၁၇ ဖေဖော်ဝါရီ ၂၀၁၉ - ၁၈:၄၁
ရန်ကုန်မြို့သစ်အတွက်လိုအပ်မယ့် လျှပ်စစ်ကို တခြားတိုင်းတွေက ဝယ်မယ်

ရန်ကုန်မြို့သစ်အတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတွေက ၀ယ်ယူသုံးစွဲမယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်မြို့သစ်အတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတွေက ၀ယ်ယူသုံးစွဲမယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ဒီလို ၀ယ်ယူရာမှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀ ကို ၀ယ်ယူမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့သစ်စီမံကိန်း အပြီးသတ် Master Plan ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် တနင်္သာရီတိုင်း ကံပေါက်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် တစ်ထောင်ခန့် ထုတ်လုပ်မှာ ဖြစ်ပြီး ဒီထဲကမှ ရန်ကုန်မြို့သစ်အတွက် မဂ္ဂါဝပ် ငါးရာနဲ့ တနင်္သာရီတိုင်းအတွက် မဂ္ဂါဝပ် ငါးရာ အသုံးပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ရန်ကုန်မြို့သစ်အတွက် အသုံးပြုဖို့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀ ခန့်ရှိလာမှာဖြစ်ပြီး ဒါဟာ နောက်သုံးနှစ်ခန့်မှာ ပေါ်ပေါက်လာမယ့် မြို့သစ်အတွက် ရေရှည် ကြိုတင်ပြင်ဆင်မှု ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် သုံးထောင်ခန့် သုံးစွဲနေတာဖြစ်ပြီး ဒီထဲကမှ မဂ္ဂါဝပ် ၁၅၀၀ ကို ရန်ကုန်တိုင်းက သုံးစွဲနေရတာဖြစ်ပါတယ်။

=======================
251 / End