၅ ဇန်နဝါရီ ၂၀၁၉ - ၁၆:၁၀
AA က ဖမ်းဆီးခေါ်ဆောင်သွားသူများ ပြန်လွတ်လာ

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဖမ်းဆီးသွားသည့် နယ်ခြားစောင့်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ၀န်ထမ်းနှင့် အရပ်သားများ ပြန်လည်လွတ်မြောက်လာကြောင်း ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီမင်းက အတည်ပြုသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဖမ်းဆီးသွားသည့် နယ်ခြားစောင့်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ၀န်ထမ်းနှင့် အရပ်သားများ  ပြန်လည်လွတ်မြောက်လာကြောင်း ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီမင်းက အတည်ပြုသည်။

‘‘အရပ်သား လေးဦး၊ တပ် ဖွဲ့ဝင် ၁၂ ဦး၊ လ၀က ၀န်ထမ်း တွေ၊ ဒါတွေ ပြန်ပြီးတော့ရတာ ပေါ့’’ ဟု ဦးညီညီမင်းက ဇန်န၀ါရီ ၅ ရက်တွင် ဘူးသီးတောင်သို့ သတင်းလာရောက်ရယူသည့် မီဒီ ယာများအား အတည်ပြုပြော ကြားသည်။

ဇန်န၀ါရီ ၄ ရက်က ဘူးသီး တောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခု တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် AA က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော်နှင့် ၀န်ထမ်းအချို့၊ အရပ်သားအချို့ကို ဖမ်းဆီးခေါ် ဆောင်သွားသည်။

ရဲကင်းစခန်း  တိုက်ခိုက်မှု ဖြစ်စဉ်တွင် ဖမ်းဆီးခဲ့သူအားလုံး ကို ဇန်န၀ါရီ ၄ ရက် ညနေက တည်းက ပြန်လွှတ်ပေးခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောဆိုထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ရဲတပ် ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိ သည့် ရဲတပ်ဖွဲ့ဝင်များကို မောင် တောဆေးရုံတွင် ကုသနေပြီး နှစ်ဦး ဒဏ်ရာပြင်းထန်သည်။

သေဆုံးသည့် ရဲတပ်ဖွဲ့ဝင် များအားထောက်ပံ့မှုများ ပြုလုပ် မည်ဖြစ်ကြောင်း၊ ရေရှည်ကူညီ ထောက်ပံ့ပေးနိုင်ရန် ပြည်နယ် ၀န်ကြီးချုပ်၏ လမ်းညွှန်မှုအရ ဆောင်ရွက်မည်ဖြစ်ကြောင်း  ဦး ညီညီမင်းက ပြောသည်။

ရဲကင်းစခန်းများ တိုက် ခိုက်မှုဖြစ်စဉ်တွင် အရပ်သား သေဆုံး၊ ဒဏ်ရာရမှုရှိ၊မရှိ စိစစ် ဆဲဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ် ကြောင့် စစ်ဘေးတိမ်းရှောင်လာ သည့် လူ ၂၀၀ ကျော်ကိုလည်းကူ ညီထောက်ပံ့ခဲ့ကြောင်း ၎င်းက ဆိုသည်။ AA က ရဲကင်းစခန်းများကို ၀င်ရောက်တိုက်ခိုက်သည့် ဇန်န ၀ါရီ ၄ ရက်တွင် တပ်မတော်နှင့် AA အကြား ထိတွေ့မှုများဆက် လက်ဖြစ်ပွားသော်လည်း ဇန်န ၀ါရီ ၅ ရက်တွင်မူ တပ်မတော်နှင့် AA အကြားတိုက်ပွဲဖြစ်ပွားသည့်

သတင်းမကြားရကြောင်း  တပ်မ တော်သတင်းမှန်ပြန်ကြားရေးအ ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။

=======================
251 / End