အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စ တာ ဆွန်ကော်ရှန်းတို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာ အပါအ၀င် အချက်သုံးချက်ကို အဓိက ဆွေး နွေးခဲ့သည်။
ဇန်န၀ါရီ ၂၂ ရက်တွင် နေ ပြည်တော်၌ ပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံငြိမ်း ချမ်းရေးအတွက် အစိုးရနှင့်တပ်မ တော်က ဆောင်ရွက်နေမှုများနှင့် တရုတ်နိုင်ငံက ပါဝင်ကူညီဆောင် ရွက်နေမှုအခြေအနေများ၊ ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စဲရေးဆိုင်ရာများ ဆွေးနွေးရန် ရည်ရွယ် ပြီး တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းပေးကြောင်း ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံက ထောက်ခံသည့် အခြေအနေများ၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်း စခန်းများကို AA က တိုက်ခိုက် ခြင်းအပေါ် တရုတ်နိုင်ငံက ပြင်း ထန်စွာရှုတ်ချသည့် အခြေအနေ များ ဆွေးနွေးခဲ့ကြောင်း တပ်မ တော်က သတင်းထုတ်ပြန်သည်။
မစ္စတာဆွန်ကော်ရှန်းသည် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့် မတွေ့ဆုံမီ ဇန်န၀ါရီ ဒုတိ ယပတ်က မြန်မာ - တရုတ်နယ် စပ်အခြေပြု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်အဖွဲ့ (KIA)၊ ရှမ်းအဖွဲ့ (SSPP) အပါအ၀င် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များကို မြန်မာအစိုးရနှင့် တပ်မတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းတွင် ပါဝင်ရန် တရုတ်အထူးကိုယ်စားလှယ်က တိုက်တွန်းကြောင်း တိုင်းရင်းသားအဖွဲ့များက ထုတ်ပြန် ပြောကြားသည်။
ထို့အပြင် တရုတ်အထူး ကိုယ်စားလှယ်သည် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ် နေသည်။
တရုတ် အထူးကိုယ်စား လှယ် မစ္စတာဆွန်ကော်ရှန်းသည် AA အပါအ၀င် မြောက်ပိုင်းလက် နက်ကိုင်ခုနစ်ဖွဲ့နှင့် အစိုးရ၊ တပ် မတော်အကြား ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေး ကြားဝင်ညှိနှိုင်းနေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်တို့ နှင့် မကြာခဏ တွေ့ဆုံဆွေးနွေး ခဲ့သည်။
=======================
251 / End
တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ် ငြိမ်းချမ်းရေးဆိုင်ရာ အပါအဝင် အချက်သုံးချက်ဆွေးနွေး ရဲကင်းစခန်းများ တိုက်ခိုက်သည့် AA ၏ လုပ်
၂၃ ဇန်နဝါရီ ၂၀၁၉ - ၁၅:၃၆
News ID: 926057
တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စ တာ ဆွန်ကော်ရှန်းတို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာ အပါအ၀င် အချက်သုံးချက်ကို အဓိက ဆွေး နွေးခဲ့သည်။