နှစ်ယောက်မှာ ဓားဒဏ်ရာ ရရှိ​ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်​။

ဒေသခံတွေက ရွာသားတွေကို ဖမ်းဆီး​ခေါ်​ဆောင်​သွားတာကြောင့် ဖြစ်​သွားတယ်​လို့ ပြောဆိုထားပေမယ့် အဲဒီကိစ္စ ဖြစ်​စဉ်​အစကို မသိရဘဲ ရဲ​ဘော်တွေ ​ဓားခုတ်​ခံရမှသိတယ်​လို့ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

“ဒီကိစ္စကို ​ဖြေရှင်းဖို့ အခုလောလောဆယ်မှာတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ နည်းလမ်း ရှာနေဆဲဖြစ်ပါတယ်။ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာတာတော့ အကောင်းဆုံးပဲဖြစ်မှာပါ။”

လွိုင်မြို့နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်း​တွေက ပြည်သူလူထုကို မကြာခဏ သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ပွားပြီး တရားဥပဒေစိုးမိုးမှုအ​နေနဲ့ ရဲတပ်ဖွဲ့နဲ့ တပ်​မ​တော်ရှိ​ပေမယ့် လုံလောက်တဲ့ အင်အား မရှိတဲ့အတွက် အရှေ့မှာ​ဖြေရှင်းနေစဉ် အနောက်မှာ ထပ်မံဖြစ်ပွားမှု​တွေ ရှိ​နေတယ်​လို့ လွိုင်လင်​မြို့နယ်​ ရဲတပ်​ဖွဲ့ မြို့နယ်​ ရဲမှူးရဲမြင့်အောင်​က ပြောပါတယ်​။

ဒီဇင်​ဘာလ ၁၁ ရက်​ ည​နေပိုင်း​မှာ ရွာဖွံ့ဖြိုး​ရေးလုပ်​ငန်း ​ရေရရှိ​ဖို့ ​နောင်​ယာဆိုင်းကို ​ရေတက်​သွယ်​တဲ့၊ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး၊ ရုံးစာ​ရေးနဲ့ ရွာသား ၄ ဦးကို လက်​နက်​ကိုင်​အဖွဲ့က နမ်းဟူးရွာက​နေ ဖလိုင်​ဘက်​ကိုဖမ်းသွားတာကို ရွာသား ၆ ဦးက မကျေနပ်တာကြောင့် နောက်​က လိုက်​ရာကနေ စကား​အ​ခြေအတင်​​ဖြစ်ပြီး ပစ်​ခတ်​ကြလို့ ရွာသား ၅ ဦး​သေဆုံးပြီး ၃ ဦး ဒဏ်​ရာရတယ်​လို့ ​ဒေသခံတွေက ဆိုပါတယ်​။

သေဆုံးသူမှာ ခွန်ထွန်းဦး၊ ခွန်တဝင်း၊ ခွန်တမူး၊ ခွန်တဆန်းနဲ့ ခွန်တခဲတို့ ဖြစ်ပြီး ဒဏ်ရာရရှိသူ ၃ ဦးဟာ လွိုင်လင်ဆေးရုံမှာ ၁ ဦး၊ တောင်ကြီး စ၀်စံထွန်းဆေးရုံမှာ ၂ ဦး ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်​။

=======================
251 / End