အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တာဝန်ရှိသူများပါဝင်ပတ်သက်နေသည့် မူးယစ်ဆေးဝါးတိုင်စာများကို ပြည်ထဲရေးဝန်ကြီးထံပို့နေရ ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
‘‘သူ့နယ်မြေနဲ့သူဖမ်းရင် ပျောက်သွားမှာစိုးလို့။ သူ့ဟာ နဲ့သူပေါင်းပြီး ပျောက်သွားမှာစိုးလို့’’ ဟု သမ္မတဦးဝင်းမြင့်က ပြောသည်။ ထို့ကြောင့် ဗဟိုမှရွေ့လျားအဖွဲ့ဖြင့် ဆင်းဖမ်းရ ကြောင်း သမ္မတကပြောသည်။
မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် အာဏာရှိသူများ ၀င် မစွက်ဖက်ရန် သမ္မတကသတိပေးပြီး ဥပဒေအရ အရေးယူ မည်ဟု ၎င်းက ဒီဇင်ဘာ ၁၄ ရက်တွင် မွန်ပြည်နယ်ဌာနဆိုင် ရာများနှင့်တွေ့ဆုံပွဲ၌ သတိပေးခဲ့သည်။
မူးယစ်မှုများတွင် တရားရုံး ၏ လွတ်လပ်သောစီရင်ပိုင်ခွင့် ကို ၀င်ရောက်မစွက်ဖက်ရန် လည်း သမ္မတဦးဝင်းမြင့်ကသတိ ပေးသည်။
မူးယစ်ဆေးဝါးနှိမ်နင်းသည့် ကိစ္စတွင် အချို့ဝန်ထမ်းများပါဝင် ပတ်သက်နေပြီး မည်သို့ပတ်သက် မှုဖြစ်စေ၀န်ထမ်းကြီး၊ ငယ်တရား ဥပဒေအရ အရေးယူမည် ဖြစ် ကြောင်း ၎င်းကဆိုသည်။
‘‘သိရက်နဲ့ မသိသလိုမနေ နဲ့၊ ဖုံးကွယ်မနေနဲ့။ ဖမ်းခိုင်းတဲ့ကိစ္စကို မဖမ်းဘဲနဲ့ မထားပါနဲ့။ ဖမ်းရ မယ့်ကိစ္စကို ကွင်းဆက်ပျောက် အောင်မလုပ်ပါနဲ့။ ကျွန်တော်တို့ အရေးယူမယ်’’ ဟု သမ္မတ ဦးဝင်းမြင့်ကပြောသည်။
မူးယစ်ဆေးဝါး အထူး သတင်းပေး တိုင်ကြားရေးဌာနကို သမ္မတရုံးက ယခုနှစ်ဇွန်လတွင် ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားသူများကို လျှို့ဝှက်ပေးထားသည်။ တိုင် ကြားမှုများမှ တရားခံ ၆၀၀ ကျော် ဖမ်းဆီးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေးမြို့တွင် မူးယစ်လက် ကြီးသမားများ ဖမ်းမိရေး သမ္မတ ရုံးသို့ အကူအညီတောင်းရ ကြောင်း ပြောကြားထားသည်။
သမ္မတ ဦးဝင်းမြင့်၏ မွန် ပြည်နယ်ခရီးစဉ်တွင် ပြည်သူလူ ထုတိုင်ကြားသည့် တိုင်ကြားစာ အစောင် ၈၀ ခန့်လက်ခံရရှိသည် ဟု သမ္မတခရီးစဉ်အတွင်း တိုင် ကြားစာလက်ခံရယူသည့် ဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။
‘‘လယ်ယာခြံမြေ မတရား သိမ်းထားတာ စက်ရုံအမည်ခံပြီး သိမ်းလိုက်၊ စစ်တပ်အမည်ခံနဲ့ သိမ်းလိုက်၊ အကျိုးတူလုပ်လိုက် အဲဒါကို သမ္မတကြီးကိုသိစေချင် လို့ကျွန်တော်တို့ကအခုလို လာ တိုင်တာ’’ ဟု နိုင်ငံတော်သမ္မတထံ တိုင်ကြားစာပေးပို့သူ သထုံမြို့ဒူး ရင်းဆိပ်ကျေးရွာအုပ်စုရှိ တာယာ စက်ရုံအနီးနေ ဦးကုလားကပြော သည်။
