အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အပစ်အခတ်ရပ်စဲ ထားသည့်ကာလအတွင်း အမြန် ဆုံးတွေ့ဆုံဆွေးနွေးရန်လိုအပ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် မြစ်ကြီးနားမြို့ရှိ ခရစ် ယာန်ဘာသာရေးဆိုင်ရာအဖွဲ့ ခေါင်းဆောင်များ မြစ်ကြီးနားမြို့ ၌ ဖေဖော်ဝါရီ ၅ ရက်က တွေ့ဆုံ စဉ်ထိုသို့ပြောကြားခဲ့ကြောင်းတပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်သည်။
၂၀၁၈ ဒီဇင်ဘာ ၂၁ ရက် တွင် ထုတ်ပြန်ခဲ့သည့် တပ်မတော် ထုတ်ပြန်ကြေညာချက်ပါအတိုင်း ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲထား ပြီးဖြစ်ရာ စစ်ရှောင်စခန်းများမှ ပြည်သူများနေရပ်သို့ အမြန်ဆုံး ပြန်နိုင်ပြီး လုပ်ငန်းများ အေးချမ်း စွာလုပ်ကိုင်စေလိုသည်ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။ စစ်ဘေးရှောင်စခန်း များကို အကြောင်းပြု၍ တိုင်းရင်း သားပြည်သူများအပေါ် ၀န်ထုပ် ၀န်ပိုးမဖြစ်အောင် ဆင်ခြင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
အပစ်အခတ်ရပ်စဲသည့်ကာ လအတွင်း အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးရန်လိုကြောင်း၊ NRPC (အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) နှင့်ဖြစ်စေ၊ တပ်မတော်ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့နှင့်ဖြစ်စေ တစ် ဖွဲ့ချင်းတွေ့ဆုံနိုင်ကြောင်း၊ တည် ငြိမ်အေးချမ်းမှုရှိမှသာဒေသဖွံ့ဖြိုး ရေး ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည် ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ် စဲရေး၊ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေးရန်ရည်ရွယ်ပြီး တပ်မ တော်က တိုင်းစစ်ဌာနချုပ်ငါးခု နယ်မြေ၌ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီလကုန်ထိ လေးလ ကျော်ကြာ စစ်ရေးလှုပ်ရှားမှုအား လုံးရပ်ဆိုင်းမည်ဟု ထုတ်ပြန် ထားသည်။ လိုအပ်ပါက တိုင်း ရင်းသားအဖွဲ့များနှင့် ဆွေးနွေးနိုင် ရန် တပ်မတော်အဆင့်မြင့်အရာ ရှိများပါဝင်သော တပ်မတော် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထို့သို့ ကြေညာချက်ထုတ်ပြန်ပြီး တစ်လခွဲကျော်သည်အထိတပ်မတော်ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့များအကြား တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးပေ။
အပစ်ရပ်ကာလအတွင်း ဆွေးနွေးပွဲများဖြစ်ပေါ်ရေး အစိုး ရ၊ တပ်မတော်နှင့် တိုင်းရင်းသား အဖွဲ့အားလုံး ကြိုးပမ်းသင့် ကြောင်း တိုင်းရင်းသားအရေးလေ့ လာသူ ဦးမောင်မောင်စိုးက ပြော သည်။
‘‘အဓိကတော့ အပစ်အခတ် ရပ်စဲတဲ့ကာလမှာ ညှိဖို့ခက်နေ သေးရင်တော့ တိုက်ပွဲတွေပြန် ပြင်းထန်လာရင် ပိုညှိလို့ခက်မှာ ပေါ့။ ဒါကြောင့် ဒီကာလထဲမှာအ မြန်ဆုံး မျက်နှာချင်းဆိုင်တွေ့နိုင် အောင် ကြိုးစားသင့်တယ်လို့ ထင်ပါတယ်’’ ဟု ဦးမောင်မောင် စိုးက ပြောသည်။
တပ်မတော်ညှိနှိုင်းရေးအဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS) တို့သည် ဖေဖော်ဝါရီပထမပတ်တွင် တွေ့ဆုံဆွေးနွေးရန် ရက်သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်း၌ RCSS ဘက်က ဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့ ၍ မဖြစ်မြောက်ခဲ့ပေ။ အလားတူ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) အပါအ၀င် တိုင်းရင်း သားအဖွဲ့အချို့က တပ်မတော် နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအဆို ပြုထားသည်။
=======================
251 / End
၆ ဖေဖော်ဝါရီ ၂၀၁၉ - ၁၆:၅၇
News ID: 927994
အပစ်အခတ်ရပ်စဲ ထားသည့်ကာလအတွင်း အမြန် ဆုံးတွေ့ဆုံဆွေးနွေးရန်လိုအပ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။