အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးတိုင်း ပုသိမ် ကြီးမြို့နယ်တွင် ဘိလပ်မြေစက် ရုံစီမံကိန်းကို ကန့်ကွက်ခဲ့သည့် အောင်သပြေကျေးရွာမှ မဲပေးခွင့် ရှိသူ ကျေးရွာဒေသခံအားလုံး ပြည်သူ့ပါတီသို့ ၀င်ရောက်ခြင်း အခမ်းအနားကို ယမန်နေ့က ယင်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အောင်သပြေကျေးရွာတွင် လူဦးရေ ၁,၀၀၀ ကျော်ရှိပြီး ၂၀၁၅ အထွေထွေရွေးကောက် ပွဲစာရင်းအရ မဲပေးခွင့်ရှိသူ ၄၆၅ ဦးကာ ပြည်သူ့ပါတီသို့ ၀င်ရောက်မည့်သူ ၄၀၀ ခန့်ရှိကြောင်း မန္တ လေးတိုင်းဒေသကြီး ပြည်သူ့ပါ တီဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက ပြောသည်။
‘‘နောက်ထပ် တောင်းဆို ထားတာက ၁၅၀ ကျန်ပါတယ်။ ပါတီမူဝါဒတွေ ရှိသေးတယ်။ တခြားပါတီကို ၀င်ထားတဲ့လူ တွေ၊ မပြည့်စုံသေးတဲ့လူတွေ ရှိ သေးတယ်။ တစ်ရွာလုံးနီးပါး ဖြစ် လိမ့်မယ်။ မန္တလေးမှာ ပါတီရုံး ခန်းဖွင့်ပြီး ရွာလုံးကျွတ်နီးပါး ပါ တီဝင်တယ်’’ဟု ၎င်းကပြောသည်။
ဇန်န၀ါရီ ၁၇ ရက်တွင် ပြုလုပ်သည့် အခမ်းအနား၌ ပြည်သူ့ ပါတီဝင်အဖြစ် အဆိုပြုလွှာ ၂၅၀ ပေးအပ်ထားပြီး ၁၅၀ ထပ်မံပေးမည်ဟု ၎င်းကဆိုသည်။
ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် တစ်ရက်လျှင် တန် ၅,၀၀၀ ကျ ပုဂ္ဂလိကပိုင်ဘိလပ်မြေ စက်ရုံကို ၂၀၁၇ဒီဇင်ဘာလက စတင်ဆောက်ပြီး ၂၀၂၀ တွင် စတင်လည်ပတ်နိုင်ရန်စီစဉ်ထားသည်။ ဘိလပ်မြေ စက်ရုံတည်ဆောက်လုပ်ပြီးစီးပါက သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ စိုက်ပျိုးသီးနှံပျက်စီးနိုင်မှုများ၊သရက်ကိုင်း - အောင်သပြေကျေးရွာချင်းဆက်လမ်းအား စက် ရုံကုန်ထုတ်လမ်းအဖြစ် အသုံးပြု ရန် လုပ်ဆောင်နေမှုများကြောင့် ကျေးရွာဒေသခံများက ၂၀၁၈ ဧပြီလ ၂၂ နှင့် ဇန်နဝါရီလ ၂၅ ရက်နေ့တို့တွင် လူဦးရေတစ်ရာကျော်က စတင် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ ကျေးရွာအနီးတွင် တည်ဆောက်နေသော တစ်ရက်လျှင် တန် ၅,၀၀၀ ကျ ဘိလပ်မြေစက်ရုံမှာ မြေ ၂၁၁ ဧကနှင့် ထုံးကျောက်တောင် ၆၇၁ ဧကကို လုပ်ပိုင်ခွင့်ရရှိထားကြောင်း အဆိုပါစက်ရုံမှ ကုန်ထုတ်ဒုတာဝန်ခံ ဦးခင်မောင့်တင်က ပြောကြားထားသည်။
ဘိလပ်မြေစက်ရုံစီမံကိန်းမှ ကုမ္ပဏီအ၀င်၊ အထွက်ကားများကို တားဆီးပိတ်ပင်ခဲ့သော ဒေသခံတောင်သူငါးဦးကို နိုဝင်ဘာ ၂၈ရက်တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ အမိန့်ချ ခဲ့သည်။
‘‘တိုင်းအစိုးရက အာဏာ ရှင်ဆန်လွန်းတယ်။ ဒေသခံကို ငဲ့ကြည့်ခြင်း မရှိဘူး။ အာဏာရှင် ဆန်ဆန်လုပ်နေတဲ့ မန္တလေးတိုင်းအစိုးရကို အယုံအကြည်မရှိဘူး။ စိတ်လည်း နာတယ်။ အခုပြည်သူ့ ပါတီကို အားကိုးယုံကြည်တယ်။ ပြည်သူတွေနဲ့ သဟဇာတဖြစ် လိမ့်မယ်လို့ ခံယူတယ်’’ဟု ပြီးခဲ့ သည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် NLD ပါတီကို မဲ ထည့်ခဲ့သူ အောင်သပြေကျေးရွာ နေ ကိုကျော်ဇေယျက ပြောသည်။
