၁၈ ဇန်နဝါရီ ၂၀၁၉ - ၁၄:၁၂
ဦးကိုနီလုပ်ကြံခံရမှု သက်သေအားလုံးစစ်ဆေးပြီး၍ နှစ်ဖက်လျှောက်လဲချက် ဖေဖော်ဝါရီ ၁ ရက်ကြားနာမည်

ဦးကိုနီလုပ်ကြံခံရမှုကို ယမန်နေ့က မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေး ရာ နောက်ဆုံးကျန်သည့်သက် သေ လေဆိပ်ရဲမှူးကြီး မလာ ရောက်ခြင်းကြောင့် နှစ်ဖက်ရှေ့ နေများ အငြင်းပွားပြီး တရားသူ ကြီးက နောက်ဆုံးကျန်သည့်အဆို ပါသက်သေကို ပယ်ဖျက်ရန် အ မိန့်ချမှတ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဦးကိုနီလုပ်ကြံခံရမှုကို ယမန်နေ့က မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေး ရာ နောက်ဆုံးကျန်သည့်သက် သေ လေဆိပ်ရဲမှူးကြီး မလာ ရောက်ခြင်းကြောင့် နှစ်ဖက်ရှေ့ နေများ အငြင်းပွားပြီး တရားသူ ကြီးက နောက်ဆုံးကျန်သည့်အဆို ပါသက်သေကို ပယ်ဖျက်ရန် အ မိန့်ချမှတ်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုကို စစ်ဆေး ရာတွင် နောက်ဆုံးသက်သေအ ဖြစ် အောင်ဝင်းဇော်အတွက်တင် သွင်းထားသည့် တရားခံသက် သေ လေဆိပ်လုံခြုံရေး ရဲမှူးကြီး ဝင်းမင်းသိန်းတစ်ဦးသာ စစ်ဆေး ရန် ကျန်ရှိတော့ခြင်းဖြစ်သည်။ ယမန်နေ့တွင် ရဲမှူးကြီးက သက် သေအဖြစ် လာရောက်ထွက်ဆို ရန် ငြင်းပယ်ကြောင်း တရားရုံး သို့ စာပို့တောင်းဆိုကာ မလာ ရောက်ခဲ့ပေ။ ငြင်းပယ်ရသည့်အ ကြောင်းမှာ ၎င်းအနေဖြင့် ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မသိ ရှိခြင်းကြောင့် သက်သေစာရင်းမှ ပယ်ဖျက်ပေးရန် တရားရုံးသို့ စာ ပို့တောင်းဆိုခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၈ ရက် ရုံးထုတ် စစ်ဆေးမှုသည် ၁၀၂ ကြိမ် မြောက်ဖြစ်ပြီး အမှုအတွက် နောက်ဆုံးကျန်သည့် တရားခံပြ သက်သေနှစ်ဦးကို အပြီးသတ်စစ် ဆေးမည်ဟု တရားရုံးက ချိန်းဆို ထားသည့်နေ့လည်း ဖြစ်သည်။ ရုံးချိန်းနံနက်ပိုင်းတွင် တရားခံပြ သက်သေအဖြစ် ဇေယျာဖြိုးကိုး ကွယ်သည့် ဘုန်းတော်ကြီး ဦး အဂ္ဂကို စစ်ဆေးခဲ့သည်။ ဦးအဂ္ဂ က ဇေယျာဖြိုး၏ အကျင့်စာရိတ္တ နှင့် ရိုးသားမှုအကြောင်း ထွက်ဆို သည်။

နေ့လယ်ပိုင်းတွင် တရားရုံး က လေဆိပ်ရဲမှူးကြီးပေးပို့သည့် တရားခံပြသက်သေအဖြစ်မှ ပယ် ဖျက်ပေးရန် တောင်းဆိုစာကိုဖတ် ပြရာ နှစ်ဖက်ရှေ့နေများ တရား ခွင်အတွင်း အငြင်းပွားပြီးလျှောက် လဲချက် အသီးသီးပေးခဲ့သည်။

တရားခံရှေ့နေများဘက်မှ ရဲမှူးကြီးဝင်းမင်းသိန်းသည် အမှု အတွက် အလွန်အရေးကြီးသော သက်သေဖြစ်၍ စစ်ဆေးပေးပါ ရန် ရုံးတော်သို့ တင်ပြသည်။ တရားလိုရှေ့နေများကမူ ရဲမှူး ကြီးသည် အရေးမကြီးသည့် မလို အပ်သော သက်သေသာဖြစ် ကြောင်း ငြင်းဆန်ကန့်ကွက်ခဲ့ သည်။

