၂၁ ဖေဖော်ဝါရီ ၂၀၁၉ - ၁၉:၅၉
ဖိလစ်ပိုင်စစ်ဦးစီးချုပ်နှင့်တွေ့ဆုံစဉ် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် တပ်မတော်၏ အခန်းကဏ္ဍရှင်းပြ

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မ တီ (JMC-U) အဖွဲ့ဝင်များနှင့် ဖိလစ်ပိုင်စစ်ဦးစီးချုပ် General Benjamin R. Madrigal Jr တို့ တွေ့ဆုံစဉ် ငြိမ်းချမ်းရေးတည် ဆောက်မှုဖြစ်စဉ်အတွင်းဖိလစ် ပိုင်တပ်မတော်၏ အခန်းကဏ္ဍ ကို စစ်ဦးစီးချုပ်က မြန်မာကိုယ် စားလှယ်အဖွဲ့အားရှင်းပြသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မ တီ (JMC-U) အဖွဲ့ဝင်များနှင့် ဖိလစ်ပိုင်စစ်ဦးစီးချုပ် General Benjamin R. Madrigal Jr တို့ တွေ့ဆုံစဉ် ငြိမ်းချမ်းရေးတည် ဆောက်မှုဖြစ်စဉ်အတွင်းဖိလစ် ပိုင်တပ်မတော်၏ အခန်းကဏ္ဍ ကို စစ်ဦးစီးချုပ်က မြန်မာကိုယ် စားလှယ်အဖွဲ့အားရှင်းပြသည်။

ဖိလစ်ပိုင်အစိုးရနှင့် မော်ရို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့ အကြား ငြိမ်းချမ်းရေးတည် ဆောက်မှုဖြစ်စဉ်ကို လေ့လာရန် တပ်မတော်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့နှင့် အရပ်သား ကိုယ်စားလှယ်များပါဝင်သော JMC-U ကိုယ်စားလှယ်များသည် ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိနေရာ ဖေဖော်ဝါရီ ၁၈ ရက်တွင်ဖိလစ် ပိုင်စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ ကြောင်း JMC ကသတင်းထုတ် ပြန်သည်။

ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖြစ် စဉ်တွင် အတုယူစရာကောင်း သည်မှာ ဖိလစ်ပိုင်တပ်မတော်က အစိုးရ၏ ဆုံးဖြတ်ချက်အောက် တွင်လိုက်နာဆောင်ရွက်မှု၊ အ ပစ်အခတ်ရပ်စဲရေးဆိုင်ရာ သ ဘောတူညီမှုများ စောင့်ထိန်းခြင်း နှင့်ချိုးဖောက်မှုများကို ပူးတွဲစိစစ် အတည်ပြုရေးအဖွဲ့များ စေလွှတ် ကာ ယင်းချိုးဖောက်မှုများကို အ ရေးယူခြင်းတို့ဖြစ်သည်ဟု အဆို ပါခရီးစဉ်တွင် လိုက်ပါသွားသည့်  JMC-U အဖွဲ့ဝင်ဆလိုင်းယော အောင်ကပြောသည်။

‘‘သူတို့ရဲ့ ဆောင်ပုဒ်က စစ် ပွဲများဖြင့် အနိုင်ယူခြင်းကိုရှောင် ရှားပြီး ငြိမ်းချမ်းရေးဖြင့်အနိုင်ယူ ခြင်းဖြစ်ပါတယ်။ နှစ်ဖက်စလုံးက  ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန် ချထားတယ်။ အဆင့်တိုင်းမှာအ ပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေရှိတယ်။ လူထု ကလည်းထောက်ခံမှုရှိတယ်’’ ဟု  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် လည်းဖြစ်သူ ဆလိုင်းယော အောင်ကပြောသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ ကို JMC-U ဒုတိယဥက္ကဋ္ဌ (၂) သူ ရဦးဘိုနီက ဦးဆောင်၍ ဖေဖော် ၀ါရီ ၂၂ ရက်အထိခြောက်ရက် ကြာလေ့လာရေးခရီးသွားရောက် ခြင်းဖြစ်သည်။

=======================
251 / End