အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဖမ်းခဲ့ကြောင်း ဖွင့်ချပြီး ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ် ခံထားရသော ဒုရဲမှူးဟောင်းမိုးရန်နိုင်သည် ၂၀၁၉ ဇန်န၀ါရီ ၂ ရက်တွင် လွတ်မြောက်မည်ဟု ၎င်း၏ဇနီးဒေါ်တူးတူးက ပြောသည်။
ဒေါ်တူးတူးသည် ဒီဇင်ဘာ ၂၆ ရက်က အင်းစိန်အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာ ဒုရဲမှူးဟောင်း မိုးရန်နိုင်က အ ထက်ပါအတိုင်း ပြောကြားခဲ့သည်။
‘‘ထောင်ဝင်စာသွားတွေ့တော့ ဇန်န၀ါရီ ၂ ရက်မှာ လွတ်မယ်လို့ ပြောတယ်။ အစ်မတို့လည်း အဲဒီနေ့မှာ သွားကြိုရမှာပေါ့’’ ဟု ဒေါ်တူးတူး က ပြောသည်။
ဒုရဲမှူးဟောင်း မိုးရန်နိုင် သည် အမှတ်(၈)လုံခြုံရေးရဲတပ် ဖွဲ့မှ ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာပြီး ရိုက်တာသတင်းထောက် နှစ်ဦးနှင့် တွေ့ဆုံမှုကြောင့်၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးခံ ရသည်။
ထို့အပြင် တရားခွင်အတွင်း ရိုက်တာသတင်းထောက်နှစ်ဦး ကို ရဲတပ်ဖွဲ့က ထောင်ချောက် ဆင်ဖမ်းဆီးသည်ဟု ဖွင့်ချမှု ကြောင့် ရာထူးမှ ထုတ်ပယ်ခံရပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၆(ခ)၂၂ ဖြင့် ဧပြီ ၂၇ ရက် က အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရသည်။
ထောင်ဒဏ်ချမှတ်ခံရပြီး နောက်တွင် ၎င်း၏မိသားစုသည် နေပြည်တော်ရဲလိုင်းခန်းမှ ချက် ချင်းဖယ်ရှားခံခဲ့ရသည်။ ယင်းသို့ သတင်းထောက်နှစ်ဦးကို ထောင် ဖမ်းခဲ့ကြောင်း ထွက်ဆိုသည့်ဒုရဲ မှူးဟောင်းမိုးရန်နိုင်အား ပဲန်မြန် မာအဖွဲ့က လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန် စွာကာကွယ်ကျင့်သုံးသူဆုကို ဒီ ဇင်ဘာ ၂၂ ရက်တွင် ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။
ဦးမိုးရန်နိုင်အနေဖြင့် ဒုရဲမှူး အဖြစ်တာဝန်ထမ်းဆောင်စဉ်က ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးမှုဖြစ်စဉ်ကို သိရှိခဲ့သူဖြစ် ပြီး ၎င်းသည်ရဲဝန်ထမ်းတစ်ဦး၏ မာနနှင့် သိက္ခာကိုငဲ့ကွက်သော အားဖြင့် ဖြစ်ရပ်မှန်ကို ကျမ်းကျိန် ထွက်ဆို၍ ထုတ်ဖော်ပြောကြား ခြင်း၊ နောက်ဆက်တွဲရလဒ်ဆိုး များရင်ဆိုင်ရမည်ဟု ကြိုတင် ခန့်မှန်းသိရှိနိုင်ပါလျက် မိမိ၏ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်ကို ထူးချွန်စွာကျင့်သုံး ခဲ့သူ နိုင်ငံ့ဝန်ထမ်း(ဒုရဲမှူး) ဟောင်းဦးမိုးရန်နိုင်အား ပဲန်မြန် မာက လေးစားစွာဂုဏ်ပြုဆုချီး မြှင့်ပါကြောင်း ထုတ်ပြန်သည်။
=======================
251 / End
၂၆ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၄၇
News ID: 922269
ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဖမ်းခဲ့ကြောင်း ဖွင့်ချပြီး ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ် ခံထားရသော ဒုရဲမှူးဟောင်းမိုးရန်နိုင်သည် ၂၀၁၉ ဇန်န၀ါရီ ၂ ရက်တွင် လွတ်မြောက်မည်ဟု ၎င်း၏ဇနီးဒေါ်တူးတူးက ပြောသည်။