၈ ဇန်နဝါရီ ၂၀၁၉ - ၁၄:၂၅
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေး ဘင်္ဂလားဒေ့ရှ်အစိုးရသစ်က ပြန်လည်လက်

ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ပြန်လည်စတင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် ကြီးကို ယမန်နေ့တွင် နေပြည် တော်၌ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ပြန်လည်စတင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် ကြီးကို ယမန်နေ့တွင် နေပြည် တော်၌ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ယင်းသို့တွေ့ဆုံစဉ် နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်က ရခိုင်ပြည် နယ်တွင် နေထိုင်ဖူးကြောင်းစိစစ်ပြီးသည့် နေရပ်စွန့်ခွာသူ ၆၀၃ဦးစာရင်းကို ဘင်္ဂလားဒေ့ရှ်သံအ မတ်ကြီးထံ ပေးအပ်ခဲ့ကြောင်း ယမန်နေ့ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

အဆိုပါလူခြောက်ရာကျော် စာရင်းသည် ဘင်္ဂလားဒေ့ရှ်က ပေးအပ်ထားသော နေရပ်စွန့်ခွာ သူ နှစ်သောင်းနှစ်ထောင်ကျော် စာရင်းမှ စစ်ဆေးအတည်ပြုပြီး သည့် ပထမဆုံးအသုတ် ဖြစ် သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသစ် သည် ယခင်သဘောတူညီချက် များအတိုင်း လက်ခံရေးလုပ်ငန်း စဉ် ပြန်လည်စတင်ရန် ဆက်လက် အကောင်အထည်ဖော်မည်ဟု ယုံကြည်ကြောင်းနှင့် နှစ်နိုင်ငံအ ကြား ပြန်လည်လက်ခံရေးလုပ် ငန်းစဉ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဟု မျှော်လင့် ကြောင်း အမြဲတမ်းအတွင်းဝန်က သံအမတ်ကြီးအား ပြောကြား သည်။

ပြန်လည်ဝင်ရောက်မည့် နေ ရပ်စွန့်ခွာသူများသည် ၎င်းတို့၏ ဆန္ဒအလျောက်ဖြစ်ရန် လိုအပ် ကြောင်းနှင့် မြန်မာနိုင်ငံ၏တည် ဆဲဥပဒေများကို လေးစားလိုက်နာ မည်ဟု ကတိဝန်ခံချက်ပါရှိရမည် ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်ဦးမြင့်သူက ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မစ္စတာမန်ဂျူရူလ်ကာရင်မ်ခမ်ချော့ဒ်ဟာရီအား သတိ ပေးပြောကြားသည်။

မြန်မာဘက်က စိစစ်ပြီးသူ များကို ပြန်လည်လက်ခံရေး နှစ်နိုင်ငံအကြား သဘောတူထား သည့် သဘောတူညီချက်နှင့်အညီ သတ်မှတ်ပုံစံများတွင် ဓာတ်ပုံ၊ လက်မှတ်နှင့် သက်ဆိုင်ရာအ ချက်အလက်များ ပြည့်စုံစွာ ဖြည့် စွက်၍ ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ဦးမြင့်သူက ဆက်လက် ပြောကြားသည်။

ထို့အပြင် တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ဟိန္ဒူဘာသာ ဝင်များအပါအဝင် စိစစ်ထားသည့် နေရပ်စွန့်ခွာသူများကို လျင်မြန် စွာ ပြန်လည်လက်ခံနိုင်ရေး မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည်ဟု ဦးမြင့်သူက ထည့်သွင်း ပြောကြားသည်။

ပြီးခဲ့သည့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာခေါင်း ဆောင်သည့် ပါတီက ထပ်မံအနိုင်ရပြီး ဇန်နဝါရီ ၇ ရက်၌ အစိုးရသစ်က ကျမ်းသစ္စာဆိုခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် သည် ၂၀၁၈ နိုဝင်ဘာလလယ် တွင် နေရပ်စွန့်ခွာသူ နှစ်ထောင် ကျော်ကို ပထမအသုတ်အဖြစ် ပြန်လည်လက်ခံမည်ဟု သဘော တူညီခဲ့သော်လည်း သတ်မှတ်ရက်၌ အစီအစဉ်ပျက်ပြယ်ခဲ့ သည်။   ယင်းသို့   ပျက်ပြယ်ပြီး နောက်     ဘင်္ဂလားဒေ့ရှ်ရွေး ကောက်ပွဲပြီးမှ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆွေးနွေးမည်ဟု နှစ်နိုင်ငံအကြား နားလည်မှုရရှိခဲ့သည်။

=======================
251 / End