သမ္မတထံတိုင်ကြားသည့် တိုင်စာများတွင် သထုံခရိုင်မှ လာရောက်တိုင်ကြားသည့်စာ အ များစုဖြစ်ကြောင်း၊ တိုင်စာများ သည်လယ်ယာမြေသိမ်းဆည်းမှု နှင့် ပတ်သက်သည့် စာအများဆုံး ဖြစ်ကြောင်း တိုင်ကြားစာလက်ခံ ရယူသည့်ဌာနမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
‘‘ဌာနဆိုင်ရာကနေ သိမ်း ထားတဲ့မြေတွေကို သမ္မတကနေ စာကျထားပြီးပြီ။ ပြန်ပေးဖို့အချိန် ကြန့်ကြာအောင်လုပ်တယ်။ အဲဒီ အတွက် ကျွန်မတို့လယ်သမား တွေက သမ္မတကို တိုင်ကြားရတာ ဖြစ်တယ်’’ ဟု တိုင်စာပေးပို့သူ ဒေါ်နီစိန်ကပြောသည်။
သိမ်းဆည်းခံလယ်ယာမြေ များ ပြန်လည်စွန့်လွှတ်ရေး၊ လျော်ကြေးပေးရေးနှင့် ပတ်သက် ပြီးနိုင်ငံတော်အစိုးရအနေဖြင့် မူ ၀ါဒချမှတ်ပြီး ဆောင်ရွက်နေ သည်ဟု နိုင်ငံတော်သမ္မတဦးဝင်း မြင့်က ယမန်နေ့တွေ့ဆုံပွဲတွင် ပြောကြားသည်။
သိမ်းဆည်းလယ်ယာမြေနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရ ချမှတ်ထားသည့် မူဝါဒအ ကောင်အထည်ဖော်ရာတွင် တိုင်း နှင့် ပြည်နယ်အစိုးရများက လက် ရှောင်နေကြောင်းနှင့် ပြန်လည် စွန့်လွှတ်ရမည့်မြေများ မစွန့်လွှတ် ဘဲရှိနေကြောင်း နိုင်ငံတော် သမ္မတကပြောသည်။
‘‘ဒီထက်ဆိုးတာ ရှိသေး တယ် ဥပဒေနဲ့ သိမ်းဆည်းခဲ့လို့ နိုင်ငံတော်က မူဝါဒချပြီးတော့ ပြန်ပေးနေတာကို ပြည်နယ်၊တိုင်း အစိုးရတွေက ဟိုဟာ၊ ဒီဟာလုပ် ချင်ပြန်မပေးဘူး။ တချို့ဝန်ကြီး ဌာနလည်းပါပါတယ်။ ပြည် ထောင်စု ၀န်ကြီးဌာနလည်းပါပါ တယ်။ ကိုယ့်ပစ္စည်းကျနေတာပဲ ကိုယ့်ရဲ့အမွေခံကျနေတာပဲ။ ဒါ ကိုပြန်စိစစ်မယ်၊ တစ်ခါတည်း ရှင်းရှင်းပြောလိုက်မယ် ပြန်ပေး ပါ။ မွန်ပြည်နယ်မှာလည်းရှိတယ် ကျွန်တော့်ကို တိုင်ထားတာမလုပ် ရဘူး။ နိုင်ငံတော်အစိုးရက ချ ထားတဲ့မူဝါဒကို ပြန်မဖျက်ပါနဲ့ ပေးစရာရှိတာပေးလိုက်၊ စွန့် လွှတ်စရာရှိတာ စွန့်လွှတ်လိုက် ကိုယ်ပြန်လုပ်ချင်ရင် တခြားနေ ရာရှာ’’ သမ္မတဦးဝင်းမြင့်ကပြော သည်။
နိုင်ငံတော် သမ္မတသည် မွန်ပြည်နယ်ခရီးစဉ်တွင် မွန် ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည် နယ်လွှတ်တော်နှင့် ဌာနဆိုင်ရာ များနှင့် တွေ့ဆုံပြီးနောက်ကျိုက် သလ္လံဘုရားသို့ သွားရောက်ဖူး မြော်ကာ ကရင်ပြည်နယ်သို့ ခရီး ဆက်မည်ဖြစ်သည်။
=======================
251 / End
တာဝန်ရှိသူများ ပတ်သက်နေသည့် မူးယစ်တိုင်စာများ အမှုပျောက်မည်စိုး၍ ဗဟိုမှ ဆင်းဖမ်းရဟု သမ္မတပြော စွန့်လွှတ်မြေများကို အမွေပိုင်ပစ္စည်း
၁၄ ဒီဇင်ဘာ ၂၀၁၈ - ၁၉:၄၁
News ID: 920616
တာဝန်ရှိသူများပါဝင်ပတ်သက်နေသည့် မူးယစ်ဆေးဝါးတိုင်စာများကို ပြည်ထဲရေးဝန်ကြီးထံပို့နေရ ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။