အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့်ကားများကို လာမည့်နှစ်များတွင် အထူးအခွင့်အရေးနှင့် ရန်ကုန်လိုင်စင်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြော သည်။
မြန်မာနိုင်ငံတွင် မော်တော် ယာဉ် တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းတိုးတက်လာစေရန် ရည် ရွယ်စီစဉ်ခြင်းဖြစ်သည်ဟု ကိုရီး ယားအမှတ်တံဆိပ် Hyundai ကားအမျိုးအစားထုတ်လုပ်မည့် Shwe Daehan မော်တော်ကား စက်ရုံဖွင့်ပွဲ၌ ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အထူးအခွင့်အရေးပေးမည့် အစီအစဉ်ကို မကြာမီထုတ်ပြန်ရန် ရှိပြီး ပြည်ထောင်စုအစိုးရနှင့် ညှိ နှိုင်းနေကြောင်း ပြောကြားသော် လည်း အထူးအခွင့်အရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီး ချုပ်က သေချာမရှင်းပြပေ။
အိမ်စီးကားများ အပြင် ဘတ်စ်ကား၊ ကုန်တင်ယာဉ်များ အပါအ၀င် ဟွန်ဒိုင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး အလုံးစုံ မော်တော်ယာဉ်ထုတ် လုပ်မှုဆောင်ရွက်နိုင်မည့် အခြေ အနေကို မျှော်လင့်ကြောင်း ၀န် ကြီးချုပ်ကပြောသည်။
ဟွန်ဒိုင်း (Accent) ကားအ မျိုးအစားတပ်ဆင်ထုတ်လုပ်မည့် Shwe Daehan ကားအပါအ၀င်တပ်ဆင်ထုတ်လုပ်မည့် ကုမ္ပဏီ ၁၀ ခုက မြန်မာနိုင်ငံတွင်လုပ်ငန်းစတင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ကားတပ်ဆင်ထုတ်လုပ်ရန် ခွင့်ပြုချက်ရယူထားသည့် ကုမ္ပဏီ ခုနစ်ခုရှိသည်။
လက်ရှိမြန်မာနိုင်ငံ၏ ပြည် တွင်းကားဈေးကွက်သည် ကား အသစ်များနှင့်အဟောင်းများ အကြား ဈေးကွက်ပုံစံနှစ်မျိုးရှိလာကြောင်း ကားအရောင်းပြခန်း ပိုင်ရှင်အချို့ကပြောသည်။
အဟောင်း ရောင်းချသည့် အရောင်းစင်တာများက အသစ်များရောင်းချနိုင်ရန် ပြောင်းလဲပြင်ဆင်မှုများ ဆောင်ရွက်နေရသည်ဟု ၎င်းတို့ကဆိုသည်။
‘‘ဈေးကွက်ထဲမှာ ကားအ သစ်ကို တောင်းဆိုမှုက တိုးလာ တယ်’’ ဟု မြန်မာနိုင်ငံမော်တော် ယာဉ်တင် သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။
အစိုးရ၏ ဘယ်မောင်းမူဝါဒနှင့် မော်ဒယ်သတ်မှတ်ချက် များအပြင် ကားအသစ်ဈေးနှုန်း များက ဈေးကွက်ပုံစံပြောင်းလဲ စေသည်ဟု အရောင်းပြခန်းပိုင်ရှင်အချို့က ပြောသည်။
‘‘ဒီနှစ်ထဲမှာတော့ ကား ဟောင်းဈေးကွက်က ဆက်ရှင်သန်နေဦးမှာပဲ’’ ဟု Perfect Autoကားအရောင်းပြခန်းပိုင်ရှင် ဒေါက်တာပြည့်စုံကပြောသည်။
လက်ရှိ ကားဟောင်းဈေး ကွက်တွင် ကျပ်သိန်း ၁၃၀ ခန့်မှ သိန်း ၃၀၀ ခန့်အကြားဈေး ရှိသော ကားအမျိုးအစားအချို့ ဈေးကွက်တွင် အရောင်းအ၀ယ်ရှိသည်ဟု ၎င်းကပြောသည်။ ကျပ်သိန်း ၅၀၀ ကျော်မည်ဆိုပါကကားအသစ်များကိုသာ ဈေးကွက်တောင်းဆိုမှုပိုများသည်ဟု ဆိုသည်။
=======================
251 / End
၉ ဖေဖော်ဝါရီ ၂၀၁၉ - ၁၅:၀၂
News ID: 928353
ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့်ကားများကို လာမည့်နှစ်များတွင် အထူးအခွင့်အရေးနှင့် ရန်ကုန်လိုင်စင်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြော သည်။