၁၇ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၁၄
မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မည့်နိုင်ငံများကို ဂျပန်နိုင်ငံ သဘောမတူဟု သံအမတ်ကြီးပြောကြား

ရခိုင်ပြည်နယ်အရေး ကြောင့် မြန်မာနိုင်ငံအပေါ်စီးပွား ရေးပိတ်ဆို့မည့် နိုင်ငံများကို သဘောမတူကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီ ရိုမာရူယာမကပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်အရေး ကြောင့် မြန်မာနိုင်ငံအပေါ်စီးပွား  ရေးပိတ်ဆို့မည့် နိုင်ငံများကို သဘောမတူကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီ ရိုမာရူယာမကပြောကြားသည်။

စီးပွားရေးပိတ်ဆို့ပါက ဒေ သခံအလုပ်သမားများ ဒုက္ခခံစား ရမည်ဖြစ်ပြီး ပိုမိုရှုပ်ထွေးမည် ဖြစ်ကြောင်း  ဂျပန်သံအမတ်ကြီး က ယမန်နေ့တွင် ISP Myanmar  ကပြုလုပ်သည့် မြန်မာ့ဒီမိုကရေ စီအသွင်ကူးပြောင်းရေးလမ်းမှန်  လျှောက်ဆဲလား၊ လမ်းချော်လွဲပြီ လား ဆွေးနွေးပွဲသို့ တက်ရောက် စဉ်မှတ်ချက်ပြုပြောကြားသည်။

‘‘စီးပွားရေးပိတ်ဆို့မှုလုပ်ပြီး တော့ တကယ်ရခိုင်ပြည်နယ်ကိစ္စ ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်တော် တို့ဂျပန်လည်းလုပ်ပါမယ်။ ဒါပေ မဲ့ စီးပွားရေးပိတ်ဆို့မှု လုပ်ရင်အ ရမ်းဒုက္ခခံစားရတာက ဒေသခံ ပါ။ ဒေသခံက အလုပ်သမားများ၊ အဲဒါဒုက္ခခံစားရမယ်။ အဲဒါလုံးဝ  အဓိပ္ပာယ်မရှိပါဘူး’’ ဟု မစ္စတာ  မာရူယာမကပြောသည်။

လက်ရှိမြန်မာနိုင်ငံ အခြေ အနေသည် အတော်ခရီးရောက် နေပြီးပို၍ အရှိန်ဖြင့်သွားနိုင်ရန် ဂျပန်အစိုးရက တွန်းအားပေးလို ကြောင်းနှင့် လူထုရွေးချယ်တင် မြှောက်သည့်အစိုးရ အောင်မြင် ရန် အစွမ်းကုန် ကူညီမည်ဖြစ် ကြောင်း ၎င်းကထည့်သွင်းပြော ကြားသည်။

၂၀၁၉ သည် မြန်မာနိုင်ငံ နှင့် ဒီမိုကရေစီအတွက် အလွန် အရေးပါသည့် နှစ်ဖြစ်ပြီး အစိုးရ၊ ပြည်သူလူထု၊ စီးပွားရေးလုပ် ငန်းရှင်များက ၀ိုင်းတွန်းရမည်ဖြစ် ကြောင်း ဆောင်းပါးရှင် ဇေယျသူ က ISP ၏အထက်ပါ ဆွေးနွေးပွဲ၌ ပြောသည်။

‘‘ဒီကဏ္ဍမှာတော့ မြန်မာ ပြည်ရဲ့စီးပွားရေးပါတနာတွေထဲ မှာ ပါတဲ့ဂျပန်တို့၊ တရုတ်တို့၊ အ မေရိကန်တို့ဒါတွေရဲ့ အားကို လည်း အများကြီးယူရမှာဖြစ် တယ်။  ဂျပန်သံအမတ်ကြီးက တော့ခုနက အရေးယူပိတ်ဆို့မှု ကို ဂျပန်အစိုးရအနေနဲ့ လုပ်မှာ မဟုတ်ဘူးလို့၊ လက်မခံဘူးလို့ ပြောသွားတဲ့အတွက် အင်မတန် ကို ကျေးဇူးတင်ပါတယ်’’ ဟု ၎င်း ကပြောသည်။

လက်ရှိတွင် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် ၂၀၁၃ ကပေးအပ်ထားသောကုန် သွယ်မှုအထူးအခွင့်အရေး(GSP/ EBA) ကို ပြန်လည်ရုပ်သိမ်းရန် စဉ်းစားနေသည်။

=======================
251 / End