အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကချင်အမျိုးသားကွန် ဂရက်ပါတီ (KNC)နှင့် မဟာမိတ်မူဝါဒဆိုင်ရာကိစ္စရပ်များ ဆွေးနွေးထားကြောင်း ၈၈ မျိုးဆက်နှင့် နိုင်ငံရေးအင်းအားစုများ ပါဝင်တည်ထောင်ထားသည့် ပြည်သူ့ ပါတီက သတင်းထုတ်ပြန်သည်။
KNC ဥက္ကဋ္ဌ ဒေါက်တာအမ် ကောန်လနှင့် ပါတီတာဝန်ရှိသူ တစ်ဦးသည် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး အပါအ၀င် ပါတီ ဒုဥက္ကဋ္ဌများနှင့် ရန်ကုန်ရှိ ပြည်သူ့ ပါတီဗဟိုဌာနချုပ်၌ ဇန်ဝါရီ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။ ယင်းတွေ့ဆုံမှုတွင် တိုင်းရင်းသားပါတီများနှင့် ပတ် သက်သည့် ပြည်သူ့ပါတီ၏ မဟာ မိတ်မူဝါဒဆိုင်ရာ ကိစ္စများအပြင် ဒီမိုကရက်တစ်ဖက်ဒရယ်ဆိုင်ရာ ကိစ္စရပ်များပါ ဆွေးနွေးခဲ့ကြောင်း ပြည်သူ့ပါတီကဆိုသည်။
KNC ပါတီအနေဖြင့် ပါတီ ထူထောင်ခြင်း နှစ်(၇၀)ပြည့်သည့် နေ့တွင် ပြည်မနိုင်ငံရေးအင်အား စုနှင့် ကချင်ပြည်နယ်နိုင်ငံရေးအ ရွေ့အချို့အတွက် အကြိုဆွေး နွေးမှု စတင်ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကပြောသည်။
ကချင်အမျိုးသားကွန်ဂရက် ပါတီ (KNC)ကို ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင် သည့် ကချင်လူမျိုး ဒူဝါဇော်ရစ်၊ ဒူဝါဆန်ဒါးဆင်၊ ဒူဝါဇော်လွမ်စသော ပုဂ္ဂိုလ်များက မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ ၁၉၄၉ ၌ စတင်တည်ထောင်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း ကချင် ပြည်နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် ဒုတိယအမတ်နေရာအများဆုံးရရှိသည့် ပါတီဖြစ် ကြောင်း ပါတီဝင်များက ပြော ကြားသည်။
ပြည်သူ့ပါတီအနေဖြင့် ယုံ ကြည်ချက်တူ၊ ရပ်တည်ချက်တူ ညီသည့် ပါတီများနှင့် ဆွေးနွေး ရန်ရှိကြောင်း ပါတီဥက္ကဋ္ဌဦးကို ကြီးက ပြောသည်။ နိုင်ငံပြန်လည် တည်ဆောက်ရန် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ ကောင်း၊ တစ်ပါတီကောင်းဖြင့် တည်ဆောက်နိုင်မည် မဟုတ်၍ နိုင်ငံရေးအရ ယုံကြည်ချက်၊ ရပ် တည်ချက်တူညီသည့် မိတ်ဆွေ ပါတီများနှင့် မဟာမိတ်ဆက်ဆံ ရေးကို အခိုင်အမာကျင့်သုံးမည် ဟု ၎င်းကပြောကြားထားသည်။ ပြည်သူ့ပါတီသည် တိုင်းရင်းသား ပါတီ ၁၅ ခု ပါဝင်ဖွဲ့စည်းထား သည့် စည်းလုံးညီညွတ်သောတိုင်း ရင်းသားလူမျိုးများ မဟာမိတ်အ ဖွဲ့ (UNA) ခေါင်းဆောင်များနှင့် လည်း မဟာမိတ်ဖွဲ့စည်းရေးဆွေး နွေးထားသည်။
=======================
251 / End
၁၁ ဇန်နဝါရီ ၂၀၁၉ - ၁၈:၄၅
News ID: 924490
ကချင်အမျိုးသားကွန် ဂရက်ပါတီ (KNC)နှင့် မဟာမိတ်မူဝါဒဆိုင်ရာကိစ္စရပ်များ ဆွေးနွေးထားကြောင်း ၈၈ မျိုးဆက်နှင့် နိုင်ငံရေးအင်းအားစုများ ပါဝင်တည်ထောင်ထားသည့် ပြည်သူ့ ပါတီက သတင်းထုတ်ပြန်သည်။