၁ ဖေဖော်ဝါရီ ၂၀၁၉ - ၁၆:၄၁
အငြင်းပွားနေသော မူဆယ်နယ်စပ်ကို မြန်မာနှင့် တရုတ်အစိုးရတာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာ

နှစ်နိုင်ငံအငြင်းပွားနေ သော မူဆယ်မြို့နယ်စပ်ပြဿနာ ကို မြန်မာနှင့်တရုတ်အစိုးရတာ ၀န်ရှိသူများ မြေပြင်ကွင်းဆင်း တိုင်းတာပြီး အငြင်းပွားနေသည့် နေရာသည် နှစ်နိုင်ငံနယ်စပ်မျဉ်း ၏ ၁၀ မီတာအတွင်းပါဝင်နေ ကြောင်း မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနလက် ထောက်ညွှန်ကြားရေးမှူးက ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နှစ်နိုင်ငံအငြင်းပွားနေ သော မူဆယ်မြို့နယ်စပ်ပြဿနာ ကို မြန်မာနှင့်တရုတ်အစိုးရတာ ၀န်ရှိသူများ မြေပြင်ကွင်းဆင်း တိုင်းတာပြီး အငြင်းပွားနေသည့် နေရာသည် နှစ်နိုင်ငံနယ်စပ်မျဉ်း ၏ ၁၀ မီတာအတွင်းပါဝင်နေ ကြောင်း မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနလက် ထောက်ညွှန်ကြားရေးမှူးက ပြော သည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မူဆယ်မြို့ဆင်ဖြူဈေးအနီးနေရာ ကို ဇန်န၀ါရီ ၂၅ ရက်က ကွင်း ဆင်းတိုင်းတာခြင်းဖြစ်သည်။ တိုင်းတာရာတွင် မြန်မာဘက်မှ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးတစ်ဦးနှင့် မြေစာရင်း ဌာနတာဝန်ရှိသူအချို့အပါအ၀င် တရုတ်နိုင်ငံဘက်မှ ပြည်ထောင်စု အဆင့်တာဝန်ရှိသူတစ်ဦးပါဝင် သည်။

နှစ်နိုင်ငံစာချုပ်အရ နယ်စပ် မျဉ်း၏ ၁၀ မီတာအတွင်း အ ဆောက်အအုံ အခိုင်အမာ ဆောက်လုပ်ခွင့်မရှိဘဲ ယခုအ ငြင်းပွားနေသည့်နေရာသည် သတ်မှတ်ဧရိယာဖြစ်သည့် ၁၀ မီ တာအတွင်း ပါဝင်နေသည်ဟု ဦး မောင်မောင်သန်းက ပြောသည်။

‘‘သူတို့(တရုတ်နိုင်ငံ)ပိုင် နက်ထဲမဟုတ်ဘူး။ ၁၀ မီတာထဲ ၀င်တာပေါ့ဗျာ’’ ဟု ၎င်းကပြော သည်။

ယင်းနေရာတွင် ၂၀၁၈ အောက်တိုဘာအတွင်း မြန်မာ ဘက်က ဈေးကော်မတီရုံးခန်း ဆောက်လုပ်နေသည်ကို တရုတ် ရဲတပ်ဖွဲ့က လက်နက်အပြည့်အ စုံဖြင့် ၀င်ရောက်တားဆီးပြီး နောက် ဆောက်လုပ်ရေးလုပ်ငန်း ကိုလည်း ရပ်နားခဲ့ရသည်။ လက် နက်၊ ယူနီဖောင်းအပြည့်အစုံဖြင့် မြန်မာပိုင်နက်အတွင်း ၀င်ရောက် ခဲ့သော တရုတ်ရဲတပ်ဖွဲ့၏လုပ်ရပ် ကို မြန်မာဘက်ကကန့်ကွက်ခဲ့ သည်။

နယ်စပ်ပိုင်နက်ပြန်လည် တိုင်းတာသည့် အသေးစိတ်ရလဒ် ကို မသိရသေးဘဲ မူဆယ်မြို့ခံ များအား ရှင်းရှင်းလင်းလင်းအသိ ပေးစေလိုကြောင်း ဆင်ဖြူဈေး ကော်မရှင်ဥက္ကဋ္ဌဦးထွန်းထွန်းက ပြောသည်။

=======================
251 / End