၁၁ ဇန်နဝါရီ ၂၀၁၉ - ၁၈:၁၃
ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် လန်ဒန်ဂုဏ်ထူးဆောင်ဆု ရုပ်သိမ်းရန် မဲခွဲဆုံးဖြတ်

နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အား ပေးအပ်ချီးမြှင့်ထား သော လန်ဒန်ဂုဏ်ထူးဆောင် လွတ်လပ်ခွင့်ဆုကို ပြန်လည်ရုပ် သိမ်းရန် လန်ဒန်မြို့တော် ကော်ပိုရေးရှင်းက ဇန်နဝါရီ ၁၀ ရက်တွင် မဲခွဲဆုံးဖြတ်ကြောင်း City A.M သတင်းဌာနက ဖော်ပြသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အား ပေးအပ်ချီးမြှင့်ထား သော လန်ဒန်ဂုဏ်ထူးဆောင် လွတ်လပ်ခွင့်ဆုကို ပြန်လည်ရုပ် သိမ်းရန် လန်ဒန်မြို့တော် ကော်ပိုရေးရှင်းက ဇန်နဝါရီ ၁၀ ရက်တွင် မဲခွဲဆုံးဖြတ်ကြောင်း City A.M သတင်းဌာနက ဖော်ပြသည်။

အဆိုပါဂုဏ်ထူးဆောင်ဆု ကို ပြန်လည်ရုပ်သိမ်းရန် လန်ဒန် မြို့တော်ကောင်စီဝင် ဘင်္ဂလား ဒေ့ရှ်နွယ်ဖွား မန်ဆာအလီက အ ဆိုတင်သွင်းခြင်းဖြစ်ပြီး ရုပ်သိမ်း ရန် ထောက်ခံမဲပိုမိုခြင်းကြောင့် မြို့တော်ကော်ပိုရေးရှင်းက အ တည်ပြုခဲ့သည်။

သို့သော် ဆုပြန်လည်ရုပ် သိမ်းရန် အပြီးသတ်ဆုံးဖြတ်ချက် မချမီ ဒေါ်အောင်ဆန်းစုကြည်ထံ မှ တုံ့ပြန်မှုတစ်စုံတစ်ရာပေးနိုင်ရန်အကြောင်းကြားအသိပေးမည်ဟု လန်ဒန်အခြေစိုက် City A.M သတင်းဌာနက ဖော်ပြသည်။

  လန်ဒန်ဂုဏ်ထူးဆောင် လွတ်လပ်ခွင့်ဆုကို ၂၀၁၇ မေလ ၈ ရက်တွင် လန်ဒန်မြို့တော်ဝန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပေး အပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးအကြမ်းမဖက်သော နည်းလမ်းဖြင့် နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခြင်းကြောင့်ဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ခြင်းဖြစ်ပြီး   လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌  လူမျိုးတုံးသတ်ဖြတ်ခြင်းကို ပြစ်တင်ရန် ပျက်ကွက်ခြင်းကြောင့်ဆိုကာ ပြန်လည်ရုပ်သိမ်းရန် စီစဉ်ခြင်းဖြစ်သည်။

 ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်နှင့်ပတ်သက်၍ လူမျိုးတုံး သတ်ဖြတ်ခြင်း ကျူးလွန်သည်ဟု အနောက်နိုင်ငံများက စွပ်စွဲထား သော်လည်း မြန်မာအစိုးရက မကျူးလွန်ကြောင်း ငြင်းဆိုထား သည်။ ထို့အပြင် အမေရိကန် အစိုးရကလည်း အဆိုပါအသုံးအ နှုန်းကို အသိအမှတ်ပြု လက်ခံ ခြင်း မရှိသေးပေ။

=======================
251 / End