အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်က တိုင်း စစ်ဌာနချုပ်ငါးခု၏ နယ်မြေတွင် သာအပစ်ရပ်စဲထားခြင်းက စိုးရိမ် စရာအခြေအနေဖြစ်၍ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးအမြန် ဆုံးဖော်ဆောင်နိုင်ရန် တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို တိုက်တွန်း ကြောင်း ရန်ကုန်မြို့၌ ကျင်းပ သည့် အရပ်ဘက်လူ့အဖွဲ့အ စည်းငြိမ်းချမ်းရေးဖိုရမ်က ထုတ် ပြန်သည်။
ရန်ကုန်မြို့၌ နှစ်ရက်ကြာ ကျင်းပသည့် (၂၁) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်း ချမ်းရေးဖိုရမ်၏ သတင်းစာရှင်း လင်းပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်ရာ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များထံ ပေးပို့သည့် အိတ်ဖွင့်ပေးစာကို ဖတ်ကြားခဲ့သည်။ အဆိုပါ အိတ် ဖွင့်ပေးစာတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများအနေဖြင့် တိုင်း ပြည်ငြိမ်းချမ်းရေးကို ဦးတည် လျက်နှစ်ဖက်သဘောတူလက် မှတ်ရေးထိုးထားသော စာချုပ် များကို လေးစားလိုက်နာကြရန်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ နိုင်ရေး အမြန်ဆုံးဆက်လက် အကောင်အထည်ဖော် ဆောင် ရွက်ပေးရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။
‘‘တပ်မတော်တင်မဟုတ်ဘဲ လက်နက်ကိုင်အားလုံး၊ သက် ဆိုင်သူအားလုံးက ဒီလိုရပ်နိုင် အောင်လုပ်ပါဆိုပြီး ထည့်ထား တာ။ အခြေခံကတော့ စစ်တိုင်း အားလုံးမှာ ရပ်တာမဟုတ်တဲ့အ ပေါ်မှာ စိုးရိမ်ချက်ဖြစ်တဲ့အတွက် တောင်းဆိုတာဖြစ်တယ်’’ ဟု ဖိုရမ်တာဝန်ရှိသူ ဦးသွင်လင်း အောင်ကပြောသည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေး ရန်ဆိုကာ တပ်မတော်က ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်တွင်အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ကြေညာ ချက်ထုတ်ပြန်ခဲ့ရာ တိုင်းစစ် ဌာနချုပ်ငါးခုနယ်မြေတွင် ဧပြီ လကုန်အထိ လေးလကျော်စစ် ရေးလှုပ်ရှားမှုအားလုံးရပ်ဆိုင်း ပေးမည်ဟုဖော်ပြခဲ့သည်။
အပစ်ရပ်စဲကြောင်းကြေ ညာခဲ့သည့် တိုင်းစစ်ဌာနချုပ် နယ်မြေများတွင် လတ်တလော တိုက်ပွဲများဖြစ်ပွားနေသည့် အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရခိုင် ဒေသမပါဝင်၍ စိုးရိမ်ကြောင်း ဖို ရမ်သို့ တက်ရောက်လာသည့်ရ ခိုင်ဒေသအရပ်ဘက်ကိုယ်စား လှယ်ဦးခိုင်ကောင်းစံက ပြော သည်။
‘‘ငြိမ်းချမ်းရေးဖြစ်စဉ်မှာနှစ် ဖက်စစ်ခေါင်းဆောင်တွေရော လက်နက်ကိုင်တော်လှန်ရေးအ ဖွဲ့တွေရော၊ တပ်မတော်၊ အစိုးရ ခေါင်းဆောင်တွေရော ဘာပြော ချင်လဲဆိုတော့ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းရေးအရ အဖြေရှာကိုင် တွယ်ဖြေရှင်းဖို့၊ စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ပဲတိုက်တွန်း ပြောဆိုချင် ပါတယ်’’ ဟု ဦးခိုင်ကောင်းစံ ကပြောသည်။
