အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အားလုံး ပြည်သူလူထုနှင့် မကြာခဏတွေ့ဆုံပွဲများ ပြုလုပ်၍ ဒူးတိုက်ဆွေးနွေးကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် တိုက်တွန်းပြော ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ကလေးမြို့ မြို့တော်ခန်းမ၌ ပြည်သူလူထုနှင့် တွေ့ဆုံစဉ်ဒေသခံ ပြည်သူများ၏ မေးခွန်း များကို ပြန်လည်ဖြေကြားစဉ် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ သည်။
‘‘တိုင်းနဲ့ ပြည်နယ်အစိုးရ တွေအားလုံးကို ဒီကနေပဲ ဆော် သြပါရစေ။ ကိုယ့်ရဲ့ပြည်နယ်၊ တိုင်းအတွင်းမှာရှိတဲ့ ပြည်သူလူ ထုနဲ့ မကြာခဏတွေ့ဆုံပွဲတွေ လုပ်ပါ။ ၀န်ကြီးတိုင်း၊ ၀န်ကြီး တိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ့် ရဲ့ ၀န်ကြီးဌာနနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ပြည်သူလူထုနဲ့ မကြာ ခဏ နယ်လှည့်ဆွေးနွေးပါ။ ဒူး တိုက်ဆွေးနွေးမှုတွေလုပ်ပါ။
ဒူး တိုက်ဆွေးနွေးမှုတွေဆိုတာ ဘယ် တော့မှ ခေတ်မကုန်ပါဘူး။ အခုတော့ ဒူးမတိုင်ဘဲ ကုလားထိုင် ပေါ်မှာထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက်မျက်နှာချင်းဆိုင် ထိုင်ပြီး ဆွေးနွေးတယ်ဆိုလည်း ဆွေးနွေး ပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများသည် ပြည်ထောင်စု အစိုးရထက် ဒေသခံများနှင့် ပိုမို ထိတွေ့မှုရှိပြီး ပြည်သူများ၏ ဖွံ့ ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရန်တာဝန်သည် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများအပေါ်၌ လွန်စွာကြီးမားစွာရှိနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ထည့်သွင်းပြောကြားသည်။
ကလေးမြို့ ဒေသခံပြည်သူ လူထုက လမ်းတံတားကိစ္စများ၊ စည်ပင်သာယာနှင့် သက်ဆိုင် သည့် မေးခွန်းများ၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးကိစ္စများကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မေးမြန်းတင်ပြမှုများကို ပြန်လည်ဖြေကြား စဉ် အဆိုပါ ကိစ္စရပ်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များက ပြည်သူလူထုနှင့် ထိတွေ့ ကာ ဖြေကြားရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
အစိုးရတိုင်းသည် နိုင်ငံနှင့် ပြည်သူလူထုအကျိုးစီးပွားကို ထမ်းဆောင်သယ်ပိုးရန် တာဝန်ရှိ ကြောင်းနှင့် ၎င်းကိုယ်တိုင် ပြည် သူများအကြား ကွင်းဆင်းလို ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့က ချင်းပြည်နယ် ဟားခါးမြို့မှ ကလေးမြို့သို့ ရောက်ရှိခဲ့ပြီး တွန်းဇံမြို့နယ်ရှိ ဟားခါးလေး မြောက်ရွာနှင့် တောင်ရွာသို့ သွားရောက်ကာ ဒေသခံပြည်
သူလူထုနှင့် တွေ့ဆုံခဲ့သည်။
ဒေသခံအမျိုးသမီးတစ်ဦး က ချင်းပြည်နယ်သို့ ဒေါ်အောင် ဆန်းစုကြည်လာရောက်ခြင်းကို ကျေးဇူးတင်ကြောင်းနှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လာပါ က လမ်းများကောင်းမွန်ကြောင်း ပြောကြားသည်။
‘‘အမေစုလာရင် လမ်းတွေလည်းကောင်းတယ်။ အရမ်းလည်း ပျော်ဖို့ကောင်းတဲ့အတွက် အမေစုလည်း ကျန်းမာပါစေ။ လမ်းတွေလည်း ကောင်းပါစေ။ ရပ်ကွက်မှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသား တွေအတွက် ကျောင်းတွေလည်း ရပါစေ။ ဆေးပေးခန်းတွေလည်း ရပါစေ’’ဟု ဒေသခံအမျိုးသမီးက ပြောသည်။
