အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် အ စားထိုးလဲလှယ်ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုလွှတ်တော်ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီအ ဖွဲ့ဝင်များ ပြောင်းလဲတာဝန်ပေး အပ်ခြင်းတို့ကို တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက် သဖြင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။
ဇန်န၀ါရီ ၂၉ ရက် ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် သူရဦးရွှေမန်းဥက္ကဋ္ဌအ ဖြစ် တာဝန်ယူထားသည့် အထူး ကော်မရှင်အဖွဲ့ဝင် ဦးတင်ထွေး အစား နတ်မောက်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင် တင်လင်းကို အစားထိုးရန် ဆောင်ရွက်ခြင်းအပေါ် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက မတ် တတ်ရပ်ကန့်ကွက်ပြီး စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ပေးရန်တင်ပြခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီး ပြည် ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ‘‘တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အနေ နဲ့ ဘယ်သူ့ကိုကန့်ကွက်တာပါလဲ’’ ဟု မေးမြန်းရာ တပ်မတော်သား ကိုယ်စားလှယ်က ‘‘လူအစားထိုး လဲလှယ်ဖွဲ့စည်းတာကို ကျွန် တော်ကန့်ကွက်တာ ဖြစ်ပါတယ်’’ ဟု ဖြေကြားသည်။
‘‘ဘာကြောင့် ကန့်ကွက်လဲ’’ဟု လွှတ်တော်နာယကက ဆက်လက် မေးမြန်းရာ ‘‘ကျွန်တော်တို့ဒီအဖွဲ့ဝင်တစ်ဦး လဲလှယ်အစားထိုးတဲ့အခါမှာ ကျွန်တော်တို့ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေများအရ ကျွန်တော်တို့လွှတ်တော်ရဲ့ သဘောတူညီချက်ကို ရယူရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်က ကျွန်တော့်ရဲ့ သဘောဆန္ဒအရ ဒီဟာကိုကန့်ကွက်တဲ့အတွက်ကြောင့် စက်ခလုတ် အသုံးပြုဖို့အတွက် တောင်းခံရခြင်း ဖြစ်ပါတယ်’’ဟု တပ်မတော်သား ကိုယ်စားလှယ်ကပြောသည်။
ယင်းကိုကန့်ကွက်၍ မဲခွဲဆုံး ဖြတ်ရာ အစားထိုးလဲလှယ်ခြင်း ကို ထောက်ခံသည့် ဆန္ဒမဲ ၃၈၅ မဲ၊ကန့်ကွက်မဲ ၁၈၇ မဲ၊ ကြားနေမဲ ၁၂ မဲ ရှိခဲ့ရာ ထောက်ခံမဲများ၍ အစားထိုးလဲလှယ်ရန် လွှတ်တော် က ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထား သော ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီအဖွဲ့ဝင် တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအပါအ၀င် ကိုယ်စား လှယ်လေးဦးအစား အခြားလေး ဦးအား ပြောင်းလဲတာဝန်ပေးအပ် ရန် ဆောင်ရွက်ခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ကော် မတီအဖွဲ့ဝင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ်ရဲနိုင်မျိုးအစား တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးကျော်တင့် အား ပြောင်းလဲတာဝန်ပေးခြင်း ကို တပ်မတော်သားကိုယ်စား လှယ်တစ်ဦးက ကန့်ကွက်ခဲ့သည်။
‘‘ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီမှာ ပြည်သူ့လွှတ်တော် က အဖွဲ့ဝင် ခုနစ်ဦး၊ အမျိုးသား လွှတ်တော်က အဖွဲ့ဝင် ခုနစ်ဦး ဖွဲ့ စည်းတဲ့အခါမှာ ပါတီအဖွဲ့ အစည်းအလိုက် ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ရဲနိုင်မျိုးကို လဲလှယ်ပြီး တခြားအစားထိုးမယ်ဆိုရင် ဒါကို ကျွန်တော်တို့ ကန့် ကွက်ပါတယ်’’ဟု အဆိုပါ တပ်မ တော်သားက ပြောသည်။
ထိုသို့ အစားထိုးလဲလှယ် ခြင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ပူးပေါင်း ကော်မတီတွင် အလှည့်ကျတာ ၀န်ထမ်းဆောင်ရန် ဆောင်ရွက် ခြင်းကြောင့် ဖြစ်သည်ဟု လွှတ်တော်နာယကက ရှင်းပြသည်။
တပ်မတော်သားကိုယ်စား လှယ်၏ ကန့်ကွက်ခြင်းကြောင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူ ရာ ထောက်ခံဆန္ဒမဲများ၍ အစား ထိုးပြောင်းလဲ တာဝန်ပေးအပ်ခြင်း ဆောင်ရွက်ရန် အတည်ဖြစ် ကြောင်း လွှတ်တော်နာယကက ကြေညာခဲ့သည်။
=======================
251 / End
လွှတ်တော်ကော်မရှင်နှင့် ကော်မတီအဖွဲ့ဝင် အစားထိုး၊ ပြောင်းလဲခြင်းတို့ကို တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်
၂၉ ဇန်နဝါရီ ၂၀၁၉ - ၁၃:၄၃
News ID: 926859
ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် အ စားထိုးလဲလှယ်ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုလွှတ်တော်ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီအ ဖွဲ့ဝင်များ ပြောင်းလဲတာဝန်ပေး အပ်ခြင်းတို့ကို တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက် သဖြင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။