အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၈၈ မျိုးဆက်နှင့် နိုင်ငံ ရေးအင်အားစုများ ပါဝင်တည် ထောင်ထားသည့် ပြည်သူ့ပါတီ က မဟာမိတ်ဖွဲ့စည်းရေး ပထမ ဆုံးခြေလှမ်းအဖြစ် စည်းလုံးညီ ညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင်များနှင့် ဒီဇင်ဘာ ၁၁ ရက် က တွေ့ဆုံခဲ့သည်။
ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာနှင့် အတွင်းရေးမှူးတို့က ရန်ကုန်မြို့ရှိ UNA ရုံး၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အ ထွေထွေအတွင်းရေးမှူး ဦးစိုင်း ညွန့်လွင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးမျိုးကျော် အပါအဝင် UNA အတွင်းရေးမှူး အဖွဲ့ဝင်များနှင့် သွားရောက်တွေ့ ဆုံခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် တိုင်းရင်း သားနိုင်ငံရေးပါတီများ၏ အခန်း ကဏ္ဍနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း ပါတီက သတင်းထုတ်ပြန်သည်။
‘‘နိုင်ငံရေးပါတီတွေ၊ အရပ် ဘက်အဖွဲ့အစည်းတွေနဲ့ ကျယ် ပြန့်တဲ့ မဟာမိတ်တည်ဆောက် သွားမယ်ဆိုတာက ပါတီက အဓိကချထားတဲ့ မူဝါဒပေါ့။ အဲဒီမူအရ အခု UNA နဲ့ ပထမဦးဆုံး တွေ့တာပေါ့။ နဂိုကတည်းက တော့ ပုဂ္ဂိုလ်ရေးအရ သိပြီးဖြစ် သော်ငြားလည်းပဲ အဖွဲ့အစည်း နှစ်ခုအကြား အပြန်အလှန်နွေး ထွေးမှုရှိအောင်၊ နောက် ရှေ့ဆက် ပြီးတော့လည်း မဟာမိတ်အဖွဲ့ အစည်းများအနေနဲ့ အပြန်အလှန် ဆက်ဆံသွားမယ် ဆိုတာလေးကို အလွတ်သဘော သွားဆွေးနွေး တာပါ’’ဟု ပြည်သူ့ပါတီ အထွေ ထွေအတွင်းရေးမှူး ဦးရဲနိုင် အောင်က ပြောသည်။
ဆက်လက်၍ ပြည်သူ့ပါတီ အနေဖြင့် ယုံကြည်ချက်တူ၊ ရပ် တည်ချက်တူညီသည့် ပါတီများ နှင့် ဆွေးနွေးရန်ရှိကြောင်း ၎င်းက ပြောသည်။ နိုင်ငံပြန်လည်တည် ဆောက်ရန် တစ်ဦးကောင်း၊ တစ် ယောက်ကောင်း၊ တစ်ဖွဲ့ကောင်း၊ တစ်ပါတီကောင်းဖြင့် တည် ဆောက်နိုင်မည်မဟုတ်၍ နိုင်ငံရေးအရ ယုံကြည်ချက်၊ ရပ်တည် ချက် တူညီသည့် မိတ်ဆွေပါတီ များနှင့် မဟာမိတ်ဆက်ဆံရေးကို အခိုင်အမာကျင့်သုံးမည်ဟု ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြား ထားသည်။
ပြည်သူ့ပါတီ ဖြစ်ပေါ်လာ သည်ကို ကြိုဆိုကာ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စု ထူ ထောင်နိုင်ရေး ကြိုးပမ်းသည့် အင်အားစုတစ်ရပ် ပေါ်ပေါက်လာ သည်ဟု မှတ်ယူကြောင်း UNA ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့် လွင်က ပြောကြားထားသည်။ ပြည်သူ့ပါတီနှင့် ပူးပေါင်းဆောင် ရွက်မှု၊ အပြန်အလှန်ဆွေးနွေးညှိ နှိုင်းမှုများ ရှိနိုင်ကြောင်း UNA အတွင်းရေးမှူး အဖွဲ့ဝင်များက ပြောသည်။
UNA တွင် အဖွဲ့ဝင် တိုင်း ရင်းသားနိုင်ငံရေးပါတီ ၁၅ ခု ပါဝင်သည်။
=======================
251 / End
၁၂ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၀၉
News ID: 920312
၈၈ မျိုးဆက်နှင့် နိုင်ငံ ရေးအင်အားစုများ ပါဝင်တည် ထောင်ထားသည့် ပြည်သူ့ပါတီ က မဟာမိတ်ဖွဲ့စည်းရေး ပထမ ဆုံးခြေလှမ်းအဖြစ် စည်းလုံးညီ ညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင်များနှင့် ဒီဇင်ဘာ ၁၁ ရက် က တွေ့ဆုံခဲ့သည်။