သက်ဆိုင်ရာအဖွဲ့များအနေ ဖြင့် သဘောတူစာချုပ်ပါအချက် များကို လိုက်နာရန်တိုက်တွန်း ခြင်းသည် ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများအပေါ်အခြေ ခံပြီးတောင်းဆိုခြင်းဖြစ်ကြောင်း ဦးသွင်လင်းအောင်ကပြောသည်။
‘‘ကရင်ပြည်နယ်မှာ ဆိုရင် လမ်းဖောက်တဲ့ကိစ္စတွေနဲ့ပတ် သက်ပြီးတော့ ပြန်ဖြစ်နေတာရှိ တယ်။ အကြောင်းမကြားဘဲဝင် လာလို့ဆိုပြီး ပစ်ခတ်မှုတွေဖြစ် တယ်ဆိုတဲ့အပေါ်မှာ စိုးရိမ်ပြီး တက်ရောက်လာတဲ့သူတွေက အဲ ဒီလို ချုပ်ဆိုထားတဲ့စာချုပ်တွေကို လေးစားလိုက်နာဖို့လိုပါတယ်ဆို ပြီး အကြံပြုတာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။
သတင်းစာရှင်းလင်းပွဲတွင် ရခိုင်၊ ချင်း၊ ကယားပြည်နယ် တို့မှ အရပ်ဘက်ကိုယ်စားလှယ် များကလည်း ၎င်းတို့ဒေသအ တွင်း ငြိမ်းချမ်းရေးထိခိုက်စေသည့် ဖြစ်ရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ရခိုင်ဒေသတွင် စစ်ကြောင့် ဒေသခံများ ဒုက္ခရောက်နေရ ကြောင်း၊ တစ်နိုင်ငံလုံးသာ အပစ် အခတ်ရပ်စဲနိုင်ပါက စစ်ပွဲများ ရခိုင်ဒေသ၌ ဖြစ်လာရန်မရှိ ကြောင်း ဦးခိုင်ကောင်းစံကပြော ကြားသည်။
‘‘နှစ်ဖက်တိုက်ပွဲဖြစ်တယ် ဆိုရင်တော့ ဒေသခံပြည်သူတွေ ကမြေစာပင်ပါ’’ ဟု ၎င်းကဆို သည်။
ချင်းပြည်နယ် အရပ်ဘက် ကိုယ်စားလှယ် ဦးမနားရှိန်းက ‘‘ကျွန်တော်တို့ချင်းပြည်နယ်က အေးဆေးတဲ့ပြည်နယ်ဖြစ်တယ်။ ဒါပေမဲ့ တပ်မတော်နဲ့ AA က ကျွန်တော်တို့ပြည်နယ်မှာ ရန်လာ ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ချင်းလူမျိုးတွေရဲ့ငြိမ်းချမ်းရေးကို ထိခိုက်တယ်’’ ဟု ပြောသည်။ ထို့အပြင်စစ်ရှောင်ပြည်သူများကို ကူညီနိုင်ရေး ကြိုးပမ်းမည်ဟု ၎င်းကပြောသည်။
ကယားပြည်နယ် အရပ် ဘက်ကိုယ်စားလှယ် စောရှာက ဘရူးရှေးက လတ်တလောဖြစ် ပေါ်နေသော ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းနှင့် ယင်းသို့စိုက်ထူ ခြင်းအပေါ်လူငယ်များကန့်ကွက် ဆန္ဒပြခြင်း၊ ထောက်ခံကြောင်း ဆန္ဒပြခြင်းကိစ္စများက ပြည်နယ် ငြိမ်းချမ်းရေးအပေါ် သက်ရောက် မှုရှိကြောင်းပြောသည်။
‘‘အမှန်တော့ တိုင်းရင်းသား နဲ့ ဗမာတွေနဲ့ တိုက်ပေးတာ။ ဒါတွေက နိုင်ငံရေးအများကြီးပါ တယ်။ နောက်ကလက်မည်းတွေ၊ ဘယ်သူချုပ်ကိုင်တယ်ဆိုတာ မီဒီ ယာတွေကျွန်တော်တို့ထက်ပိုသိ မှာပေါ့’’ ဟု ၎င်းကဆိုသည်။
လက်ရှိအစိုးရအနေဖြင့် ပြည်သူလူထု၏ လူမှုဘ၀ဘေး ကင်းလုံခြုံရေး တရားဥပဒေစိုး မိုးရေးကို အဆင့်တိုင်း ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အရပ်ဘက်အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်က အကြံပြု သည်။
=======================
251 / End
၇ ဖေဖော်ဝါရီ ၂၀၁၉ - ၁၄:၄၁
News ID: 928054
တပ်မတော်က တိုင်း စစ်ဌာနချုပ်ငါးခု၏ နယ်မြေတွင် သာအပစ်ရပ်စဲထားခြင်းက စိုးရိမ် စရာအခြေအနေဖြစ်၍ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးအမြန် ဆုံးဖော်ဆောင်နိုင်ရန် တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို တိုက်တွန်း ကြောင်း ရန်ကုန်မြို့၌ ကျင်းပ သည့် အရပ်ဘက်လူ့အဖွဲ့အ စည်းငြိမ်းချမ်းရေးဖိုရမ်က ထုတ် ပြန်သည်။