အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မုံရွာတွင် စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အားနှင့် မြေသြဇာ ထုတ်လုပ်ရန် ဂျပန်နိုင်ငံ အကူအ ညီဖြင့် ဆောင်ရွက်ရန် စီစဉ်နေ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန် ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောသည်။
မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီက နေ့စဉ်သိမ်း ဆည်းနေသည့် အမှိုက်များကို လျှပ်စစ်ဓာတ်အားနှင့် မြေသြဇာထုတ် လုပ်ရန် ဂျပန်နိုင်ငံ FUJITA ကုမ္ပ
ဏီမှ ကျွမ်းကျင်ပညာရှင်များဒီဇင်ဘာ ၂၃ ရက်တွင် လာရောက်လေ့လာခဲ့သည်။
‘‘ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့နဲ့ မုံရွာမြို့က ကာဗွန်လျှော့ချရေး အစီအစဉ်နဲ့ မိတ်ဖက်ဆောင်ရွက် တာပါ။ ဂျပန်အစိုးရရော နောက် ခံက FUJITA ကုမ္ပဏီက လုပ်ပေး မှာပါ။ သူတို့ဘယ်လိုလုပ်ပေးလို့ ရသလဲဆိုတာကို လာပြီးလေ့လာ တာပါ။ အဲဒါပြီးမှ ရန်ကုန်မှာဆွေး နွေးပွဲလုပ်ပြီး ဂျပန်ကိုတင်ပြရဦး မယ်။ ပြီးမှ ရေရှည်ဘယ်လိုလုပ် မယ်ဆိုတာ သိရမှာပါ’’ဟု ဦးသစ် ထူးမြင့်က ပြောသည်။
မုံရွာမြို့တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၃၀ မှ ၁၅၀ ခန့် အထိ ထွက်ရှိပြီး စွန့်ပစ်အမှိုက် များမှ လျှပ်စစ်ဓာတ်အား သာမ က စိုက်ပျိုးရေးလုပ်ငန်းသုံး မြေ ဆွေးမြေသြဇာကိုပါ ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း ၎င်းကပြော သည်။
‘‘မုံရွာမြို့ပေါ် ၂၇ ရပ်ကွက်ကို အမှိုက်သိမ်းစနစ်နဲ့ ဆောင်ရွက်နေပါတယ်။ လတ်တလော အမှိုက်ပစ်တဲ့နေရာကတော့ နှစ်ခုပေါ့။ ကိုင်းတောရွာ အနီးက အမှိုက်ပစ်ကွင်းနဲ့ အိုးဘိုတောင် ၁၀ ပေါက်တွဲအနီး အမှိုက်ပစ်ကွင်းပါ။ တစ်ရက်အမှိုက်တန်ချိန် ၁၅၀ နီးပါး သိမ်းဆည်းနေရတယ်’’ဟု မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောသည်။
မုံရွာမြို့ပေါ် ရပ်ကွက်များ သန့်ရှင်းသာယာလှပရေး နေ့စဉ်အမှိုက်သိမ်းယာဉ် ၂၇ စီး၊ သန့်ရှင်းရေးဝန်ထမ်း ၁၄၀ ကျော် အသုံးပြု၍ နေ့ရောညဥ့်ပါ အမှိုက်သိမ်း လုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း ဦးကျော်မျိုးဝင်းက ပြော သည်။
=======================
251 / End