၂၁ ဇန်နဝါရီ ၂၀၁၉ - ၁၉:၀၃
 အဂတိကင်းသည့် စေတနာဖြင့် ပြည်သူ့ဆန္ဒများကို ဖြည့်ဆည်းရန် လွှတ်တော်နာယကတိုက်တွန်း လွှတ်တော်အစည်းအဝေးများကို အတတ်နိုင်ဆုံးမပျက်ကွက်ဘဲ

လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် ပြည်သူ့ ဆန္ဒများကို အဂတိတရားကင်း ရှင်းသည့်စေတနာဖြင့် ဆောင် ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း နှင့် ပြည်သူများ၏ မျှော်လင့် ချက်များ ဖြည့်ဆည်းပေးနိုင် ရေးအမှန်တရားကို လက်ကိုင် ထားပြီး ဖြေရှင်းရန်ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ် ကတိုက်တွန်းသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် ပြည်သူ့ ဆန္ဒများကို အဂတိတရားကင်း ရှင်းသည့်စေတနာဖြင့် ဆောင် ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း နှင့်  ပြည်သူများ၏   မျှော်လင့် ချက်များ   ဖြည့်ဆည်းပေးနိုင် ရေးအမှန်တရားကို လက်ကိုင် ထားပြီး ဖြေရှင်းရန်ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ် ကတိုက်တွန်းသည်။

နေပြည်တော်တွင် ဇန်န၀ါရီ  ၂၁ ရက်ကပြန်လည်စတင်သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁) ကြိမ်မြောက်ပုံ မှန်အစည်းအဝေး  ပထမနေ့၌ ဦးတီခွန်မြတ်က လွှတ်တော်ကိုယ် စားလှယ်များကို ကြိုဆိုနှုတ် ဆက်စကားပြောကြားရာတွင် ထို သို့တိုက်တွန်းခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်သူ များသည် ၎င်းတို့၏ နေ့စဉ်လူမှုစီး ပွားရေးကိစ္စများအဆင်ပြေချော မွေ့စေရေးနှင့် ဘ၀လုံခြုံငြိမ်းချမ်း ရေး   ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ပေါ်ထွန်း လာရန် ဆန္ဒပြင်းပြစွာမျှော်လင့် နေကြောင်း ဦးတီခွန်မြတ်က ပြောသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့လည်း အဂတိတရား ကင်းရှင်းတဲ့စေတနာ၊ မှန်ကန်တဲ့  လုပ်နည်းလုပ်ဟန်၊ အမြော်အ မြင်ကြီးမားတဲ့ ကြိုးစားမှုများနဲ့ ပူး ပေါင်းဆောင်ရွက်ပေးနိုင်ကြမယ် လို့ယုံကြည်ပါတယ်။  ပြည်သူများ  ရဲ့မျှော်လင့်ချက်ဆန္ဒများကို ဖြည့် ဆည်းပေးနိုင်ဖို့အတွက် ကြုံတွေ့ ရနိုင်တဲ့ အခက်အခဲအကျပ်အ တည်းများကိုလည်း အမှန်တရား နဲ့တရားမျှတမှုကို လက်ကိုင်ထား ပြီးမှန်မှန်ကန်ကန်ဆွေးနွေးဖြေ ရှင်းနိုင်ကြဖို့ တိုက်တွန်းအပ်ပါ တယ်’’ ဟု ပြည်ထောင်စုလွှတ် တော်နာယကပြောသည်။

နှစ်လခန့် ကျင်းပရန်လျာ ထားသည့် ၁၁ ကြိမ်မြောက်လွှတ် တော်ပုံမှန်အစည်းအဝေးများအ တွင်း ဥပဒေများအတည်ပြုရေးအ ပါအ၀င် လွှတ်တော်ဆိုင်ရာလုပ် ငန်းများအတွက် နှောင့်နှေးကြန့် ကြာမှုမရှိစေဘဲ ကိုယ်စားလှယ် အားလုံးက ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ဦးတီခွန်မြတ်က ဆိုသည်။

လွှတ်တော်ပုံမှန်အစည်းအ ဝေးများတွင် တက်ရောက်ဆွေး နွေးအဖြေရှာခြင်းသည် လွှတ် တော်ကိုယ်စားလှယ်တစ်ဦးချင်းစီ ၏ တာဝန်ကျေပွန်မှုနှင့် ကျင့်ဝတ် စည်းကမ်းလိုက်နာမှုကို ပြသရာ ရောက်သကဲ့သို့လုပ်ပိုင်ခွင့်၊ ရပိုင် ခွင့်နှင့် အခွင့်အရေးများအတွက် သင့်လျော်မှုကိုလည်း ပြသရာ ရောက်သည်ဟု ၎င်းကပြော သည်။

‘‘ဒါကြောင့် လွှတ်တော်ပုံမှန် အစည်းဝေးများ၊ သက်ဆိုင်ရာ ကော်မတီအစည်းအဝေးများတွင် အတတ်နိုင်ဆုံးတက်ရောက်ပြီးပါ ၀င်ဆွေးနွေးကြဖို့တိုက်တွန်းအပ် ပါတယ်’’ ဟု ပြည်ထောင်စုလွှတ် တော်နာယက ကပြောသည်။

လွှတ်တော်ပုံမှန်အစည်းအ  ဝေးများတက်ရောက်နေချိန်တွင် လည်း တစ်ရက်တာအစည်းအ ဝေးပြီးစီးအောင် မတက်ရောက် နိုင်ပါက ပျက်ကွက်မှုအတွက်ခွင့် ပန်ကြားခြင်းအပါအ၀င် လုပ် ဆောင်ရမည့်ကိစ္စများကို စနစ်တ ကျဆောင်ရွက်ရန်လိုအပ်သည် ဟု ၎င်းကသတိပေးသည်။

လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ၂၀၁၈ - ၁၉ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်အ လိုက်ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲ ခွင့်အဆိုပြုချက်များကို သတ်မှတ် ရက်အမီပေးပို့ရန် အသိပေး သည်။

‘‘ဒါ့အပြင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၇ - ၁၈ ဖွံ့ဖြိုးရေးလုပ်ငန်းများစစ်ဆေး ချက်အစီရင်ခံစာမှာ ယခင်နှစ်နဲ့ အလားတူအားနည်းချက်၊ လိုအပ် ချက်များထပ်မံပါရှိနေတာကို စိ စစ်တွေ့ရှိရတဲ့အတွက်မြို့နယ်အ ကောင်အထည်ဖော်ရေးအဖွဲ့များ အနေနဲ့သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်း  ကမ်းများနဲ့ ကိုက်ညီအောင် ဆောင်ရွက်ကြဖို့ ဖြည့်စွက်မှာ ကြားလိုပါတယ်’’ ဟု ဦးတီခွန် မြတ်ကပြောသည်။

၂၀၁၈ - ၁၉ ဘဏ္ဍာရေး နှစ်အတွက် မြို့နယ်အလိုက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ  ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲခွင့်အဆို ပြုချက်များကို ဇန်န၀ါရီ ၃၁ ရက်နောက်ဆုံးထားတင်ပြရန်အ ကြောင်းကြားပြီးဖြစ်ရာ ဇန်န၀ါရီ  ၂၁ ရက်အထိ ၂၆၂ မြို့နယ်က တင်ပြထားပြီး ၁၉၆ မြို့နယ်ကို ခွင့်ပြုပေးထားသည်။

=======================
251 / End