အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရိုက်တာသတင်းထောက် နှစ်ဦး၏ အယူခံကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံးတွင် ကြားနာပြီး သတင်းထောက်နှစ်ဦးကို ထောက်ချောက်ဆင်ဖမ်းဆီးခဲ့ကြောင်း ထင်ရှားသဖြင့် တရားသေလွှတ်ပေးရန် ၎င်းတို့ ၏ ရှေ့နေက တင်ပြလျှောက် ထားသည်။
ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အ တွက် အယူခံတင်သွင်းထားမှုနှင့် ပတ်သက်ပြီး ယမန်နေ့က ရန်ကုန် တိုင်းတရားလွှတ်တော်ရုံး၌ နှစ် ဖက် ရှေ့နေများက အသီးသီးလျှောက်လဲချက်ပေးခဲ့သည်။
ရိုက်တာ သတင်းထောက် နှစ်ဦး ထောင်ချောက်ဆင် ဖမ်းဆီးခံရခြင်းမှာ အမှန်တရားဖြစ်၍ တရားသေလွှတ်ပေးရန် ၎င်းတို့၏ ရှေ့နေက တရားသူကြီးထံ လျှောက်ထားသည်။
ထို့အပြင် ၎င်းတို့နှစ်ဦးမှာ အပြစ်မရှိ၍ ပြတ်သားစွာ အမိန့် ချမှတ်မည်ဆိုပါက ပြစ်ဒဏ်များ လျှော့ပေါ့ပေးရန်နှင့် ချုပ်ရက်များ ဖြင့်သာ လွှတ်ပေးရန် ထပ်မံ၍ တင်ပြလျှောက်ထားသည်။
‘‘အောက်ရုံးရဲ့ ဆုံးဖြတ်ချက် တွေက ဘယ်လောက်မှားယွင်း တယ်ဆိုတာကို အထက်အယူခံ တရားရုံးကသိရှိအောင် လျှောက်လဲ ချက်ပေးခြင်း ဖြစ်တယ်။ အောက် ရုံးက လွဲမှားမှုတွေကို အယူခံ တရားရုံးက သိရှိပြီးတော့ ၀လုံးနဲ့ ကျော်စိုးဦးကို ဆုံးဖြတ်ပေးနိုင် မယ်လို့တော့ မျှော်လင့်ပါတယ်’’ ဟု ရိုက်တာသတင်းထောက် နှစ် ဦး၏ အကျိုးဆောင်တရားလွှတ် တော်ရှေ့နေ ဦးသန်းဇော်အောင် က ပြောသည်။
တရားလို အစိုးရရှေ့နေက ရိုက်တာသတင်းထောက် နှစ်ဦးထံ တွင် ထိပ်တန်းလျှို့ဝှက်ချက်များ တွေ့ရှိကြောင်း ထင်ရှားသဖြင့် မူလတရားရုံး၏ ဆုံးဖြတ်ချက်ကို ပြန်အတည်ပြုပေးရန်နှင့် အယူခံတင်သွင်းမှုကို ပလပ်ပေးရန် လျှောက်ထားသည်။
ရိုက်တာ သတင်းထောက် နှစ်ဦးအတွက် အယူခံကို ၂၀၁၉ ဇန်န၀ါရီတွင် အမိန့်ချဖွယ်ရှိ ကြောင်း ဦးသန်းဇော်အောင်က ပြောသည်။
‘‘အကောင်းဆုံးကို မျှော်လင့် နေပါတယ်။ ကျွန်မတို့ဘက်က ရှေ့နေတွေရဲ့ လျှောက်လဲချက် ကို အားရတယ်။ အမှန်တရားကို အမှန်အတိုင်းပဲ လျှောက်လဲထား တယ်။ တစ်ခွန်းမှ လုပ်ကြံထား တာမပါဘူး။ အဲဒါကြောင့် ကျေ နပ်တယ်’’ဟု ကိုဝလုံး၏ ဇနီးမပန်းအိမွန်က ပြောသည်။
လက်ရှိတွင် အင်းစိန်ထောင် တွင်း အကျဉ်းချခံထားရသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ယမန်နေ့က အယူခံကြား နာမှုကို ရန်ကုန်မြို့ အခြေစိုက် နိုင်ငံတကာ သံရုံးအချို့ကလည်း လာရောက် နားထောင်ခဲ့ကြ သည်။
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ခုနစ် နှစ်စီ ချမှတ်ခံထားရသော ရိုက် တာ သတင်းထောက်နှစ်ဦးအ တွက် အယူခံကို ရန်ကုန်တိုင်းဒေ သကြီး တရားလွှတ်တော်ရုံး၌ နိုဝင်ဘာ ၅ ရက်တွင် တင်သွင်းခဲ့သည်။
စာမျက်နှာငါးမျက်နှာပါရှိ သော အယူခံတွင် ရိုက်တာ သတင်းထောက်နှစ်ဦးအမှုနှင့် ပတ် သက်ပြီး မှားယွင်းသုံးသပ်ချက်များနှင့် အမှုအားနည်းချက်များကို ရေးသားထားကြောင်း ဦးသန်းဇော်အောင်က ပြောသည်။
ရိုက်တာ သတင်းထောက် နှစ်ဦးကို လွှတ်ပေးရန် ကမ္ဘာတစ် ၀န်းရှိ လူ့အခွင့်အရေးအဖွဲ့အ စည်း ၅၀ ကျော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ထံ နိုဝင်ဘာ ၅ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ထားသည်။
ရိုက်တာ သတင်းထောက် နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာ ၃ ရက် တွင် ထောင်ဒဏ် ခုနစ်နှစ်စီ အမိန့်ချမှတ်ခဲ့သည်။
=======================
251 / End