အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့၏တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ ပဋိပက္ခများ၊ တိုက်ပွဲများလျှော့ချနိုင်ရေး ပုံမှန်ဆက်သွယ်ရေး လမ်းကြောင်းက ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့သည်ဟု SSPP ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် SSPP ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်ဆိုင်ဦးဆောင်သော အဖွဲ့ တို့၏ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်ခဲ့ သည်။ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်က တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာပြီးနောက် ဖွဲ့စည်းခဲ့သည့် တပ်မတော် ညှိနှိုင်းရေးအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုအကြား ပထမဆုံး တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် တပ်မ တော် ကိုယ်စားလှယ်အဖွဲ့က တပ်မတော်၏ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကြေညာချက် အပေါ် အဓိကထားဆွေးနွေးခဲ့ပြီး SSPP ဘက်က တပ်မတော်ထုတ် ပြန်ချက်အပေါ် နားလည်မှုလွဲနေ သည့်ကိစ္စအချို့၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဖမ်း ဆီးခံထားရသည့် တပ်ဖွဲ့ဝင်များ ပြန်လွှတ်ပေးရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု SSPP ကဆိုသည်။
‘‘ဆွေးနွေးပွဲရလဒ်အနေနဲ့ ယုံကြည်မှုကို ပြန်လည်ပြီးတော့ တည်ဆောက်နိုင်ဖို့ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်နိုင်ဖို့ဆိုတာ ယန္တရားတစ်ခုအနေနဲ့ နည်းလမ်း ရှာသွားဖို့ပေါ့။ ကျွန်တော်တို့ဌာန ချုပ်က အဖွဲ့တွေနဲ့ တိုင်းစစ်ဌာန ချုပ်က အဖွဲ့တွေနဲ့ ပုံမှန်ဆက် ဆံသွားနိုင်တဲ့ လမ်းကြောင်းတစ်ခု ဘယ်လိုလုပ် ကြိုးစားမလဲဆိုတဲ့ အပိုင်းပေါ့’’ဟု ဗိုလ်မှူးစိုင်းဖုန်း ဟန်က ပြောသည်။
SSPP အဖွဲ့သည် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နှင့် အ ရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေများအတွင်း အဓိကလှုပ် ရှားနေသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ဖြစ်သည်။ ပုံမှန် ဆက်သွယ်မှုကို အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် SSPP အကြား တစ်လတစ်ကြိမ် ဆက်သွယ်နိုင်ရေး တပ်မတော် ဘက်က အဆိုပြုခဲ့ရာ SSPP က ၎င်းတို့ ဗဟိုကော်မတီအတွင်း ပြန်လည်ဆွေးနွေးမည်ဖြစ်သည်။
‘‘နားလည်မှုနဲ့ ယုံကြည်မှု တစ်စုံတစ်ရာရတဲ့အပြင် ကျွန် တော်တို့က အပြုသဘောဆောင် တဲ့ ဆွေးနွေးမှုလို့ မှတ်ချက်ချပါ တယ်။ အောင်မြင်တယ်လို့ ပြော ရမှာပေါ့’’ဟု ဗိုလ်မှူးစိုင်းဖုန်းဟန် က ပြောသည်။
လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ၌ တိုင်းရင်း သားအချင်းချင်း တိုက်ပွဲဖြစ်ပွား နေမှုသည် မဖြစ်သင့်၊ မဖြစ်ထိုက် ဟု တပ်မတော်ဘက်က ဆွေးနွေး ကြောင်း ၎င်းက ဆိုသည်။
‘‘ဒီဟာကို ကျွန်တော်တို့ ဘယ်လိုလျှော့ချကြမလဲ။ RCSS နဲ့တင်မကပါဘူး။ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ကိစ္စတွေအားလုံး လျှော့ ချနိုင်ဖို့ဆိုတာ တပ်ဘက်ကလည်း ပြောတယ်။ ကျွန်တော်တို့ဘက်က လည်း သဘောတူတာပေါ့။ တပ် နဲ့ ကျွန်တော်တို့နဲ့က လျှော့ချဖို့ နှစ်ဦးနှစ်ဖက်သဘောတူပါတယ်’’ ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြော သည်။
SSPP သည် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)နှင့် တရားဝင် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ထိုစဉ်က SSPP အနေဖြင့် NCA လမ်းကြောင်းကို လက်ခံ ကြောင်း၊ NCA တွင် အားလုံးပါဝင်ရေးအပါအဝင် လိုအပ်ချက်အချို့ ရှိနေသေးကြောင်း SSPP ဒုဥက္ကဋ္ဌ က ဆွေးနွေးခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် SSPP ပါဝင်နိုင်ရေး ထပ်မံ တွေ့ဆုံညှိနှိုင်းရန် စီစဉ်ခဲ့သည်။
SSPP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လက် မှတ်မထိုးရသေးသော်လည်း အ စိုးရနှင့် ပြည်နယ်အဆင့်၊ ပြည် ထောင်စုအဆင့် အပစ်ရပ် သဘောတူစာချုပ်များ ချုပ်ဆို ထားသည်။
=======================
251 / End
၂၇ ဖေဖော်ဝါရီ ၂၀၁၉ - ၁၇:၂၁
News ID: 930952
တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့၏တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ ပဋိပက္ခများ၊ တိုက်ပွဲများလျှော့ချနိုင်ရေး ပုံမှန်ဆက်သွယ်ရေး လမ်းကြောင်းက ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့သည်ဟု SSPP ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။