၃၁ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၄၁
ရပ်စောက်ကလေးပျောက်မှု ရဲနှင့်ပြည်သူ့စစ် ဝိုင်းဝန်းရှာဖွေ

ရပ်စောက်မြို့နယ် ပြောင်းဖူးခြံအတွင်း ပျောက်သွား သော ကလေးအမှု ၁၀ ရက်ကြာ ပြီးနောက် ယမန်နေ့တွင် ရဲတပ်ဖွဲ့ နှင့် ပြည်သူ့စစ်တို့ လာရောက် ကူညီရှာဖွေခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရပ်စောက်မြို့နယ် ပြောင်းဖူးခြံအတွင်း ပျောက်သွား သော ကလေးအမှု ၁၀ ရက်ကြာ ပြီးနောက် ယမန်နေ့တွင် ရဲတပ်ဖွဲ့ နှင့် ပြည်သူ့စစ်တို့ လာရောက် ကူညီရှာဖွေခဲ့သည်။

 တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊ ရပ်စောက်မြို့နယ်ရဲတပ်ဖွဲ့၊ ဟိုပုံး မြို့နယ်ရဲတပ်ဖွဲ့နှင့် PNA အသွင် ပြောင်းပြည်သူ့စစ်ဌာနမှ ပြည်သူ့ စစ်များ စုစုပေါင်းအင်အား ၆၀ ခန့်က ရွာသားများနှင့်အတူ စုစု ပေါင်း လူအင်အား ၁၀၀ ကျော် ဖြင့် ကလေးပျောက်သည့်ခြံတွင် လာရောက်ရှာဖွေခဲ့သည်။

 ‘‘ဒီနေ့တော့ လာကူရှာ တယ်။ နေ့လယ် ၁ နာရီကနေ ၃ နာရီကျော်အထိပါ။ နောက်လည်း လာကူရှာမယ်။ သူတို့နည်း သူတို့ ဗျူဟာနဲ့လည်း ရှာဖွေသွားမယ် လို့ ပြောတယ်ဗျ။ ကလေးတော့ မတွေ့သေးဘူး’’ဟု ကလေး ပျောက်မှုကို ကူညီရှာဖွေသည့် မြေမဲရွာသား ခွန်မျိုးမြတ်ကပြော သည်။

 ဒီဇင်ဘာ ၃၀ ရက်တွင် ကလေးပျောက်သည်ကို အစိုးရ က ကူညီရှာဖွေပေးရန် ကလေး ဖခင် ဦးစိုင်းခမ်းက တောင်းဆိုပြီး နောက် ယမန်နေ့၌ ရဲတပ်ဖွဲ့ဝင် များ၊ ပြည်သူ့စစ်များက လာ ရောက်ပူးပေါင်းရှာဖွေသည်။

ရပ်စောက်မြို့နယ် ယမ်း တွင်းငါးကြောင် ကျေးရွာအုပ်စု မြေမဲရွာနေ ဦးစိုင်းခမ်း၊ ဒေါ်နန်း ခမ်းဆိုင်၏သား အသက်(၂)နှစ်ခွဲအရွယ် စိုင်းအိုက်အွန်သည် ဒီဇင်ဘာ ၂၂ ရက်တွင် အမေဖြစ်သူနှင့်အတူ ပြောင်းဖူးခြံထဲ လိုက်သွား ရာမှ ပျောက်ဆုံးခဲ့သည်။

=======================
251 / End