အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်သွားနိုင်ဖို့အတွက် တပ်မတော်နဲ့ အစိုးရက အန်စီအေစာချုပ်အပေါ် ပြန်လည်သုံးသပ်သင့်တယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ကေအန်ပီပီက ပြောဆိုလိုက်ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့အညီ တတိုင်းပြည်လုံး စစ်ပြေငြိမ်းရေး ကြေညာရမှာဖြစ်ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးပါဝင်ဖို့ ဖြစ်စေချင်ပေမယ့် လက်ရှိအခြေအနေမှာ လက်မှတ်ထိုးတဲ့ အဖွဲ့တွေက ထိုးထားပြီး နောက်မှာလည်း စစ်ဆင်ရေးလုပ်တဲ့ နေရာလည်းရှိနေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြံ့ကြာနေရတာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ဆိုပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ တပ်မတော်က တမျိုးစီဖြစ်နေသလို အန်စီအေ လက်မှတ်ရေးထိုးထားပြီး အဖွဲ့တွေလည်း ရှေ့ဆက်သွားဖို့ အခက်အခဲဖြစ်နေတာ ကြောင့် ယုံကြည်စိတ်ချလောက်တဲ့ စာချုပ်မဖြစ်လာနိုင်ကြောင်းနဲ့ အဲ့ဒီအပေါ်မှာလည်း သံသယ တွေရှိတယ်လို့ ကေအန်ပီပီရဲ့ အတွင်းရေးမှူး ၂ ခူးဒယ်နီယာယ်က ပြောပါတယ်။
ကေအန်ပီပီအနေနဲ့ ယူအန်အက်ဖ်စီက ချမှတ်ထားတဲ့ အားလုံးပါဝင်ရေးမူအတိုင်း လျှောက်လှမ်းနေပြီး အန်စီအေစာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် တကယ့် ခိုင်မာတဲ့ စာချုပ်ဖြစ်ဖို့ မျှော်လင့်ထားပြီး အားလုံးပါဝင်လာနိုင်ဖို့အတွက် စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
တပ်မတော်ဘက်က ၄ လကြာ အပစ်ရပ်ဖို့ ကြေညာတဲ့အထဲမှာ ကေအန်ပီပီဟာ အရှေ့ပိုင်းတိုင်းနယ်မြေထဲမှာ ပါဝင်ပေမယ့် ကေအန်ပီပီနယ်မြေထဲကို တပ်မတော်ဘက်က တပ်စခန်းတွေ တိုးချဲ့တာတွေ လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က ကေအန်ပီပီနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံခဲ့ပြီးတော့ အဲဒီတွေ့ဆုံပွဲမှာ နှစ်ဖက် ရှေ့ဆက်တရားဝင် တွေ့ဆုံနိုင်ဖို့နဲ့ ကေအန်ပီပီ ရဲဘော်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဟာ ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်တွေမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး အန်စီအေမှာ ပါဝင်လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
=======================
251 / End
၂၇ ဇန်နဝါရီ ၂၀၁၉ - ၁၂:၃၇
News ID: 926558
လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်သွားနိုင်ဖို့အတွက် တပ်မတော်နဲ့ အစိုးရက အန်စီအေစာချုပ်အပေါ် ပြန်လည်သုံးသပ်သင့်တယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ကေအန်ပီပီက ပြောဆိုလိုက်ပါတယ်။