၂၂ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၂၁
ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို ပဲန်မြန်မာအဖွဲ့က ဂုဏ်ပြုဆုချီးမြှင့်

ရိုက်တာသတင်း ထောက်နှစ်ဦးကို ထောင်ဖမ်းခဲ့ ကြောင်း ထွက်ဆိုသည့် ဒုရဲမှူး ဟောင်း မိုးရန်နိုင်ကို ပဲန်မြန်မာ အဖွဲ့က လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန် စွာ ကာကွယ်ကျင့်သုံးသူဆုဂုဏ် ပြုချီးမြှင့်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရိုက်တာသတင်း ထောက်နှစ်ဦးကို ထောင်ဖမ်းခဲ့ ကြောင်း ထွက်ဆိုသည့် ဒုရဲမှူး ဟောင်း မိုးရန်နိုင်ကို ပဲန်မြန်မာ အဖွဲ့က လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန် စွာ ကာကွယ်ကျင့်သုံးသူဆုဂုဏ် ပြုချီးမြှင့်ခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန် မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ် တွင် ပြုလုပ်သော ပဲန်မြန်မာအဖွဲ့ ၏ပဉ္စမအကြိမ်မြောက် နှစ်ပတ် လည်အထွေထွေညီလာခံ၌ ယင်း ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေကျပ် ၁၅ သိန်းခြောက်သောင်းကို အခမ်းအနားဖြင့် ပေးအပ်ရာ ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ညီ ကိုရဲဝင်းနိုင်က လက်ခံရယူခဲ့သည်။

ဦးမိုးရန်နိုင်အနေဖြင့် ဒုရဲမှူး အဖြစ် တာဝန်ထမ်းဆောင်စဉ်က ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးမှုဖြစ်စဉ်ကို သိရှိခဲ့သူဖြစ် ပြီး ၎င်းသည် ရဲဝန်ထမ်းတစ်ဦး၏ မာနနှင့် သိက္ခာကို ငဲ့ကွက်သော အားဖြင့် ဖြစ်ရပ်မှန်ကို ကျမ်းကျိန် ထွက်ဆို၍ ထုတ်ဖော်ပြောကြားခဲ့ ခြင်း၊ နောက်ဆက်တွဲရလဒ်ဆိုး များကို ရင်ဆိုင်ရမည်ဟု ကြိုတင် ခန့်မှန်းသိရှိနိုင်ပါလျက် မိမိ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်ကို ထူးချွန်စွာ ကျင့် သုံးခဲ့သူ နိုင်ငံ့ဝန်ထမ်း(ဒုရဲမှူး) ဟောင်း ဦးမိုးရန်နိုင်အား ပဲန်မြန် မာက လေးစားစွာ ဂုဏ်ပြုဆုချီး မြှင့်ပါကြောင်း ထုတ်ပြန်သည်။

ထိုသို့ ထုတ်ဖော်ပြောကြား သဖြင့် ၎င်းသည် တာဝန်မှ ရပ်စဲခံရခြင်း၊ ထောင်သွင်းအကျဉ်းကျ ခံရခြင်း၊ မိသားစုများအား ဝန်ထမ်းအိမ်ရာမှ ချက်ချင်းပြောင်းရွှေ့စေ ခိုင်းခံရခြင်း စသည့် ဖြစ်ရပ်ဆိုးများ ကြုံတွေ့ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင် သည် လွတ်လပ်စွာ ရေးသားထုတ် ဖော်ပြောဆိုခွင့်အား ကျင့်သုံးခဲ့မှု ကြောင့် လက်ရှိ မြန်မာ့တရားစီ ရင်ရေးစနစ်၏ အားနည်းချက် များ၊ မတရားမှုများကို ရှာဖွေဖော် ထုတ်ရန်ထက် ဖုံးကွယ်လျှို့ဝှက် ထားရန် အားထုတ်မှုများနှင့် သတင်းမီဒီယာသမားများအား ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုများကို ထင်ရှားစေခဲ့ကြောင်း ဖော်ပြ သည်။

‘‘နိုင်ငံပိုင် မီဒီယာတွေကနေ ကြေညာသွားတာက တစ်မျိုး၊ တကယ်တမ်း ကျွန်တော့်အစ်ကို ရော သတင်းထောက်တွေ အရေး ယူခံရတာက တစ်မျိုး။ စာရွက်စာ တမ်းတွေ လက်ခံရယူလို့ အရေး ယူတယ်လို့ ကြေညာတယ်။ ကျွန် တော့်အစ်ကိုလည်း ပေးလို့အရေး ယူတယ်လို့ ကြေညာတယ်။ ဒါပေ မဲ့ အားလုံးပြီးသွားတဲ့အခါမှာ ကြေညာထားသလိုမဟုတ်တဲ့အ တွက် အမှန်တရားတစ်ခုပျောက် ဆုံးသွားတယ်’’ဟု ဒုရဲမှူးဟောင်း မိုးရန်နိုင် အရေးယူခံရသည့်အ ပေါ် ကိုရဲဝင်းနိုင်က ဆုလက်ခံရ ယူသည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။

ဒုရဲမှူး    မိုးရန်နိုင်သည် ရာထူးမှ ထုတ်ပယ်ခံရပြီး ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၆(ခ)၂၂ ဖြင့် ဧပြီ ၂၇ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ် နှစ် ချမှတ်ခံခဲ့ရသည်။

=======================
251 / End