အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးဆိုင်ရာ အ ခြေခံမူအဖြစ်တောင်းဆိုရာတွင် ခွဲထွက်ခွင့်မပါသော ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်ကိုသာ တောင်းဆိုခြင်း ဖြစ်ကြောင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ချင်းအမျိုးသားတစ်ဦး (CNF) ဒု ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ကပြောကြားသည်။
တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES) ကထုတ်ဝေသည့် ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာ အဆိုပြုလမ်း ညွှန်အခြေခံမူများကို သုံးသပ်တင် ပြခြင်း သုတေသနစာတမ်းမိတ် ဆက်ပွဲကို ယမန်နေ့က ရန်ကုန် မြို့၌ ပြုလုပ်ရာ CDES တာဝန်ရှိ သူတစ်ဦးလည်းဖြစ်သည့် ဒေါက် တာဆလိုင်းလျန်မှုန်းကထိုသို့ရှင်း ပြခြင်းဖြစ်သည်။
ခွဲထွက်ခွင့်သည် တိုင်းရင်း သားအခွင့်အရေးကို ကာကွယ် ခြင်းမဟုတ်ဘဲ တိုင်းရင်းသားအ ခွင့်အရေးကို ပိတ်ပင်ရာတွင်အ သုံးပြုသည့် ကိရိယာဖြစ်လာ၍ ၂၀၀၅ က ပြုလုပ်ခဲ့သည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒီမိုကရေစီ အင်အားစုများနှင့် ကျောင်းသားလူငယ်အဖွဲ့များ၏ ညီလာခံတွင် သဘောတူခဲ့သော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးဆိုင်ရာအခြေခံမူ ရှစ် ချက်တွင် ခွဲထွက်ခွင့်ကို တောင်း ဆိုခြင်းမရှိဘဲချန်လှပ်ခဲ့ကြောင်း၊ NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် လည်း ယင်းအခြေခံမူရှစ်ချက်ကို ပင်ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံသို့ တင်သွင်းအဆိုပြုခဲ့ ကြောင်း ၎င်းကဆိုသည်။
‘‘အခုအချိန်မှာတော့ ကျွန် တော်တို့ငြိမ်းချမ်းရေးဖြစ်စဉ်က လည်း တစ်ဆို့နေတယ်။ အခက် အခဲရှိတဲ့အပေါ်မှာ ဒါတွေဟာ ပြည်သူလူထုထံကို တင်ပြတာ ကောင်းတယ်လို့မြင်တဲ့အပေါ်မှာ ဒီစာတမ်းကို ထုတ်ဝေရခြင်းဖြစ် ပါတယ်’’ ဟု ဒေါက်တာဆလိုင်း လျန်မှုန်းကပြောသည်။
အဆိုပါ သုတေသနစာတမ်း မိတ်ဆက်ပွဲ အခမ်းအနားတွင် ဒေါက်တာ ဆလိုင်းလျန်မှုန်း၊ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ၀င်း၊ ယခင်အစိုးရလက်ထက်က တည်းက ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ပါဝင်ခဲ့သူ ဦးအောင်နိုင် ဦး၊ စာရေးဆရာနောင်ကျော်တို့က ငြိမ်းချမ်းရေးဆိုင်ရာနှင့် ပတ် သက်ပြီး ၎င်းတို့အမြင်သဘော ထားများကို ဆွေးနွေးခဲ့သည်။
ဖက်ဒရယ်ပြည်ထောင်စု နှင့် ငြိမ်းချမ်းရေးကို လူ့အသက်၊ လူ့မျက်ရည်များဖြင့် မတည် ဆောက်သင့်တော့ဟု KNU ဒုဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက ဆွေးနွေးသည်။
‘‘ဖယ်ဒရယ်ဆိုတဲ့စကားလုံး ကို ရဖို့အတွက် ကျွန်တော်တို့နှစ် ပေါင်းဘယ်လောက်ကြာလဲ၊ လူ့ အသက်ဘယ်လောက်သေရလဲ။ ဒါ ကြောင့် မို့ကျွန်တော်က ဖြစ်စေ ချင်တာကကျွန်တော်တို့ သွားနေ တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု၊ ငြိမ်းချမ်းရေးသွားလို့ရှိ ရင်လူ့အသွေးနဲ့၊ လူ့အသက်နဲ့၊ လူ့ခန္ဓာကိုယ်နဲ့၊ လူမျက်ရည်တွေနဲ့ မတည်ဆောက်သင့်ဘူး။ ငြိမ်း ချမ်းတဲ့နည်းနဲ့ပဲတည်ဆောက်ရ မယ်။ ငြိမ်းချမ်းတဲ့နည်းဆိုတာက လည်း တွေ့ဆုံဆွေးနွေးရေးနည်း လမ်းပဲဖြစ်တယ်’’ ဟု ပဒိုစော ကွယ်ထူးဝင်းကပြောကြားသည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၂၀ကျော်အပြင် ပြည် သူ့စစ်အဖွဲ့များ၊ နယ်ခြားစောင့် တပ်ဖွဲ့များနှင့် အခြားငြိမ်းချမ်း ရေးအဖွဲ့များရှိနေသော မြန်မာ နိုင်ငံတွင် နိုင်ငံရေးပြဿနာအ ဖြေမရှာနိုင်ပါကများစွာအန္တရာယ် ရှိသည်ဟုလည်း ၎င်းကဆွေးနွေး ခဲ့သည်။
ဦးအောင်နိုင်ဦးကလည်း လက်ရှိအခြေအနေသည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထုတ် ပြန်ကြေညာချက်များကို ကြည့် ခြင်းအားဖြင့် တိုက်ရိုက်ဆက်ဆံ ပြောဆိုရန် အခက်အခဲရှိသည့် အနေအထားသို့ ရောက်နေသည့် သဘောဖြစ်ကြောင်းပြောကြား သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအစိုးရ၊ တပ်မ တော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများအကြား အ လွတ်သဘော ဆွေးနွေးမှုများ လုပ်ဆောင်အဖြေရှာသင့်သည် ဟုလည်း ၎င်းကအကြံပြုသည်။
=======================
251 / End
ခွဲထွက်ခွင့်မပါသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သာ တိုင်းရင်းသားများလိုလားကြောင်း ရှင်းလင်း ဖက်ဒရယ်ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးကို
၉ ဖေဖော်ဝါရီ ၂၀၁၉ - ၁၄:၂၉
News ID: 928345
ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးဆိုင်ရာ အ ခြေခံမူအဖြစ်တောင်းဆိုရာတွင် ခွဲထွက်ခွင့်မပါသော ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်ကိုသာ တောင်းဆိုခြင်း ဖြစ်ကြောင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ချင်းအမျိုးသားတစ်ဦး (CNF) ဒု ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ကပြောကြားသည်။