ပြည်သူ့ပါတီသည် ဦးကိုကို ကြီးဦးဆောင်သည့် ရှစ်လေးလုံး မျိုးဆက်မှ ဆင်းသက်လာသော ပါတီဖြစ်ခြင်းကြောင့် ယုံကြည် မှုရှိကြောင်း ကျေးရွာဒေသခံများ ကဆိုသည်။
‘‘တစ်နိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေအားလုံး ကြားပြီးသိပြီးဖြစ်ပါလိမ့်မယ်။ တောင်သူ၊ လယ်သမား၊ အလုပ်သမား တစ်တိုင်းပြည်လုံးနဲ့ ပတ်သက် တဲ့အရာလည်း ဖြစ်နေတယ်။ မန္တလေးတိုင်းဒေသကြီးမှာလည်းဖြစ်နေတဲ့အတွက် ဒီကိစ္စလေးတွေ ကို ပါတီ (ပြည်သူ့ပါတီ) အနေနဲ့တရားဥပဒေစိုးမိုးမှု နည်းပါးတာ လေးတွေ ကိစ္စအ၀၀အားလုံးကို အကောင်းဆုံး ဖြေရှင်းပေးနိုင် မယ့်လို့ယုံကြည်လို့ ဒီပါတီကို ၀င်ရောက်ရခြင်းဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံးရှိတဲ့ တောင်သူလယ်သမား အလုပ်သမားတွေ ကနေဖြစ်နေတဲ့ တရားဥပဒေအပေါ်ခံနေရတဲ့အတွက် ပြည်သူ တွေဘက်မှာ တရားဥပဒေမရှိပါ ဘူး။ လိုအပ်တာလေးတွေကိုအ ကောင်းဆုံးဖြေရှင်းဆောင်ရွက် ပေးနိုင်မယ်ထင်တဲ့အတွက် ပြည် သူ့ပါတီကို ၀င်ရောက်ရခြင်းဖြစ်ပါ တယ်’’ ဟု ပြည်သူ့ပါတီဝင်အဖြစ် ၀င်ရောက်လာသူ ဦးရွှေအုန်းက ပြောသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ အောင်သပြေကျေးရွာ၌ မဲပေးခွင့်ရှိသူ ၄၆၅ ဦးအနက် မဲ ၃၃၀ မဲ ရရှိခဲ့ပြီး အနိုင်ရရှိခြင်း ဖြစ်သည်။
‘‘ဒီလိုပါတီဝင်တာနဲ့ ပတ်သက်ပြီး ဘာမှတော့ပြောစရာမရှိပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရ ရင် ၂၀၂၀ မတိုင်ခင်မှာ ကိုယ်လုပ် စရာရှိတဲ့အလုပ်ကို လုပ်ရုံပဲဗျာ၊ အဓိကကတော့ ကျွန်တော်တို့က ပြည်သူတွေနဲ့ ပတ်သက်တဲ့လုပ် ငန်းတွေ၊ ပြည်သူတွေနဲ့ ထိစပ်မှု တွေအများဆုံး ကျွန်တော်တို့က လုပ်နေတာပဲ။ ဒီအတွက်ကိုတော့ ကျွန်တော့အနေနဲ့ စိုးရိမ်ပူပန်မှု တော့မရှိဘူး။ ကျွန်တော့ အနေအထားအရဆိုရင် လူထုတွေ့ဆုံပွဲ တွေလည်း ပေါင်းပြီးလုပ်တယ်။ လူထုအတွက် လုပ်ပေးနေရင် ဘာမှတော့ပူစရာမရှိပါဘူး’’ ဟု ၂၀၁၅ ရွေးကောက်ပွဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပုသိမ်ကြီးမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) တွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး မဲအရေအတွက် ၇၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့်အနိုင်ရရှိခဲ့၍ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခဲ့သူ ဦးအောင်ကျော်ဦးက ပြောသည်။
=======================
251 / End
၁၇ ဇန်နဝါရီ ၂၀၁၉ - ၂၀:၁၉
News ID: 925295
မန္တလေးတိုင်း ပုသိမ် ကြီးမြို့နယ်တွင် ဘိလပ်မြေစက် ရုံစီမံကိန်းကို ကန့်ကွက်ခဲ့သည့် အောင်သပြေကျေးရွာမှ မဲပေးခွင့် ရှိသူ ကျေးရွာဒေသခံအားလုံး ပြည်သူ့ပါတီသို့ ၀င်ရောက်ခြင်း အခမ်းအနားကို ယမန်နေ့က ယင်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။