အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တနင်္သာရီကမ်းရိုးတန်း တစ်လျှောက် တရားမဝင် ငါးခိုး ဖမ်းနေသည့် ကမ်းဝေးငါးဖမ်းရေ ယာဉ်များအနက် သံသယရှိသည့် လှေကိုးစီးကို ငါးလုပ်ငန်းဦးစီးဌာ နက စုံစမ်းဖော်ထုတ်ထားသော် လည်း ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးဇော်ဟိန်းက ပြောသည်။
‘‘ကျွန်တော်တို့တင်ပြထား တာက ၁၀ စီး၊ သူတို့ (ငါးဦးစီး ဌာန)က စစ်ဆေးတော့ သံသယ ရှိဖွယ် ကိုးစီးတွေ့ရှိထားတယ် ပြောတယ်။ ဒါက အပြီးအပြတ် လုပ်တဲ့ဟာ မဟုတ်သေးဘူး။ နောက်ထပ်ဆက်လက်ဖော်ထုတ် ဖို့အတွက် ကြားဖြတ်အနေနဲ့ တွေ့ ဆုံပြီး ရှင်းပြတဲ့သဘောမျိုးပြော တယ်။ အခုအထိတော့ တရားမဝင်ငါးခိုးဖမ်းလှေတွေ ပင်လယ်ထဲမှာ ရှိနေတုန်းပဲ’’ဟု ၎င်းက ပြောသည်။
ပြည်သူများ၏ တင်ပြချက် အရ ယမန်နှစ် နိုဝင်ဘာ ၃ ရက်မှ ၁၀ ရက်အထိ ကမ်းရိုးတန်းတစ် လျှောက် ပင်လယ်ပြင်အထိ ကွင်း ဆင်းစုံစမ်းရာ ကမ်းဝေးငါးဖမ်း ရေယာဉ်များ အစီးရာနှင့်ချီ၍ ကမ်းနီးငါးဖမ်းလုပ်ကွက်များအ တွင်း ငါးခိုးဖမ်းနေသည်ကို ၎င်း ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ ကြောင်း ဆိုသည်။
ထို့ကြောင့် တရားမဝင်ငါး ခိုးဖမ်းလှေများအား ဥပဒေနှင့်အ ညီ အရေးယူပေးရန် ဒီဇင်ဘာ ၂၁ ရက်တွင် တနင်္သာရီတိုင်းအတွင်း ရှိ ပြည်ထောင်စုအဆင့် လွှတ် တော်ကိုယ်စားလှယ် ၂၀ ဦးတို့က လက်မှတ်ထိုး၍ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးနှင့်ငါးလုပ် ငန်းဦးစီးဌာနအပါအဝင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ထံ သို့ ဓာတ်ပုံသက်သေအထောက် အထားများဖြင့် တိုင်ကြားခဲ့သည်။
တိုင်ကြားမှုအပေါ် ဇန်နဝါရီ ၁၄ ရက်က မြိတ်မြို့နယ်ရှိ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ် သည့် တွေ့ဆုံပွဲ၌ တိုင်းငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်များကို အ ထက်ပါအတိုင်း ပြောကြားခဲ့သည် ဟု ဦးဇော်ဟိန်းက ဆိုသည်။
တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် ကမ်းဝေးငါးဖမ်းစက် လှေပိုင်ရှင်များကမူ တရားမဝင် ငါးခိုးဖမ်းလှေများ စုံစမ်းဖော်ထုတ် ရာတွင် ပူးပေါင်းပါဝင်မည်ဟု ကတိပြုပြောဆိုခဲ့ကြောင်း ဦးဇော် ဟိန်းက ပြောသည်။
အထက်ပါကိစ္စများနှင့်ပတ် သက်၍ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်း အောင်ထံ ဇန်နဝါရီ ၁၄ ရက်က ဖုန်းဆက်သွယ်မေးမြန်းရာ ခရီး သွားနေသဖြင့် နောက်တစ်ရက် မှ ပြန်လည်ဆက်သွယ်ရန် ပြော သည်။
တနင်္သာရီတိုင်းအတွင်း ဒေသခံများအတွက် သတ်မှတ် ထားသော ကမ်းနီးလုပ်ကွက်များ အတွင်း ကုမ္ပဏီများ၏ကမ်းဝေး ငါးဖမ်းရေယာဉ်များ ဥပဒေမဲ့ ငါး ခိုးဖမ်းမှုကြောင့် ဒေသခံများလုပ် ကိုင်စားသောက်၍မရတော့ဘဲ ငါးဖမ်းပိုက်များ ဖျက်ဆီးခံရခြင်း၊ စားဝတ်နေရေးကျပ်တည်း၍ အ ကြွေးတင်ခြင်းများ ဖြစ်ပေါ်ကာ ထိုင်းနိုင်ငံဘက်သို့ အလုပ်သွား ရောက်လုပ်ကိုင်ရန် နေရပ်စွန့်ခွာ ပြောင်းရွှေ့မှုများ ဆက်တိုက်ဖြစ် ပေါ်နေကြောင်း ဒေသခံကမ်းနီး ငါးဖမ်းရေလုပ်သားများက ပြော ကြားထားသည်။
=======================
251 / End
၁၅ ဇန်နဝါရီ ၂၀၁၉ - ၁၄:၅၁
News ID: 924970
တနင်္သာရီကမ်းရိုးတန်း တစ်လျှောက် တရားမဝင် ငါးခိုး ဖမ်းနေသည့် ကမ်းဝေးငါးဖမ်းရေ ယာဉ်များအနက် သံသယရှိသည့် လှေကိုးစီးကို ငါးလုပ်ငန်းဦးစီးဌာ နက စုံစမ်းဖော်ထုတ်ထားသော် လည်း ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးဇော်ဟိန်းက ပြောသည်။