၃၀ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၁၉
အထက်ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ဓာတ်အားဝယ်ယူရေး အစိုးရနှင့်ကုမ္ပဏီစာချုပ်ချုပ်ဆို

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် လာမည့်သုံးနှစ်အတွင်း ပြီးစီးမည် ဖြစ်ပြီး တစ်နှစ်လျှင်လျှပ်စစ်ယူနစ် သန်း ၁၃၀ ကျော်ထုတ်လုပ်နိုင် မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် လာမည့်သုံးနှစ်အတွင်း ပြီးစီးမည် ဖြစ်ပြီး တစ်နှစ်လျှင်လျှပ်စစ်ယူနစ် သန်း ၁၃၀ ကျော်ထုတ်လုပ်နိုင် မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

အဆိုပါစီမံကိန်းမှထွက်ရှိ သည့် ဓာတ်အားများကို ရှမ်းပြည် နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ နှင့် အနီးဝန်းကျင်ကျေးရွာများသို့ ဖြန့်ဖြူးမည်ဖြစ်သည်။

အထက်ဘီလူးချောင်းရေ အားလျှပ်စစ်စီမံကိန်းကို ၂၀၁၁ တွင်စတည်ဆောက်လုပ်ပြီးလက် ရှိ၌ ၄၅ ရာခိုင်နှုန်းကျော်ပြီးစီးနေ ကာ ဆောက်လုပ်သည့်ကုမ္ပဏီနှင့် အစိုးရကြား လျှပ်စစ်ဓာတ်အား ၀ယ်ယူရေး သဘောတူညီမှုစာ ချုပ်ကို ဒီဇင်ဘာ ၂၈ ရက်တွင် ချုပ်ဆိုခဲ့သည်။

စီမံကိန်းကို စွမ်းအားသစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီက ဘီအိုတီ(တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း)စနစ်ဖြင့် ဆောက်လုပ်ခြင်းဖြစ်သည်။ ကုမ္ပဏီက စီမံကိန်းတည်ဆောက် စဉ် ဒေသခံလူ ၅၀၀ နှင့် စက်ရုံ ပြီးစီးပါက ဒေသခံအင်ဂျင်နီယာ ၃၀ ခန့်ကို အလုပ်ပေးမည်ဟုကတိ ပေးပြီးနှစ်စဉ် ကုမ္ပဏီအမြတ်ငွေ ၂ ရာခိုင်နှုန်းကို လူမှုရေးအကျိုးပြု လုပ်ငန်းတွင် အသုံးပြုမည်ဟု ကတိပြုခဲ့သည်။

အထက်ဘီလူးချောင်းရေ အားလျှပ်စစ်စီမံကိန်းတွင် ဓာတ် အားပေးစက်ရုံနှစ်ရုံပါဝင်ပြီး အ မှတ်(၁)သည် စက်တပ်အင်အား ၂၀ မဂ္ဂါဝပ်ကျော်နှင့် အမှတ်(၂)သည် စက်တပ်အင်အား ၁၀ မဂ္ဂါ ၀ပ်ဖြစ်ပြီး စုစုပေါင်းစက်တပ်အင် အား မဂ္ဂါဝပ် ၃၀ ကျော်ဖြစ်သည်။ ဘီလူးချောင်းတွင် ကယားပြည် နယ်၌ ၁၉၆၀ ၀န်းကျင် ရေအား လျှပ်စစ်စီမံကိန်းများကို ဂျပန် နိုင်ငံအကူအညီဖြင့်တည်ဆောက် ထားသည်။

ယင်းတို့အနက် မူလဘီလူး ချောင်းရေအားလျှပ်စစ်စီမံကိန်း အမှတ်(၁)စက်ရုံကို ဂျပန်နိုင်ငံ ချေးငွေဖြင့် ၂၀၁၃ တွင် ပြန်လည် ပြင်ဆင်ပြီး ၁၆၈မဂ္ဂါဝပ်ထုတ်လုပ် နိုင်သည်။ ၂၈ မဂ္ဂါဝပ်ထုတ်လုပ်နိုင် မည့်ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းအပိုင်း(၁)ကိုဂျပန်နိုင်ငံမှချေးငွေရယူပြီး၂၀၁၈-၁၉ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အ တွင်းပြင်ဆင်ရန်စီစဉ်ထားသည်။

=======================
251 / End