၁၃ ဇန်နဝါရီ ၂၀၁၉ - ၁၅:၃၆
UWSA အဖွဲ့၏ ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့်ပွဲသို့ တရုတ်အထူးကိုယ်စားလှယ်တက်ရောက်မည်

‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)၏ ငြိမ်းချမ်းရေးနှစ်(၃၀) ပြည်ပွဲတော်သို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန အာရှရေးရာအ ထူးကိုယ်စားလှယ် မစ္စတာဆွန်း ကော်ရှန်း တက်ရောက်မည်ဖြစ် ကြောင်း UWSA လားရှိုးဆက်ဆံ ရေးရုံးတာဝန်ခံဦးညီရန်းက ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)၏ ငြိမ်းချမ်းရေးနှစ်(၃၀) ပြည်ပွဲတော်သို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန အာရှရေးရာအ ထူးကိုယ်စားလှယ်  မစ္စတာဆွန်း ကော်ရှန်း တက်ရောက်မည်ဖြစ် ကြောင်း UWSA လားရှိုးဆက်ဆံ ရေးရုံးတာဝန်ခံဦးညီရန်းက ပြော သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က UWSA ခေါင်းဆောင်များနှင့် တရုတ်အထူးကိုယ်စားလှယ်တို့ ‘၀’ ဒေသ၌ တွေ့ဆုံစဉ် လာမည့် ဧပြီလလယ်တွင် ကျင်းပမည့် UWSA နှစ်(၃၀)ပြည့်ပွဲတော်သို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး မစ္စတာဆွန်းကော်ရှန်းကလည်း တက်ရောက်မည်ဟု ပြောကြား  ကြောင်း ​၎င်းကဆိုသည်။

‘‘နောက်ကျင်းပမယ့် နှစ် (၃၀)ပြည့်ပွဲကို ဖိတ်တယ်။ သူက လည်း လာတက်မယ်လို့တော့ လက်ခံတာပေါ့’’ ဟု ဦးညီရန်းက ပြောသည်။

UWSA သည် ၁၉၈၉ တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) မှခွဲထွက်ခဲ့ပြီး အစိုးရနှင့်အပစ်အ ခတ်ရပ်စဲခဲ့သည်။

ထိုသို့ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုနှစ်(၃၀)ပြည့်အ ထိမ်းအမှတ်ကို UWSA ဌာနချုပ်ပန်ဆန်း ၌ စည်ကားစွာကျင်းပရန် ပြင်ဆင်နေသည်။ အဆိုပါပွဲတော်သို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရ၊ တပ်မတော်ခေါင်းဆောင်များကို ဖိတ်ကြားမည်ဟု UWSA က ပြောကြားထားသည်။ UWSA ခေါင်းဆောင်များ နှင့် တရုတ်အထူးကိုယ်စားလှယ် တို့ တွေ့ဆုံစဉ် လက်ရှိမြန်မာအ စိုးရက ဆောင်ရွက်နေသည့်ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွင် UWSA အဖွဲ့ပါဝင်ဆောင်ရွက်ရေးကိစ္စ များကိုလည်း မစ္စတာဆွန်းကော် ရှန်းက တိုက်တွန်းသည်ဟု ကြား သိရကြောင်း ဦးညီရန်းက ပြောကြားသည်။

‘‘တရုတ်အနေနဲ့ နယ်စပ်ဒေ သတည်ငြိမ်ဖို့၊ တရားဥပဒေစိုးမိုး ဖို့ သူတို့ကအမြဲတမ်းလိုလားနေ တယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေလည်း အဘက်ဘက် က ပူးပေါင်းလုပ်ဆောင်ကြဖို့က တော့ တရုတ်ရဲ့မူဝါဒပေါ့’’ ဟု ၎င်းကဆိုသည်။

တရုတ် အထူးကိုယ်စား လှယ်သည် ဇန်န၀ါရီ ၉ ရက်နှင့် ၁၁ ရက်ကြား ခရီးစဉ်အတွင်း ရှမ်းအဖွဲ့ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်အဖွဲ့ (KIO/KIA)တို့မှ ခေါင်းဆောင်များကို သွားရောက်တွေ့ဆုံပြီး NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရေး တိုက်တွန်းခဲ့ကြောင်း ယင်းအဖွဲ့ များက သတင်းထုတ်ပြန်သည်။

=======================
251 / End