အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယမန်နေ့ကကျင်းပသော အမျိုးသားလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူးဇ၀နက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ဥပဒေနှင့်အညီဆောင်ရွက်နေမှုများကို မေးမြန်းပြီး ဒီချုပ်အမတ်အများစုရှိသော ဒုတိယအကြိမ်လွှတ်တော်သက်တမ်း၌ တပ်မတော်သားကိုယ်စားလှယ်၏ ပထမဆုံးမေးခွန်းလည်းဖြစ်ခဲ့သည်။
ထိုသို့မေးမြန်းရာတွင် ပညာ ရေးအဖွဲ့အစည်းများကဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့်ဒေါက်တာဘွဲ့ လက်မှတ်များ၏ မှန်ကန်အရည် အသွေးရှိမှုနှင့် ခိုင်မာမှုတို့ကို မည်ကဲ့သို့ စိစစ်ဆောင်ရွက်နေမှု နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီး ပွားဆက်သွယ်ရေးဝန်ကြီးဌာန အား တရားဝင်ဖွဲ့စည်းပြီးဖြစ်၍ MIC အဖွဲ့ကို မည်ကဲ့သို့ဖျက် သိမ်းဆောင်ရွက်မည်တို့လည်း ပါ ၀င်ခဲ့သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်း သည့်ဥပဒေများအရ ပေါ်ပေါက် လာသည့်အဖွဲ့အစည်းဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုဥပဒေဖျက်သိမ်းမှု မပြုသရွေ့ရှိနေမည်ဖြစ်ကြောင်း MIC အဖွဲ့ဝင်ဦးဆက်အောင်က လွှတ်တော်သို့ လာရောက်ရှင်း လင်းဖြေကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခုဖြစ်သလို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ကော်မရှင်ရုံးအဖြစ် ဆက်လက်တာဝန်ယူနေကြောင်းကိုလည်း ၎င်းက ရှင်းပြသည်။
ထို့နောက် ဗိုလ်မှူးဇ၀နက ပညာရေးအဖွဲ့အစည်းများကပေး အပ်သော ဒီပလိုမာ၊ ဒီဂရီ၊ မဟာ ဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ် များ၏ စိတ်ချခိုင်မာမှုအပေါ် ပညာရေးဝန်ကြီးဌာနက ပူးပေါင်း ပါဝင်စိစစ်ခြင်းမရှိလျှင် ပညာရေး အတွက် များစွာစိုးရိမ်စရာရှိနေ ကြောင်း ဆွေးနွေးခဲ့သည်။
လက်ရှိပုဂ္ဂလိကကျောင်း များ တည်ထောင်ခွင့်နှင့်ပတ်သက် ၍ ၀န်ကြီးဌာနကစစ်ဆေးပြီး ဥပ ဒေ၊ မူဝါဒများနှင့်ကိုက်ညီပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်က လုပ်ငန်းဆောင်ရွက်ရန်ခွင့် ပြုကြောင်း ဦးဆက်အောင်ကရှင်းပြသည်။သို့သော် နောက်ပိုင်းတွင်မူ ပညာရေးဝန်ဆောင်မှုလုပ်ငန်း များကို ပုဂ္ဂလိကပညာရေးဥပဒေ ပြဋ္ဌာန်းပြီးချိန်၌ ယင်းဥပဒေနှင့် အညီ ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
ဆက်လက်၍ တပ်မတော် သားကိုယ်စားလှယ်မေးခွန်းတွင် MIC ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေ သော ၀ါစက်ရုံနှင့် ပတ်သက်၍ မုံရွာဝါကြိတ်စက်ရုံကို မည်သို့ ဆောင်ရွက်ထားကြောင်း ထည့် သွင်းမေးမြန်းခဲ့သည်။
မုံရွာဝါကြိတ်စက်ရုံကို စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနက ငှားရမ်းခ နှုန်းထားပြင်ဆင်သတ်မှတ်၍ ပြင် ဆင်ချက်စာချုပ်(မူကြမ်း)ပြီးစီးပါ က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ပြည်ထောင်စုရှေ့ နေချုပ်ရုံးတို့၏ သဘောထားနှင့် အညီ ပြည်ထောင်စုစီးပွားရေးရာ ကော်မတီသို့ တင်ပြမည်ဟု ဦး ဆက်အောင်က ပြောသည်။
‘‘ပုဂ္ဂလိကကျောင်းဥပဒေ ဘယ်နေ့ထွက်မယ်၊ ဘယ်နေ့လုပ် မယ်၊ လွှတ်တော်မှာ ဘယ်အဆင့် ရောက်မယ်ဆိုတာ ကျန်တဲ့ပြည် သူတွေမသိပါဘူး။ မသိတော့ အခုလိုစပ်ကြားမှာ ၀င်လာတဲ့ ကျောင်းတွေအတွက်ဆိုရင်ပညာ ရေးဝန်ကြီးဌာန Participate (ပူး ပေါင်းပါဝင်တာ)မလုပ်ဘူးဆိုရင် စိုးရိမ်စရာတွေ အများကြီးရှိ ကြောင်း ပြောလိုပါတယ်’’ ဟု ဗိုလ်မှူးဇ၀နက လွှတ်တော်အပြီး တွင် မီဒီယာများအားပြောသည်။
ထိုသို့စိစစ်မှုများ သေချာ မပြုလုပ်ပါက ဘွဲ့အတု၊ ဒေါက် တာအတုများပြားလာပြီး နိုင်ငံတ ကာအဆင့်မီပညာရေးကို မျှော် လင့်နေသော မိဘနှင့်ကျောင်း သားများ၊ နိုင်ငံတော်အတွက် များစွာနစ်နာရကြောင်း ၎င်းက ထောက်ပြပြောကြားသည်။
=======================
251 / End
MIC ကို ဖျက်သိမ်းရန်အပါအ၀င် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဆောင်ရွက်ချက်များကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် မေးမြန်း
၈ ဖေဖော်ဝါရီ ၂၀၁၉ - ၁၃:၃၄
News ID: 928209
ယမန်နေ့ကကျင်းပသော အမျိုးသားလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူးဇ၀နက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ဥပဒေနှင့်အညီဆောင်ရွက်နေမှုများကို မေးမြန်းပြီး ဒီချုပ်အမတ်အများစုရှိသော ဒုတိယအကြိမ်လွှတ်တော်သက်တမ်း၌ တပ်မတော်သားကိုယ်စားလှယ်၏ ပထမဆုံးမေးခွန်းလည်းဖြစ်ခဲ့သည်။