ဦးကိုနီ လုပ်ကြံခံရသည့် ၂၀၁၇ ဇန်နဝါရီ ၂၉ ရက် ရက် ပိုင်းအတွင်း စွပ်စွဲခံရသူ အောင် ဝင်းဇော်သည် လေဆိပ်တွင် ရောက်ရှိနေသည်ကို စီစီတီဗီမှတ် တမ်းများအရ တွေ့ရှိပြီး ပြည်ထဲ ရေးဝန်ကြီးဌာနကလည်း ထုတ် ပြန်ကြေညာသည်။ အောင်ဝင်း ဇော်က ၎င်းလေဆိပ်သို့ရောက်ရှိ နေခြင်းသည် ထိုစဉ်က လေဆိပ် လုံခြုံရေးတာဝန်ထမ်းဆောင်နေ သည့် ရဲမှူးကြီး ဝင်းမင်းသိန်းနှင့် ပုဂ္ဂိုရေး တွေ့ဆုံရန် လာရောက် ခြင်းဖြစ်ကြောင်း ကနဦးထွက်ဆို ထားသည်။ ထိုထွက်ဆိုချက် ကြောင့် အောင်ဝင်းဇော်၏ တရား  ခံရှေ့နေများက လေဆိပ်ရဲမှူး ကြီးသည် ရုံးတော်သို့သက်သေ လာရောက်ထွက်ဆိုပေးရန် လို အပ်ကြောင်း၊ ဆက်လက်စောင့် ဆိုင်းပေးစေလိုကြောင်း လျှောက် လဲခဲ့သည်။

‘‘ရဲမှူးကြီး ဝင်းမင်းသိန်းက အောင်ဝင်းဇော်လေဆိပ်ကို လာ ရတဲ့ တကယ့်အကြောင်းရင်းကို ပြောပြပေးနိုင်လို့ အရေးကြီးသက် သေပါ’’ ဟု အောင်ဝင်းဇော်၏ရှေ့ နေ ဦးအောင်ခိုင်က ပြောသည်။

တရားလိုသက်သေများက ရဲမှူးကြီး ဝင်းမင်းသိန်းသည် ဦး ကိုနီလုပ်ကြံခံရမှု၊ ဦးကိုနီကို သတ်ဖြတ်မှုနှင့် မသက်ဆိုင်ခြင်း ကြောင့် အရေးကြီးသက်သေမ ဟုတ်ကြောင်း ရုံးတော်၌လျှောက် လဲခဲ့သည်။

အမှုစစ်တရားသူကြီးက နှစ် ဖက်လျှောက်လဲချက်ကို ကြားနာ ပြီးနောက် ရုံးတော်အနေဖြင့်ရဲမှူး  ကြီးဝင်းမင်းသိန်းကို ဆက်လက် စစ်ဆေးနေမည်ဆိုပါက ယခု ထက်ပိုပြီး အမှုကြာနေမည်ဆိုကာ သက်သေအဖြစ်မှ ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့သည်။

တရားလိုရှေ့နေ ဦးနေလက ရဲမှူးကြီးဝင်းမင်းသိန်းသည် အမှု အတွက် လုံးဝမသက်ဆိုင်သည့် အရေးကြီးသက်သေတစ်ယောက် သာဖြစ်ကြောင်း ပြောသည်။

‘‘ရဲမှူးကြီး ဝင်းမင်းသိန်းက အမှုတွဲ တောက်လျှောက်မှာ လည်း မပါခဲ့ဘူး။ ဦးကိုနီလုပ်ကြံခံ ရတဲ့နေ့က သူလေဆိပ်မှာ သူ တကယ်ရှိ၊ မရှိလည်း မသေချာ ဘူး။ ဦးကိုနီလုပ်ကြံခံရတဲ့နေရာ ကိုလည်း သူရောက်မလာခဲ့ဘူး။ ဦးကိုနီအသတ်ခံရမှုနဲ့ဘာမှကို မသက်ဆိုင်တာပါ။ အရေးကြီး သက်သေလုံးဝ မဟုတ်ပါဘူး’’ဟု ပြောသည်။

 တရားခွင်မှအထွက်တွင် အောင်ဝင်းဇော်က ရဲမှူးကြီးဝင်း မင်းသိန်းသည် သက်သေအဖြစ် လာရောက်ထွက်ဆိုမည်ဟု ပြော ကြားပြီးမှ ယခုမလာရောက်ခြင်း ဖြစ်ကြောင်း ပြောသည်။ ‘‘ရှင်း ရှင်းပြောရရင် ဥပဒေအရ ကျွန် တော်က အလွတ်ကြီးပဲဗျ။ ဒါပေ မဲ့ ပယောဂပါနေတော့ မတတ်နိုင် ဘူးလေ’’ ဟု အောင်ဝင်းဇော်က ပြောသည်။

ရုံးချိန်း ၁၀၀ ကျော် ၂ နှစ် ခန့်စစ်ဆေးပြီးနောက် ဦးကိုနီလုပ် ကြံခံရမှုတွင် သက်သေအားလုံး စစ်ဆေးခဲ့ပြီးဖြစ်သည်။ ထို့ ကြောင့် နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်အသီးသီးကို ဖေဖော်ဝါရီ ၁ ရက်တွင် ကြားနာ မည်ဖြစ်သည်။

=======================
251 / End