၂၂ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၀၉
နမ်းဟူးရွာသား ၅ ဦး အသတ်​ခံရမှု အ​ရေးယူ​ပေးရန် ဆန္ဒပြတောင်းဆို

ရှမ်းပြည်​နယ်​​တောင်​ပိုင်း၊ လွိုင်​လင်​မြို့နယ်​၊ နမ်းဟူး​ကျေးရွာ ရွာသား ၅ ဦးအသတ်​ခံရမှုကို အ​ရေးယူ​ပေးဖို့နဲ့ ​ကျေးရွာ​နေပြည်​သူ လုံခြုံ​မှုရရှိ​ရေးအတွက်​ ပအိုဝ်းတိုင်းရင်းသားတွေက ဒီဇင်ဘာ၂၁ ရက်က​ ​​တောင်​ကြီးမြို့မှာ ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်းပြည်​နယ်​​တောင်​ပိုင်း၊ လွိုင်​လင်​မြို့နယ်​၊ နမ်းဟူး​ကျေးရွာ ရွာသား ၅ ဦးအသတ်​ခံရမှုကို အ​ရေးယူ​ပေးဖို့နဲ့ ​ကျေးရွာ​နေပြည်​သူ လုံခြုံ​မှုရရှိ​ရေးအတွက်​ ပအိုဝ်းတိုင်းရင်းသားတွေက ဒီဇင်ဘာ၂၁ ရက်က​ ​​တောင်​ကြီးမြို့မှာ ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲဟာ ရှမ်းတိုင်းရင်းသားကို ဆန္ဒပြတာမဟုတ်​ဘဲ လက်​နက်​အားကိုးပြီး အပြစ်​မဲ့ပြည်​သူကို အနိုင်​ကျင့် သတ်​ဖြတ်​တဲ့အ​ပေါ် ရှုတ်ချဆန္ဒပြတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူ ပအိုဝ်းလူငယ် ခွန်စိုးမြင့်က ပြောပါတယ်။

ဆန္ဒပြပွဲမတိုင်​ခင်​ အရပ်​ဘက်​အဖွဲ့အစည်း​တွေအ​နေနဲ့ ထုတ်​ပြန်​​ကြေညာခဲ့သလို လူထုလှုပ်​ရှားမှုနဲ့ တရားမျှတမှု ရရှိဖို့​ တောင်းဆိုတာဖြစ်​ပြီး ​ဖြေရှင်းမှု တစုံတ​ရာ မရှိပါက ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ ဒါရိုက်တာ နန်းကြယ်စင်က ပြောပါတယ်။

ဒါ့အပြင်​ နိုင်​ငံ​တော်သမ္မတထံနဲ့ ရှမ်းပြည်​နယ်​ အစိုးရထံ အိတ်​ဖွင့်ပေးစာ​တွေ ​ပေးပို့သွားမယ်​လို့ ဆိုပါတယ်​။

ဆန္ဒပြပွဲမှာ စစ်​ရာဇဝတ်​ကျူးလွန်​သူ အ​ရေးယူ၊ ရပ်​ရွာတည်​ငြိမ်​​ရေး အမြန်​​ပေး၊ လူသတ်​မှု အလိုမရှိ၊ RCSS /SSA အလိုမရှိ၊ ဖက်​ဒရယ်​ပြည်​​ထောင်​စု တည်​​ဆောက်​​ရေး ဒို့အ​ရေး စတဲ့ ​ကြွေး​ကြော်​သံတွေနဲ့ ဗိုလ်​ချုပ်​​အောင်​ဆန်းလမ်းတ​လျှောက်​ ​တောင်​​ကျောင်းကြီး ဘုန်းကြီး​ကျောင်းထိ လမ်း​လျှောက်​ ဆန္ဒပြခဲ့ပါတယ်​။

ဆန္ဒပြပွဲမှာ ​တောင်​ကြီးခရိုင်​၊ လွိုင်​လင်​ခရိုင်​၊ ကယားပြည်​နယ်​က လူထု​တွေ နှစ်​​ထောင်​ဝန်းကျင်​ တက်​​ရောက်​ခဲ့ပါတယ်​။

ဒီဇင်ဘာ ၁၁ ရက်နေ့က လွိုင်လင်မြို့နယ်​ ​​တောင်နောက်ကျေးရွာအုပ်စု နမ်းဟူးရွာက ​ကျေးရွာရေရရှိရေးတွက် အုပ်ချုပ်ရေးမှူး၊ ရွာသူကြီး၊ ရုံးစာ​​ရေး၊ ကျောင်းကော်မတီတို့ ၄ ဦး သွားရောက်ပြုလုပ်​ပြီး အပြန်​မှာ RCSS/SSA တပ်ဖွဲ့က ​ဖမ်းဆီးခေါ်သွားလို့ အခြားရွာသား​တွေက ဖမ်းဆီးခံရသူကို လွှတ်​​ပေးဖို့ လိုက်​သွားရာမှ ပစ်ခတ်မှုဖြစ်​ပွားကာ ရွာသား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်​ရာရခဲ့ပါတယ်​။

=======================
251 / End