၁၄ ဖေဖော်ဝါရီ ၂၀၁၉ - ၁၈:၅၀
ထွေအုပ်က ပြည်သူအတွက် အပြောင်းအလဲများ ဖန်တီးပေးရန်ပြင်ဆင်နေဟု ပြည်ထောင်စုဝန်ကြီးပြော

ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနလက်အောက် သို့ ရောက်ရှိလာသည့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ၂၀၁၉ကစ၍ အသွင်သစ်၊ အမြင် သစ်၊ မျှော်မှန်းချက်အသစ်များ ဖြင့်ပြည်သူများအတွက် အ ပြောင်းအလဲများ ဖန်တီးပေး ရန်ပြင်ဆင်နေပြီဟု သတင်းစ ကားပါးလိုကြောင်း ပြည်ထောင် စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန် ကြီးဦးမင်းသူကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနလက်အောက် သို့ ရောက်ရှိလာသည့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ၂၀၁၉ကစ၍ အသွင်သစ်၊ အမြင် သစ်၊ မျှော်မှန်းချက်အသစ်များ ဖြင့်ပြည်သူများအတွက် အ ပြောင်းအလဲများ ဖန်တီးပေး ရန်ပြင်ဆင်နေပြီဟု သတင်းစ ကားပါးလိုကြောင်း ပြည်ထောင် စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန် ကြီးဦးမင်းသူကပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်း သူသည် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်  ၏ တနင်္သာရီတိုင်းခရီးစဉ်အတွင်း  လိုက်ပါပြီး ဖေဖော်ဝါရီ ၁၃ ရက် ကမြိတ်မြို့တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ၀န်ထမ်း များနှင့် သီးသန့်တွေ့ဆုံစဉ် ယင်း သို့ ပြောကြားခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ဖော်ပြခဲ့သည်။

ယနေ့နိုင်ငံတွင် ထွေအုပ်ဆို ပါက လူများ၏အမြင်နှင့် ဝေဖန်  မှုများမည်သို့ရှိသည်မှာ အားလုံး အသိဖြစ်ကြောင်းနှင့် ထိုအရာ များကို စိတ်ပျက်အားလျော့စရာ မလိုကြောင်း ဦးမင်းသူကပြော သည်။

အထွေထွေအုပ်ချုပ်ရေး ဦး စီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန မှ ရွှေ့ပြောင်းပြီးနောက် အုပ်ချုပ် ရေးယန္တရား တည်ငြိမ်ရေးကာ လအဖြစ် ၂၀၁၉ ပထမသုံးလတာ ကိုရည်မှန်း ဆောင်ရွက်နေ ကြောင်း ၀န်ကြီးကဆိုသည်။ ထို့ အပြင် လာမည့်သုံးလအတွင်းကို လည်းအရှိန်အဟုန်မြှင့် ဆောင် ရွက်နိုင်ရန် ကြိုးစားရမည်ဖြစ် ကြောင်း  ၀န်ကြီးကပြောကြားသည်။

အထွေထွေအုပ်ချုပ်ရေးဝန် ထမ်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ များကို နေပြည်တော်တွင်ယခုလ အတွင်း ကျင်းပရန်စီစဉ်ထား ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

ဆွေးနွေးပွဲတွင် ပညာရှင် များ၏ အုပ်ချုပ်ရေးဆိုင်ရာပြု ပြင်ပြောင်းလဲမှုများ၊ သင်ခန်းစာ  များ၊ နမူနာယူစရာများကို အခြေ ခံ၍ ‘ဘာတွေကို ပြုပြင်ကြမလဲ၊ ဘာတွေကို ပြုပြင်သင့်သလဲ’စသည့် အကြောင်းအရာများ ဆွေးနွေးမည်ဖြစ်ကြောင်း ၀န် ကြီးကဆိုသည်။

ထို့အပြင်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိတ်ကြိုက်မြို့ တစ်မြို့စီရွေးချယ်ပြီး ပြည်နယ် တစ်ခု၊မြို့နယ်တစ်ခုစီမံချက်ကို စတင် အကောင်အထည်ဖော် လုပ်ဆောင်မည်ဟု ၎င်းကပြော သည်။

ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ဒီဇင် ဘာ ၂၈ ရက်ကစ၍ ပြည်ထောင် စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက် အောက်သို့ လွှဲပြောင်းဖွဲ့စည်း တာဝန်ထမ်းဆောင်စေခဲ့သည်။

=======================
251 / End