အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တိုက် ပွဲများကြောင့် ၂၀၁၁ ဇွန်လက တည်းကစစ်ဘေးတိမ်းရှောင်ခဲ့ရ သည့် ၀ိုင်းမော်မြို့နယ် နန်ဆန် ယန်ရွာမှ ဒေသခံများနေရပ်ပြန် လည်အခြေချနိုင်ရန် မိုင်းရှင်း လင်းရေးနှင့် သန့်ရှင်းရေး လုပ် ငန်းများ ဆောင်ရွက်နေကြောင်း တပ်မတော်က ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အိမ်ထောင်စု ၂၉ စု၊ လူ ၁၀၆ ဦးတို့က ၎င်းတို့၏ နေ အိမ်များတွင်ပြန်လည်နေထိုင်လို ကြောင်းသိရ၍ နေအိမ်များနှင့် အနီးဝန်းကျင်တစ်ဝိုက်အန္တရာယ်ကင်းရှင်းစွာပြန်လည်နေထိုင်နိုင် ရေးတပ်မတော်သားများက ရေ တွင်းရေကန်များတွင် သန့်ရှင်း သောသောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ စာသင် ကျောင်း၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများနှင့် အနီးဝန်း ကျင်တစ်ဝိုက် မိုင်းရှင်းလင်းခြင်း နှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၀ ရက်က စတင် ဆောင်ရွက်နေကြောင်း ဖော်ပြ သည်။
ယခင်က မြစ်ကြီးနားနှင့် ၀ိုင်းမော်ရှိ စစ်ရှောင်စခန်းများ၌ ရောက်ရှိနေသော နန်ဆန်ယန် ရွာမှအိမ်ထောင်စု ၁၇ စု လူ ၁၀၅ ဦးသည် ဇန်န၀ါရီ ၃၀ ရက်တွင် ကျေးရွာသို့ပြန်လည်နေထိုင်ခဲ့ရာ ထိုစဉ်က တပ်မတော်က မိုင်းရှင်း လင်းရေးနှင့် ကူညီရေးဆောင် ရွက်ခဲ့သည်။
စစ်ရှောင်များနေရပ်ပြန်နိုင် ရေးဆောင်ရွက်ရာတွင် စနစ်တ ကျဆွေးနွေးညှိနှိုင်းပြင်ဆင်ပြီးမှ ဆောင်ရွက်သင့်ကြောင်း၊ပဋိပက္ခ ဖြစ်ပွားနေသည့် တပ်မတော်နှင့် KIO/KIA အကြားသဘောတူညီ ချက်တစ်စုံတစ်ရာရရှိရန်လိုအပ် ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူများကပြောသည်။
နန်ဆန်ယန်သို့ စစ်ရှောင် များပြန်သည့် ပုံစံသည်ပြန်လည် နေရာချထားရေး စနစ်တကျ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲစစ် ရှောင်စခန်းကို တစ်နေရာမှတစ် နေရာသို့ပြောင်းသည့် ပုံစံဖြစ်နေ သည်ဟု ငြိမ်းချမ်းရေးဆွေးနွေး ရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်ကပြောသည်။
လက်ရှိတွင် အစိုးရ၊ တပ် မတော်နှင့် ကချင်ဘာသာရေး ခေါင်းဆောင်များတွေ့ဆုံပြီး စစ် ရှောင်များနေရပ်သို့စနစ်တကျ ဖြင့်သိက္ခာရှိစွာ ပြန်နိုင်ရေးဆွေး နွေးညှိနှိုင်းနေသည်။ အလားတူ ကချင်ဘာသာရေးခေါင်းဆောင် များသည် KIO ဌာနချုပ်လိုင်ဇာ သို့သွားရောက်၍ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးညှိနှိုင်းခဲ့သည်။
=======================
251 / End
၂၃ ဖေဖော်ဝါရီ ၂၀၁၉ - ၁၇:၀၄
News ID: 930394
တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တိုက် ပွဲများကြောင့် ၂၀၁၁ ဇွန်လက တည်းကစစ်ဘေးတိမ်းရှောင်ခဲ့ရ သည့် ၀ိုင်းမော်မြို့နယ် နန်ဆန် ယန်ရွာမှ ဒေသခံများနေရပ်ပြန် လည်အခြေချနိုင်ရန် မိုင်းရှင်း လင်းရေးနှင့် သန့်ရှင်းရေး လုပ် ငန်းများ ဆောင်ရွက်နေကြောင်း တပ်မတော်က ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။