၁၁ ဖေဖော်ဝါရီ ၂၀၁၉ - ၁၅:၄၉
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ဖြေရှင်းရေး အစိုးရ၏ ကတိက၀တ်များ ခိုင်မာစွာ အကောင်အထည်ဖော်ရန် ကုလအထူးကိုယ်

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ဖြေရှင်းရေးနှင့် ပတ်သက်၍ အစိုးရ၏ ကတိက၀တ်များ ခိုင်မာစွာ အကောင်အထည်ဖော်ရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စစ်ပရာမီလာပက်တန်က တိုက်တွန်းသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ဖြေရှင်းရေးနှင့် ပတ်သက်၍ အစိုးရ၏ ကတိက၀တ်များ ခိုင်မာစွာ အကောင်အထည်ဖော်ရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စစ်ပရာမီလာပက်တန်က တိုက်တွန်းသည်။

အထူးကိုယ်စားလှယ်သည်  ဖေဖော်ဝါရီ ၅ မှ ၈ ရက်အထိ လာရောက်သည့် မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ ယမန်နေ့တွင် သတင်းထုတ်ပြန်ရာ ယင်းသို့ ထည့်သွင်းတိုက်တွန်းခြင်း ဖြစ် သည်။

မြန်မာအစိုးရသည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်တုံ့ပြန် ရေး (CRSV)ဆိုင်ရာ ပူးတွဲကြေညာချက်ကို ၂၀၁၈ ဒီဇင်ဘာတွင်ပါဝင် လက်မှတ်ရေးထိုးခြင်းဖြင့်ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်လိုမှုကို ထင်ရှားစွာပြသခြင်း ဖြစ်သော်လည်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေ၍ ယင်းအကြမ်း ဖက်မှုများကို တားဆီးကာကွယ် ရေး သက်ဆိုင် ရာအဖွဲ့အားလုံးက ကြိုးပမ်းဆောင်ရွက်ရန် ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။

အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်နှင့် နေပြည်တော်သို့ သွားရောက်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီး၊ ပြည်ထဲရေးဒုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ထို့အပြင် အမျိုးသမီးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ သံတမန်များနှင့် တွေ့ဆုံခဲ့သည်။

မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန်နှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို သီးခြားကိုင်တွယ်ဖြေရှင်းရန် အထူးကိုယ်စားလှယ်ရုံးနှင့် ကုလသမဂ္ဂက ကူညီပံ့ပိုးမည်ဖြစ်ကြောင်း အထူးကိုယ်စားလှယ်က ကမ်းလှမ်းခဲ့သည်။

ယင်းနောက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု  ကာကွယ်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အပြည့်အ၀ ကိုက်ညီမှုရှိစေရေးနှင့် အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင် ရေး အစိုးရကို တိုက်တွန်းခဲ့ကြောင်း မစ္စစ်ပရာမီလာပက် တန်က ပြောသည်။

=======================
251 / End