၁၈ ဖေဖော်ဝါရီ ၂၀၁၉ - ၁၇:၁၂
ကချင်စစ်ရှောင်စခန်းများ လေပြင်းအန္တရာယ် စိုးရိမ်ရဟု ကူညီရေးအဖွဲ့တာဝန်ရှိသူပြော

တပ်မတော်နှင့်ကချင် လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကချင်ဒေသခံများ နေထိုင်ရာ စစ်ဘေးရှောင်စခန်းများရှိ နေအိမ်များသည် ခုနစ်နှစ်ကျော် သက်တမ်းရှိပြီဖြစ်သဖြင့် လေပြင်းတိုက်ခတ်သည့် ရာသီရောက်တော့မည်ဖြစ်၍ နေအိမ် များ ပျက်စီးမည့်အန္တရာယ် ရင်ဆိုင်နေရကြောင်း စစ်ရှောင်ကူ ညီရေးအဖွဲ့ ဝိန်ပေါင်နိန်းထွယ် (WPN) တာဝန်ခံ ဒေါ်မေရီတောမ် က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 တပ်မတော်နှင့်ကချင် လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကချင်ဒေသခံများ နေထိုင်ရာ စစ်ဘေးရှောင်စခန်းများရှိ နေအိမ်များသည် ခုနစ်နှစ်ကျော် သက်တမ်းရှိပြီဖြစ်သဖြင့် လေပြင်းတိုက်ခတ်သည့် ရာသီရောက်တော့မည်ဖြစ်၍ နေအိမ် များ ပျက်စီးမည့်အန္တရာယ် ရင်ဆိုင်နေရကြောင်း စစ်ရှောင်ကူ ညီရေးအဖွဲ့ ဝိန်ပေါင်နိန်းထွယ် (WPN) တာဝန်ခံ ဒေါ်မေရီတောမ် က ပြောသည်။

ဖေဖော်ဝါရီ ၁၆ ရက် ညက မြန်မာ-တရုတ်နယ်စပ် မိုင်ဂျာ ယန်ဒေသတွင် မိုးသက်လေပြင်း တိုက်ခတ်ခဲ့၍ ယင်းဒေသရှိပါက ထောင့်စစ်ရှောင်စခန်းမှ အိမ်ခြေ ၁၀၀ ခေါင်မိုးပွင့်ခဲ့ပြီး ဝတ်ပြုရာအဆောက်အအုံများနှင့် အိမ်သာ များ ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် အင်ခေါင်းပါ စစ်ရှောင်စခန်းနှင့် လွယ်ဂျယ်ဘက်ရှိ စစ်ရှောင်စခန်း ၌ ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည် ဟု ၎င်းကဆိုသည်။

‘‘ကျွန်မတို့ မြန်မာနိုင်ငံ ရာ သီဥတုက ဆောင်းအကုန် နွေအ ကူး လေရူးတိုက်တဲ့အချိန်တောင် မရောက်သေးဘူး၊ အခုတောင် ရာသီဥတုဖောက်ပြန်ပြီး ဒီလိုဖြစ် နေတယ်။ ကျွန်မတို့က အတွေ့ အကြုံရှိတယ်၊ ခုနစ်နှစ်ကျော်မှာ။ လေတိုက်လို့ စခန်းတစ်ခုလုံး ဖြစ် တယ်ဆိုတာမျိုးက၊ အခုကျွန်မတို့ စိုးရိမ်တာက မတ်၊ ဧပြီ၊ မေ သုံး လက အရမ်းကြောက်ရတဲ့အချိန်၊ လက်ရှိ IDP စခန်းတွေ အားလုံး က ခုနစ်နှစ်ကျော်သွားပြီဖြစ်တဲ့အ တွက် ဘယ်လိုမှ အခုလာမယ့်လေ ရူးတွေ ဒဏ်ခံနိုင်မယ့် အနေအ ထားမရှိဘူး’’ဟု ဒေါ်မေရီတောမ် က ပြောသည်။

မိုင်ဂျာယန်ဒေသ၌ မိုးသက် လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့ သည့် စစ်ရှောင်စခန်းများရှိ နေ အိမ်အများစုသည်ဝါး၊ သုံးထပ် သားနှင့် သွပ်အသုံးပြုထား ကြောင်း၊ လတ်တလောတွင် ဝါး ခုတ်ပြီး ပြင်ဆင်နေကြောင်း၊ ဆိုး ရွားစွာပျက်စီးသည့် အိမ်များကို ဦးစားပေးပြင်ဆင်ရန် ဆောင်ရွက် နေကြောင်း၊ နေအိမ်အားလုံး ကောင်းမွန်စွာ ပြင်ဆင်နိုင်ရေး ရန်ပုံငွေအခက်အခဲရှိကြောင်း ကူ ညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

KIO ထိန်းချုပ်နယ်မြေ မိုင် ဂျာယန်ဒေသတွင် စစ်ရှောင်စခန်း ခြောက်ခုရှိပြီး လူတစ်သောင်း ကျော်ရှိသည်။ တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်ပွားစဉ် ဗန်းမော်၊ မိုးမောက်မြို့နယ်ရှိ ကျေးရွာကိုး ဆယ်ကျော်မှ ဒေသခံများ တိမ်း ရှောင်နေသည်။

 တပ်မတော်နှင့် KIA တို့ တိုက်ပွဲများကြောင့် အစိုးရ ထိန်း ချုပ်နယ်မြေနှင့် KIO/KIA ထိန်း ချုပ်နယ်မြေများရှိ စစ်ရှောင်စခန်း များတွင် နေထိုင်သူ တစ်သိန်း ကျော် ရှိနေသည်။ ၎င်းတို့နေရပ် ပြန်ရေး အစိုးရ၊ တပ်မတော်နှင့် ကချင်ဘာသာရေး ခေါင်းဆောင် များ၊ ကူညီရေးအဖွဲ့များ ဆွေးနွေး နေသည်။

=======================
251 / End