အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုကြီး မပြိုကွဲစေရန် ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများ လက်တွဲမဖြုတ်စတမ်း စည်းလုံးညီ ညွတ်မှု အင်အားဖြင့်သာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သ၀ဏ်လွှာပေးပို့ သည်။
ယမန်နေ့ (၇၂) နှစ်မြောက်ပြည်ထောင်စုအခမ်းအနားသို့ ပေးပို့သော သမ္မတ၏ သ၀ဏ်လွှာ၌ ယင်းသို့ထည့်သွင်း ဖော်ပြပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှု စွမ်းအားဖြင့်ရရှိခဲ့ သော လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာထာဝစဉ် တည်တံ့ခိုင်မြဲစေရန် အထက်ပါနည်း လမ်းဖြင့် ဆောင်ရွက်ရမည်ဟု သမ္မတဦးဝင်းမြင့်က ဆိုသည်။
ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံသည် တိုင်းရင်းသား ပြည်သူများ နှစ်ပေါင်း ၇၀ ကျော် မျှော်လင့်တောင့်တခဲ့ရသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အိပ်မက်ကို လက်တွေ့ကျကျ တည်ဆောက်ပုံဖော်နိုင်ရန် ကြိုးပမ်းနေကြောင်း သမ္မတ၏ သ၀ဏ်လွှာ၌ ဖော်ပြသည်။
ပြည်ထောင်စု တစ်ဝန်းလုံး ငြိမ်းချမ်းမည်ဆိုပါက အချိန်တိုအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလာပြီး တိုင်းရင်းသား ပြည်သူများ၏ အိပ်မက်များ အထင်အရှား မြင်တွေ့လာမည်ဟုလည်း အခိုင်အမာယုံကြည်ထား သည်ဟု သမ္မတက ဆက်လက် ဖော်ပြသည်။
ယင်းနောက် တိုင်းရင်းသားပြည်သူများ အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရယူနိုင်ပြီးနောက် မိမိတို့၏ ပြည်နယ်နှင့် တိုင်းဒေသကြီး များကို အနာဂတ်တွင် မည်သို့ဖွံ့ ဖြိုးတိုးတက်လာမည်၊ မည်သို့ မြင်တွေ့လို သည်ကိုလည်း အလေးအ နက် သုံးသပ်စဉ်းစားကြစေလို ကြောင်း သမ္မတ၏သ၀ဏ်လွှာ၌ ထည့်သွင်းတိုက်တွန်းသည်။
=======================
251 / End
ပြည်ထောင်စု မပြိုကွဲစေရန် တိုင်းရင်းသားပြည်သူ လက်တွဲမဖြုတ်စတမ်း စည်းလုံးမှသာ ထိန်းသိမ်းနိုင်မည်ဟု သမ္မတသ၀ဏ်လွှာ ပေးပို့
၁၂ ဖေဖော်ဝါရီ ၂၀၁၉ - ၁၉:၂၀
News ID: 928830
ပြည်ထောင်စုကြီး မပြိုကွဲစေရန် ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများ လက်တွဲမဖြုတ်စတမ်း စည်းလုံးညီ ညွတ်မှု အင်အားဖြင့်သာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သ၀ဏ်လွှာပေးပို့ သည်။