၂၉ ဒီဇင်ဘာ ၂၀၁၈ - ၁၈:၁၇
ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး စတင်ဆောင်ရွက်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူပြော

တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ရွာသူရွာ သားများ နေရပ်ပြန်နိုင်ရေး စတင် ဆောင်ရွက်နေပြီး တိုက်ပွဲရှောင် ရွာသူ၊ ရွာသားအားလုံး အမြန်ဆုံး နေရပ်ပြန်နိုင်ရေး ဆောင်ရွက် မည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ ဗိုလ်မှူးကြီးထွန်းနေလင်း က ဒီဇင်ဘာ ၂၉ ရက်တွင် ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ရွာသူရွာ သားများ နေရပ်ပြန်နိုင်ရေး စတင် ဆောင်ရွက်နေပြီး တိုက်ပွဲရှောင် ရွာသူ၊ ရွာသားအားလုံး အမြန်ဆုံး နေရပ်ပြန်နိုင်ရေး ဆောင်ရွက် မည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ ဗိုလ်မှူးကြီးထွန်းနေလင်း က ဒီဇင်ဘာ ၂၉ ရက်တွင် ပြော ကြားသည်။

‘‘တိုက်ပွဲရှောင်စခန်းတွေမှာ နေတဲ့လူတွေကို သူတို့နေတဲ့ရွာ တွေမှာ အမြန်ဆုံးပြန်နေထိုင်နိုင် အောင်ညှိနှိုင်းဆောင်ရွက်ဖို့ရှိပါ တယ်။ လက်ရှိလည်း ညှိနှိုင်း ဆောင်ရွက်နေတာရှိပါတယ်’’ ဟု  ၎င်းကဆိုသည်။

လက်ရှိတွင် တိုက်ပွဲကြောင့်  ပျက်စီးသည့် မြစ်ကြီးနား - လိုင် ဇာလမ်းရှိ နန်ဆန်ယန်ကျေးရွာ၌ တပ်မတော်က မိုင်းရှင်းလင်းရေး ဆောင်ရွက်နေကြောင်း  ဗိုလ်မှူး ကြီးထွန်းနေလင်းကပြောသည်။

‘‘လတ်တလောအမြန်ဆုံးအ ခြေချပြီး နေထိုင်နိုင်ဖို့အတွက် နီး စပ်တဲ့နေရာပေါ့။ အရင်ဆုံးနေ ထိုင်နိုင်တဲ့နေရာမျိုးကို ဦးစားပေး ပြီးတော့ပေါ့။ အကုန်လုံးသူ့နေရပ်  သူပြန်နေနိုင်အောင်တော့ကျွန် တော်တို့က စီစဉ်ဆောင်ရွက်ပေး မှာပါ။ တိုက်ပွဲရှောင်နေတဲ့ရွာသူ၊ ရွာသားတွေ အမြန်နေရပ်တွေ ပြန်နိုင်အောင် သူတို့ (KIO/KIA)  ဘက်လည်း ၀ိုင်းပြီးတော့တတ်နိုင် သလောက် ကူညီဆောင်ရွက်ဖို့လို တာပေါ့’’ ဟု၎င်းကပြောသည်။

တပ်မတော်က မိုင်းရှင်း လင်းရေးဆောင်ရွက်နေပြီဖြစ် သော နန်ဆန်ယန်ကျေးရွာတွင် စစ်ရှောင်အိမ်ထောင်စု ၁၇ စုပြန် လည်နေထိုင်နေကြောင်း၊ ဒီဇင် ဘာ ၂၈ ရက်တွင် စစ်ရှောင်စခန်း အသီးသီးမှနန်ဆန်ယန်ရွာသူ၊ ရွာ သားများစုပေါင်း၍ နန်ဆန်ယန် ရွာ၌ ခရစ္စမတ်ပွဲတော်ကျင်းပခဲ့ ကြောင်း ယင်းရွာသား ဦးဆိုင် ခေါန်ကပြောသည်။

မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ (PCG) အနေဖြင့် စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေသော်လည်း ပိုမိုရောက်စေရန် တပ်မတော်နှင့် KIO/KIA တို့တွေ့ဆုံရန်လိုအပ် ကြောင်း PCG မှ ဦးဆန်းအောင် ကပြောသည်။

တပ်မတော်နှင့် KIA တို့ ၂၀၁၁ က စတင်ဖြစ်ပွားသည့် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ  ကျေးရွာသုံးရွာ ကျော်မှ ပြည်သူများသည်၎င်းတို့ နေရပ်ကိုစွန့်ခွာကာ စစ်ဘေး ဒုက္ခသည်စခန်းများ၌ စားဝတ်နေ ရေးခက်ခဲစွာ နေထိုင်နေရသည်။ ခုနစ်ကျော်ကြာသည်အထိ စစ် ရှောင်အများစု နေရပ်မပြန်နိုင် သေးဘဲလက်ရှိတွင် စစ်ရှောင် စခန်း ၁၀၀ ကျော်၌ လူတစ်သိန်း ကျော်ရှိကြောင်း ကူညီရေးအဖွဲ့ တာဝန်ရှိသူများကပြောသည်။

=======================
251 / End