အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြို့တော်အတွင်း LED နှင့် CCTV ဖိုက်ဘာကေ ဘယ်စနစ် စီမံကိန်းများကို ဘီအို တီစနစ်ဖြင့် အကောင်အထည် ဖော်ရန် အမေရိကန် ကုမ္ပဏီ Oxaia Network က စီစဉ်နေ ကြောင်း ရန်ကုန်တိုင်း အစိုးရက သတင်းထုတ်ပြန်သည်။
ထိုစနစ်များအတွက် သဘောတူညီမှု စာချွန်လွှာ (MoA) ရေးထိုးနိုင်ရေး ဒီဇင်ဘာ ၂၇ ရက် တွင် အဆိုပါ ကုမ္ပဏီက ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထံ လာရောက်ရှင်းပြခဲ့သည်ဟု တိုင်းအစိုးရက သတင်းထုတ်ပြန် သည်။
အဆိုပါ ကုမ္ပဏီသည် ရန် ကုန်မြို့တော်အတွင်း လမ်းမီးတိုင် များ၊ ဖိုက်ဘာကေဘယ်များကို စနစ်တကျ စောင့်ကြည့်နိုင်ရန် သတင်းအချက်အလက်စင်တာ တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းအစိုးရက ဆိုသည်။
Oxaia Network သည် နယူးယောက်အခြေစိုက် ကုမ္ပဏီဖြစ် ပြီး မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ် ထားသည်။ ဆက်သွယ်ရေးလုပ် ငန်း လုပ်သက် နှစ် ၁၂၀ ကျော်ရှိ ကာ Huawei, Vodacom, ZTE,Ericsson, SIEMENS စသည့် ကုမ္ပဏီတို့နှင့် ချိတ်ဆက်လုပ် ကိုင်နေကြောင်း ကုမ္ပဏီဝက်ဘ် ဆိုက်၌ ဖော်ပြထားသည်။
ရန်ကုန်မြို့တွင် ဖိုက်ဘာ ကေဘယ်ကို ဓာတ်တိုင်များ၌ သွယ်တန်းရန် ကုမ္ပဏီသုံးခုနှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းနှင့် ကုမ္ပဏီငါးခုကို တပ်ဆင်ခွင့်ပြု ထားသည်။ အင်တာနက်ဆက် သွယ်ရေးကွန်ရက် တည်ဆောက် ခြင်းနှင့် ရောင်းချခြင်းများတွင် လိုင်စင်ရ ကုမ္ပဏီ ၅၀ ခန့်ရှိသည်။
ရန်ကုန်မြို့တော်အတွင်း မီး ပွိုင့်များတွင် CCTV များ တပ်ဆင် ၍ ထိန်းချုပ်ရေးစင်တာမှ ထိန်း ချုပ်သည့်စနစ်ကို အကောင်အ ထည်ဖော်ရန် ၂၀၁၅ က စတင်ခဲ့ သော်လည်း လက်ရှိအချိန်ထိ ပြီးစီးခြင်းမရှိသေးပေ။ ထိုစနစ် တွင် ယာဉ်ကြောကျပ်တည်းမှုဖြေ လျှော့ရန်၊ လမ်းညွှန် LED ဘုတ် များတပ်ဆင်ရန် စသည်တို့ပါဝင် သည်ဟု အစိုးရက ဆိုသည်။
=======================
251 / End
ရန်ကုန်မြို့တော်အတွင်း လမ်းမီးတိုင်နှင့် ဖိုက်ဘာကေဘယ်စနစ် စီမံကိန်းများအတွက် အမေရိကန်ကုမ္ပဏီတစ်ခု လာရောက်ရှင်းလင်း
၂၈ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၄၅
News ID: 922553
ရန်ကုန်မြို့တော်အတွင်း LED နှင့် CCTV ဖိုက်ဘာကေ ဘယ်စနစ် စီမံကိန်းများကို ဘီအို တီစနစ်ဖြင့် အကောင်အထည် ဖော်ရန် အမေရိကန် ကုမ္ပဏီ Oxaia Network က စီစဉ်နေ ကြောင်း ရန်ကုန်တိုင်း အစိုးရက သတင်းထုတ်ပြန်သည်။