ယင်းသို့ ပြောကြားချိန်တွင် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက လက် ခုတ်တီးအားပေးသကဲ့သို့ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်လည်း ရယ်မောလျက် ‘‘အဲဒီတော့ ကျွန်မလာခါနီးမှ လမ်းတွေ ကောင်းအောင်လုပ်တယ်ပေါ့နော်။ ဒီလိုဆိုရင် တော့ နေပြည်တော်မနေဘဲနဲ့ တစ်တိုင်းပြည်လုံးကို တစ်ချိန်လုံး လည်ပတ်နေမှ ဖြစ်တော့မယ်’’ဟု တုံ့ပြန်ပြောကြားသည်။
ဒူးတိုက် ဆွေးနွေးမှုတွေဆိုတာ ဘယ်တော့မှ ခေတ်မကုန်ပါဘူး။ အခုတော့ ဒူးမတိုက်ဘဲ ကုလားထိုင်ပေါ်မှာထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက်မျက်နှာချင်းဆိုင် ထိုင်ပြီး ဆွေးနွေးတယ်ဆိုလည်း ဆွေးနွေးပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများသည် ပြည်ထောင်စု အစိုးရထက် ဒေသခံများနှင့် ပိုမို ထိတွေ့မှုရှိပြီး ပြည်သူများ၏ ဖွံ့ ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရန်တာဝန်သည် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများအပေါ်၌ ကြီးမားစွာရှိနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားသည်။
ကလေးမြို့ ဒေသခံပြည်သူ လူထုက လမ်းတံတားကိစ္စများ၊ စည်ပင်သာယာနှင့် သက်ဆိုင် သည့် မေးခွန်းများ၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးကိစ္စများကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မေးမြန်းတင်ပြမှုများကို ပြန်လည်ဖြေကြား စဉ် အဆိုပါ ကိစ္စရပ်များသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက ပြည်သူလူထုနှင့် ထိတွေ့ ကာ ဖြေကြားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အစိုးရတိုင်းသည် နိုင်ငံနှင့် ပြည်သူလူထု အကျိုးစီးပွားကို ထမ်းဆောင်သယ်ပိုးရန် တာဝန်ရှိ ကြောင်းနှင့် ၎င်းကိုယ်တိုင် ပြည် သူများအကြား ကွင်းဆင်းလို ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့က ချင်းပြည်နယ် ဟားခါးမြို့မှ ကလေးမြို့သို့ ရောက်ရှိခဲ့ပြီး တွန်းဇံမြို့နယ်ရှိ ဟားခါးလေး မြောက်ရွာနှင့် တောင်ရွာသို့ သွားရောက်ကာ ဒေသခံပြည်
သူလူထုနှင့် တွေ့ဆုံခဲ့သည်။
ဒေသခံအမျိုးသမီးတစ်ဦး က ချင်းပြည်နယ်သို့ ဒေါ်အောင် ဆန်းစုကြည်လာရောက်ခြင်းကို ကျေးဇူးတင်ကြောင်းနှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လာပါ က လမ်းများကောင်းမွန်ကြောင်း ပြောကြားသည်။
‘‘အမေစုလာရင် လမ်းတွေလည်းကောင်းတယ်။ အရမ်းလည်း ပျော်ဖို့ကောင်းတဲ့အတွက် အမေစုလည်း ကျန်းမာပါစေ။ လမ်းတွေလည်း ကောင်းပါစေ။ ရပ်ကွက်မှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသား တွေအတွက် ကျောင်းတွေလည်း ရပါစေ။ ဆေးပေးခန်းတွေလည်း ရပါစေ’’ဟု ဒေသခံအမျိုးသမီးက ပြောသည်။
ယင်းသို့ ပြောကြားချိန်တွင် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက လက်ခုပ်တီးအားပေးသကဲ့သို့ ဒေါ်အောင် ဆန်းစုကြည်က ရယ်မောလျက် ‘‘အဲဒီတော့ ကျွန်မ လာခါနီးမှ လမ်းတွေ ကောင်းအောင်လုပ်တယ်ပေါ့နော်။ ဒီလိုဆိုရင် တော့ နေပြည်တော် မနေဘဲနဲ့ တစ်တိုင်းပြည်လုံးကို တစ်ချိန်လုံး လည်ပတ်နေမှ ဖြစ်တော့မယ်’’ဟု တုံ့ပြန်ပြောကြားသည်။
=======================
251 / End
တိုင်းနှင့် ပြည်နယ်အစိုးရများ ပြည်သူလူထုနှင့် မကြာခဏတွေ့ဆုံ၍ ဒူးတိုက်ဆွေးနွေးကြရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းပြောကြား
၂၄ ဇန်နဝါရီ ၂၀၁၉ - ၀၄:၀၂
News ID: 926137